ခွေးသားစားတဲ့အကြောင်းပါနေတဲ့ သူ့အကြောင်းသီချင်းကို မသီဆိုကြတော့ရန် သရဲနီပရိသတ်များကို ပတ်ဂျီဆန် တောင်းဆိုလာ

မန်ယူအလယ်တန်းကစားသမားပတ်ဂျီဆန်ဟာကိုရီးယားလူမျိုးများကိုလူမျိုးရေးခွဲခြားတိုက်ခိုက်တဲ့အသုံးအနှုန်းပါဝင်နေတဲ့သူ့အကြောင်းသီချင်းကိုအနားပေးလိုက်ရန်မန်ယူပရိသတ်များကိုတောင်းဆိုမှုပြုလုပ်လာပါတယ်။

ပတ်ဂျီဆန်ဟာမန်ယူအသင်းတွင်၂၀၀၅ခုနှစ်မှ၂၀၁၂ခုနှစ်အထိကစားခဲ့စဉ်အတွင်းပရိသတ်များရဲ့ချစ်ခင်မှုရရှိခဲ့သူဖြစ်ပါတယ်။ပရိသတ်များဟာကိုရီးယားလူမျိုးများ ခွေးသားစားတဲ့အကြောင်းပါဝင်နေတဲ့သူ့အကြောင်းရေးစပ်ထားတဲ့သီချင်းကိုသီဆိုကာသူ့ကိုဂုဏ်ပြုလေ့ရှိကြပါတယ်။

ပတ်ဂျီဆန်မှာလွန်ခဲ့တဲ့ကိုးနှစ်ကတည်းကမန်ယူမှထွက်ခွာသွားခဲ့သော်လည်းမန်ယူပရိသတ်များဟာယခုတိုင်ယင်းသီချင်းကိုသီဆိုနေကြတုန်းဖြစ်ပါတယ်။

ယခုအခါကစားသမားဘဝမှအနားယူထားပြီးဖြစ်တဲ့ပတ်ဂျီဆန်က ယင်းသီချင်းတွင်ပါဝင်နေတဲ့စာသားမှာသူ့အပြင်ကိုရီးယားလူမျိုးကိုပါနာကျင်စေကြောင်းပြောကြားလာပါတယ်။

အသက်၄၀နှစ်ရှိပတ်ဂျီဆန်ဟာအထက်ပါသီချင်းကိုနောက်ဆုံးကြားခဲ့တာပြီးခဲ့တဲ့လတုန်းကဝုဗ်နှင့်ပွဲစဉ်မှာဝုဗ်ကတောင်ကိုရီးယားတိုက်စစ်မှူးဟွမ်ဟေးချန်ကိုမိတ်ဆက်စဉ် မန်ယူပရိသတ်များကသီဆိုစဉ်ကဖြစ်ပါတယ်။

ပတ်ဂျီဆန်က “ဒီသီချင်းကြားရတဲ့အတွက်သူ့အတွက်(ဟွမ်ဟေးချန်)စိတ်မကောင်းဖြစ်ရပါတယ်။မန်ယူပရိသတ်တွေဟာဒီသီချင်းဆိုတာသူ့ကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာမဟုတ်ပါဘူး။ဒါပေမယ့်ပရိသတ်တွေကိုဒီစာသား(ခွေးသားစားတဲ့အကြောင်း)ကိုသီဆိုတာရပ်ဖို့ပညာပေးဖို့လိုပါတယ်။ဒါကကိုးရီးယားလူမျိုးတွေကိုလူမျိုးရေးခွဲခြားတိုက်ခိုက်တဲ့စကားလုံးဖြစ်ပါတယ်။ဒီစကားကိုကိုရီးယားလူမျိုးတွေကိုစိတ်မချမ်းမသာဖြစ်စေတဲ့စကားလုံးပါ။ဒီသီချင်းကိုကြားနေကြတဲ့လူငယ်တွေအတွက်အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ကိုရီးယားမှာအများကြီးပြောင်းသွားပါပြီ။သမိုင်းမှာကျွန်တော်တို့ခွေးသားစားတယ်ဆိုတာအမှန်တကယ်ပါ။ဒီနေ့ခေတ်မှာတော့လူငယ်မျိုးဆက်တွေဟာဒါကိုအရမ်းမုန်းကြပါတယ်။ယဉ်ကျေးမှုပြောင်းသွားပါပြီ။ပရိသတ်တွေကိုဒီစကားလုံးသီဆိုမှုရပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ဒီသီချင်းကြားရင်ကိုရီးယားတွေစိတ်မချမ်းမသာဖြစ်ကြပါတယ်။ဒီသီချင်းဆိုတာရပ်ဖို့အချိန်ရောက်ပါပြီ”လို့ဆိုသွားပါတယ်။

