ခွဲခြားဆက်ဆံမှုကြောင့် ဘဝကိုလက်မြှောက်အရှုံးပေးသွားတဲ့ မီလန်လူငယ်ကစားသမားဟောင်း

အေစီမီလန်လူငယ်ကစားသမားဟောင်းလေးတစ်ဦးဟာအသားအရောင်ခွဲခြားဆက်ဆံမှုများဆက်တိုက်ခံလာခဲ့ရပြီးတဲ့နောက်ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။

အသက်၂၀နှစ်ရှိဆိုက်ဒ်ဗီဆင်ဟာအီတလီနိုင်ငံ၊ကမ်ပါနီယာရှိနေအိမ်တွင်ပင်အဆုံးစီရင်သွားခဲ့တာလည်းဖြစ်ပါတယ်။

ဗီဆင်ဟာအေစီမီလန်နှင့်ဘီနီဗန်တိုအကယ်ဒမီတို့တွင်ကစားခဲ့ဖူးသူဖြစ်ပါတယ်။သူဟာအီသီယိုပီးယားတွင်မွေးဖွားသူဖြစ်ပြီးကလေးငယ်အရွယ်တွင်အီတလီသို့ရောက်လာခဲ့သူဖြစ်ပါတယ်။

သူ့ကိုနိုစီရာရှိသူ့မိဘများဖြစ်ကြတဲ့ဝေါလ်တားနှင့်မက်ဒါလီနာတို့ကမွေးစားခဲ့ပါတယ်။သူဟာယင်းတွင်ပင်ဘောလုံးသမားဖြစ်လာရေးရည်မှန်းချက်ဖြင့်ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့်လူငယ်ပါရမီရှင်ကစားသမားဟာ၂၀၁၆ခုနှစ်မှာတော့ပညာရေးကိုဦးစားပေးလုပ်ဆောင်ရန်အတွက်ဘောလုံးသမားဘဝမှအနားယူခဲ့ပါတယ်။ဒါပေမယ့်သူဟာဝါသနာကိုစွန့်လွှတ်ခြင်းမရှိသေးဘဲအက်သလက်တီကိုဗီတာလီကာရဲ့ငါးယောက်တည်းဖြင့်ကစားရတဲ့အသင်းမှာကစားနေခဲ့ပါတယ်။

သူဟာကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုမပြုလုပ်မီဘဝတွင်ဆက်တိုက်ကြုံတွေ့ခဲ့ရတဲ့အသားအရောင်ခွဲခြားခံရမှုများကိုရင်နာနာဖြင့်ရေးသားခဲ့ပါတယ်။ယင်းစာကိုသူ့ရဲ့အသုဘအခမ်းအနားမှာဖတ်ကြားမှုပြုလုပ်ခဲ့ပါတယ်။

ယင်းစာထဲတွင်သူက “အခုငါကိုဘဲရောက်နေနေ၊ဘယ်ကိုဘဲသွားနေနေ လူတွေရဲ့အထင်အမြင်သေးမှု၊သံသယဝင်မှု၊ခွဲခြားဆက်ဆံမှု၊စိတ်ပျက်တဲ့မျက်လုံးတွေကိုကျောက်တုံးကျောက်ဆောင်လိုကြံ့ကြံ့ခံနေပါလိမ့်မယ်”လို့ဆိုသွားပါတယ်။

ဗီဆင်ဟာအီတလီတွင်နေထိုင်တဲ့အခြားရွှေ့ပြောင်းနေထိုင်သူများကဲ့သို့ပင်လူမျိုးရေးခွဲခြားမှုများစွာကြုံခဲ့ရပါတယ်။

သူဟာသူ့စာထဲတွင်စားပွဲထိုးအဖြစ်အလုပ်လုပ်ခဲ့စဉ်ကလူဖြူအမျိုးသမီးကြီးတစ်ဦးကသူ့စားပွဲအတွက်အလုပ်မလုပ်ပေးဖို့ပြောဆိုခြင်းခံခဲ့ရဖူးကြောင်းလည်းဆိုထားပါတယ်။

သူဟာယင်းစာကို၂၀၁၉ခုနှစ်၊ဇန်နဝါရီတုန်းကပထမဆုံးရေးသားခဲ့တာဖြစ်ပြီးသူငယ်ချင်းအချို့နဲ့သူ့စိတ်ရောဂါကုဆရာဝန်ထံသို့ပေးပို့ခဲ့ပါတယ်။

သူဟာအေစီမီလန်လူငယ်အသင်းတွင်ကစားခဲ့စဉ်ကလက်ရှိအီတလီလက်ရွေးစင်ဂိုးသမားဒွန်နာရမ်မာနှင့်တစ်ခန်းတည်းအတူတူနေခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

