အိမ်တွင်မွေးထားတဲ့ ခွေးကို အံ့ဩစရာကောင်းတဲ့ အမည်ပေးထားတဲ့ ဖီးလ်ဖိုဒန်

မန်စီးတီးဖီးလ်ဖိုဒန်ဟာသူမွေးစားထားတဲ့ခွေးအမည်ကိုလိဂ်ဖလားရဲ့စပွန်ဆာဖြစ်တဲ့ ခါရာဘောင်လို့အမည်ပေးထားကြောင်းသိရပါတယ်။

The Athletic ရဲ့ဖော်ပြချက်အရစတုတ်ပေါ့ခ်ဖွားကစားသမားဟာ၂၀၂၀ခုနှစ်ခါရာဘောင်ဖလားဗိုလ်လုပွဲတွင်ဗီလာကိုအနိုင်ရဗိုလ်စွဲပြီးနောက်သူ့ခွေးအမည်ကိုလည်းခါရာဘောင်လို့အမည်ပေးလိုက်တာဖြစ်ပါတယ်။

၂၀၁၇ခုနှစ်တွင်မန်စီးတီးပထမအသင်းသို့တက်လှမ်းလာပြီးနောက်ဖီးလ်ဖိုဒန်ဟာမန်စီးတီးနှင့်အတူခါရာဘောင်ဖလားအားလေးကြိမ်ဆက်ဆွတ်ခူးထားနိုင်သူလည်းဖြစ်ပါတယ်။

ကြားရက်တုန်းကဝိုင်ကွန်ဘီကို၆-၁ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလည်းဂိုးသွင်းနိုင်ခဲ့တဲ့ဖီးလ်ဖိုဒန်ဟာခါရာဘောင်ဖလားနှင့်ကံစပ်တယ်ဆိုပြီးသူ့ခွေးအမည်ကိုလည်းခါရာဘောင်လို့အမည်ပေးထားတာဖြစ်ပါတယ်။

တကယ်တော့ပရီးမီးယားလိဂ်မှာဖီးလ်ဖိုဒန်တစ်ယောက်တည်းဘဲခွေးချစ်တတ်သူမဟုတ်ပါဘူး။ဒန်နီအင်းစ်၊ဂျက်စီလင်ဂတ်၊ရပ်ရှ်ဖို့ဒ်တို့ဟာလည်းအနည်းဆုံးတစ်ကောင်(သို့မဟုတ်)ခွေးနှစ်ကောင်မွေးစားထားပါတယ်။

အထူးသဖြင့်ပရီးမီးယားလိဂ်စတားများနှင့်စတားဟောင်းများဟာ Chaperone K9 လို့အမည်ရတဲ့ခွေးကုမ္ပဏီထံမှ လုံခြုံရေးခွေးများ ဝယ်ယူမွေးစားကာအိမ်လုံခြုံရေးအတွက်အကူအညီရယူနေကြတာလည်းဖြစ်ပါတယ်။

ZawGyi

အိမ္တြင္ေမြးထားတဲ့ ေခြးကို အံ့ဩစရာေကာင္းတဲ့ အမည္ေပးထားတဲ့ ဖီးလ္ဖိုဒန္

မန္စီးတီးဖီးလ္ဖိုဒန္ဟာသူေမြးစားထားတဲ့ေခြးအမည္ကိုလိဂ္ဖလားရဲ႕စပြန္ဆာျဖစ္တဲ့ ခါရာေဘာင္လို႔အမည္ေပးထားေၾကာင္းသိရပါတယ္။

The Athletic ရဲ႕ေဖာ္ျပခ်က္အရစတုတ္ေပါ့ခ္ဖြားကစားသမားဟာ၂၀၂၀ခုႏွစ္ခါရာေဘာင္ဖလားဗိုလ္လုပြဲတြင္ဗီလာကိုအႏိုင္ရဗိုလ္စြဲၿပီးေနာက္သူ႔ေခြးအမည္ကိုလည္းခါရာေဘာင္လို႔အမည္ေပးလိုက္တာျဖစ္ပါတယ္။

၂၀၁၇ခုႏွစ္တြင္မန္စီးတီးပထမအသင္းသို႔တက္လွမ္းလာၿပီးေနာက္ဖီးလ္ဖိုဒန္ဟာမန္စီးတီးႏွင့္အတူခါရာေဘာင္ဖလားအားေလးႀကိမ္ဆက္ဆြတ္ခူးထားႏိုင္သူလည္းျဖစ္ပါတယ္။

ၾကားရက္တုန္းကဝိုင္ကြန္ဘီကို၆-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာလည္းဂိုးသြင္းႏိုင္ခဲ့တဲ့ဖီးလ္ဖိုဒန္ဟာခါရာေဘာင္ဖလားႏွင့္ကံစပ္တယ္ဆိုၿပီးသူ႔ေခြးအမည္ကိုလည္းခါရာေဘာင္လို႔အမည္ေပးထားတာျဖစ္ပါတယ္။

တကယ္ေတာ့ပရီးမီးယားလိဂ္မွာဖီးလ္ဖိုဒန္တစ္ေယာက္တည္းဘဲေခြးခ်စ္တတ္သူမဟုတ္ပါဘူး။ဒန္နီအင္းစ္၊ဂ်က္စီလင္ဂတ္၊ရပ္ရွ္ဖို႔ဒ္တို႔ဟာလည္းအနည္းဆုံးတစ္ေကာင္(သို႔မဟုတ္)ေခြးႏွစ္ေကာင္ေမြးစားထားပါတယ္။

အထူးသျဖင့္ပရီးမီးယားလိဂ္စတားမ်ားႏွင့္စတားေဟာင္းမ်ားဟာ Chaperone K9 လို႔အမည္ရတဲ့ေခြးကုမၸဏီထံမွ လုံၿခဳံေရးေခြးမ်ား ဝယ္ယူေမြးစားကာအိမ္လုံၿခဳံေရးအတြက္အကူအညီရယူေနၾကတာလည္းျဖစ္ပါတယ္။