မန်ယူအသင်းဟာလည်းပတ်ဂျီဆန်ရဲ့တောင်းဆိုမှုကိုတရားဝင်ထောက်ခံမှုပြုလုပ်သွားပြီးပရိသတ်များအားယင်းသီချင်းသီဆိုမှုရပ်တန့်ရန်တောင်းဆိုမှုပြုလုပ်သွားပါတယ်။

ပတ်ဂျီဆန်ဟာမန်ယူအသင်းနှင့်အတူပရီးမီးယားလိဂ်ဖလားလေးကြိမ်နှင့်ချန်ပီယံလိဂ်တစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ZawGyi

ေခြးသားစားတဲ့အေၾကာင္းပါေနတဲ့ သူ႔အေၾကာင္းသီခ်င္းကို မသီဆိုၾကေတာ့ရန္ သရဲနီပရိသတ္မ်ားကို ပတ္ဂ်ီဆန္ ေတာင္းဆိုလာ

မန္ယူအလယ္တန္းကစားသမားပတ္ဂ်ီဆန္ဟာကိုရီးယားလူမ်ိဳးမ်ားကိုလူမ်ိဳးေရးခြဲျခားတိုက္ခိုက္တဲ့အသုံးအႏႈန္းပါဝင္ေနတဲ့သူ႔အေၾကာင္းသီခ်င္းကိုအနားေပးလိုက္ရန္မန္ယူပရိသတ္မ်ားကိုေတာင္းဆိုမႈျပဳလုပ္လာပါတယ္။

ပတ္ဂ်ီဆန္ဟာမန္ယူအသင္းတြင္၂၀၀၅ခုႏွစ္မွ၂၀၁၂ခုႏွစ္အထိကစားခဲ့စဥ္အတြင္းပရိသတ္မ်ားရဲ႕ခ်စ္ခင္မႈရရွိခဲ့သူျဖစ္ပါတယ္။ပရိသတ္မ်ားဟာကိုရီးယားလူမ်ိဳးမ်ား ေခြးသားစားတဲ့အေၾကာင္းပါဝင္ေနတဲ့သူ႔အေၾကာင္းေရးစပ္ထားတဲ့သီခ်င္းကိုသီဆိုကာသူ႔ကိုဂုဏ္ျပဳေလ့ရွိၾကပါတယ္။

ပတ္ဂ်ီဆန္မွာလြန္ခဲ့တဲ့ကိုးႏွစ္ကတည္းကမန္ယူမွထြက္ခြာသြားခဲ့ေသာ္လည္းမန္ယူပရိသတ္မ်ားဟာယခုတိုင္ယင္းသီခ်င္းကိုသီဆိုေနၾကတုန္းျဖစ္ပါတယ္။

ယခုအခါကစားသမားဘဝမွအနားယူထားၿပီးျဖစ္တဲ့ပတ္ဂ်ီဆန္က ယင္းသီခ်င္းတြင္ပါဝင္ေနတဲ့စာသားမွာသူ႔အျပင္ကိုရီးယားလူမ်ိဳးကိုပါနာက်င္ေစေၾကာင္းေျပာၾကားလာပါတယ္။