ခြဲျခားဆက္ဆံမႈေၾကာင့္ ဘဝကိုလက္ေျမႇာက္အရႈံးေပးသြားတဲ့ မီလန္လူငယ္ကစားသမားေဟာင္း

ေအစီမီလန္လူငယ္ကစားသမားေဟာင္းေလးတစ္ဦးဟာအသားအေရာင္ခြဲျခားဆက္ဆံမႈမ်ားဆက္တိုက္ခံလာခဲ့ရၿပီးတဲ့ေနာက္ကိုယ့္ကိုယ္ကိုအဆုံးစီရင္သြားခဲ့ပါတယ္။

အသက္၂၀ႏွစ္ရွိဆိုက္ဒ္ဗီဆင္ဟာအီတလီႏိုင္ငံ၊ကမ္ပါနီယာရွိေနအိမ္တြင္ပင္အဆုံးစီရင္သြားခဲ့တာလည္းျဖစ္ပါတယ္။

ဗီဆင္ဟာေအစီမီလန္ႏွင့္ဘီနီဗန္တိုအကယ္ဒမီတို႔တြင္ကစားခဲ့ဖူးသူျဖစ္ပါတယ္။သူဟာအီသီယိုပီးယားတြင္ေမြးဖြားသူျဖစ္ၿပီးကေလးငယ္အ႐ြယ္တြင္အီတလီသို႔ေရာက္လာခဲ့သူျဖစ္ပါတယ္။

သူ႔ကိုႏိုစီရာရွိသူ႔မိဘမ်ားျဖစ္ၾကတဲ့ေဝါလ္တားႏွင့္မက္ဒါလီနာတို႔ကေမြးစားခဲ့ပါတယ္။သူဟာယင္းတြင္ပင္ေဘာလုံးသမားျဖစ္လာေရးရည္မွန္းခ်က္ျဖင့္ႀကိဳးစားခဲ့ပါတယ္။

ဒါေပမယ့္လူငယ္ပါရမီရွင္ကစားသမားဟာ၂၀၁၆ခုႏွစ္မွာေတာ့ပညာေရးကိုဦးစားေပးလုပ္ေဆာင္ရန္အတြက္ေဘာလုံးသမားဘဝမွအနားယူခဲ့ပါတယ္။ဒါေပမယ့္သူဟာဝါသနာကိုစြန႔္လႊတ္ျခင္းမရွိေသးဘဲအက္သလက္တီကိုဗီတာလီကာရဲ႕ငါးေယာက္တည္းျဖင့္ကစားရတဲ့အသင္းမွာကစားေနခဲ့ပါတယ္။

သူဟာကိုယ့္ကိုယ္ကိုအဆုံးစီရင္မႈမျပဳလုပ္မီဘဝတြင္ဆက္တိုက္ႀကဳံေတြ႕ခဲ့ရတဲ့အသားအေရာင္ခြဲျခားခံရမႈမ်ားကိုရင္နာနာျဖင့္ေရးသားခဲ့ပါတယ္။ယင္းစာကိုသူ႔ရဲ႕အသုဘအခမ္းအနားမွာဖတ္ၾကားမႈျပဳလုပ္ခဲ့ပါတယ္။

ယင္းစာထဲတြင္သူက “အခုငါကိုဘဲေရာက္ေနေန၊ဘယ္ကိုဘဲသြားေနေန လူေတြရဲ႕အထင္အျမင္ေသးမႈ၊သံသယဝင္မႈ၊ခြဲျခားဆက္ဆံမႈ၊စိတ္ပ်က္တဲ့မ်က္လုံးေတြကိုေက်ာက္တုံးေက်ာက္ေဆာင္လိုႀကံ့ႀကံ့ခံေနပါလိမ့္မယ္”လို႔ဆိုသြားပါတယ္။

ဗီဆင္ဟာအီတလီတြင္ေနထိုင္တဲ့အျခားေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားကဲ့သို႔ပင္လူမ်ိဳးေရးခြဲျခားမႈမ်ားစြာႀကဳံခဲ့ရပါတယ္။

သူဟာသူ႔စာထဲတြင္စားပြဲထိုးအျဖစ္အလုပ္လုပ္ခဲ့စဥ္ကလူျဖဴအမ်ိဳးသမီးႀကီးတစ္ဦးကသူ႔စားပြဲအတြက္အလုပ္မလုပ္ေပးဖို႔ေျပာဆိုျခင္းခံခဲ့ရဖူးေၾကာင္းလည္းဆိုထားပါတယ္။

သူဟာယင္းစာကို၂၀၁၉ခုႏွစ္၊ဇန္နဝါရီတုန္းကပထမဆုံးေရးသားခဲ့တာျဖစ္ၿပီးသူငယ္ခ်င္းအခ်ိဳ႕နဲ႔သူ႔စိတ္ေရာဂါကုဆရာဝန္ထံသို႔ေပးပို႔ခဲ့ပါတယ္။

သူဟာေအစီမီလန္လူငယ္အသင္းတြင္ကစားခဲ့စဥ္ကလက္ရွိအီတလီလက္ေ႐ြးစင္ဂိုးသမားဒြန္နာရမ္မာႏွင့္တစ္ခန္းတည္းအတူတူေနခဲ့သူလည္းျဖစ္ပါတယ္။