အသက္၄၀ႏွစ္ရွိပတ္ဂ်ီဆန္ဟာအထက္ပါသီခ်င္းကိုေနာက္ဆုံးၾကားခဲ့တာၿပီးခဲ့တဲ့လတုန္းကဝုဗ္ႏွင့္ပြဲစဥ္မွာဝုဗ္ကေတာင္ကိုရီးယားတိုက္စစ္မႉးဟြမ္ေဟးခ်န္ကိုမိတ္ဆက္စဥ္ မန္ယူပရိသတ္မ်ားကသီဆိုစဥ္ကျဖစ္ပါတယ္။

ပတ္ဂ်ီဆန္က “ဒီသီခ်င္းၾကားရတဲ့အတြက္သူ႔အတြက္(ဟြမ္ေဟးခ်န္)စိတ္မေကာင္းျဖစ္ရပါတယ္။မန္ယူပရိသတ္ေတြဟာဒီသီခ်င္းဆိုတာသူ႔ကိုရည္႐ြယ္ခ်က္ရွိရွိတိုက္ခိုက္တာမဟုတ္ပါဘူး။ဒါေပမယ့္ပရိသတ္ေတြကိုဒီစာသား(ေခြးသားစားတဲ့အေၾကာင္း)ကိုသီဆိုတာရပ္ဖို႔ပညာေပးဖို႔လိုပါတယ္။ဒါကကိုးရီးယားလူမ်ိဳးေတြကိုလူမ်ိဳးေရးခြဲျခားတိုက္ခိုက္တဲ့စကားလုံးျဖစ္ပါတယ္။ဒီစကားကိုကိုရီးယားလူမ်ိဳးေတြကိုစိတ္မခ်မ္းမသာျဖစ္ေစတဲ့စကားလုံးပါ။ဒီသီခ်င္းကိုၾကားေနၾကတဲ့လူငယ္ေတြအတြက္အရမ္းစိတ္မေကာင္းျဖစ္ရပါတယ္။ကိုရီးယားမွာအမ်ားႀကီးေျပာင္းသြားပါၿပီ။သမိုင္းမွာကြၽန္ေတာ္တို႔ေခြးသားစားတယ္ဆိုတာအမွန္တကယ္ပါ။ဒီေန႔ေခတ္မွာေတာ့လူငယ္မ်ိဳးဆက္ေတြဟာဒါကိုအရမ္းမုန္းၾကပါတယ္။ယဥ္ေက်းမႈေျပာင္းသြားပါၿပီ။ပရိသတ္ေတြကိုဒီစကားလုံးသီဆိုမႈရပ္ေပးဖို႔ေတာင္းဆိုခ်င္ပါတယ္။ဒီသီခ်င္းၾကားရင္ကိုရီးယားေတြစိတ္မခ်မ္းမသာျဖစ္ၾကပါတယ္။ဒီသီခ်င္းဆိုတာရပ္ဖို႔အခ်ိန္ေရာက္ပါၿပီ”လို႔ဆိုသြားပါတယ္။

မန္ယူအသင္းဟာလည္းပတ္ဂ်ီဆန္ရဲ႕ေတာင္းဆိုမႈကိုတရားဝင္ေထာက္ခံမႈျပဳလုပ္သြားၿပီးပရိသတ္မ်ားအားယင္းသီခ်င္းသီဆိုမႈရပ္တန႔္ရန္ေတာင္းဆိုမႈျပဳလုပ္သြားပါတယ္။

ပတ္ဂ်ီဆန္ဟာမန္ယူအသင္းႏွင့္အတူပရီးမီးယားလိဂ္ဖလားေလးႀကိမ္ႏွင့္ခ်န္ပီယံလိဂ္တစ္ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။