
ဆီနီဂေါတိုက်စစ်သမားဆာဒေယိုမာနေးဟာဒဏ်ရာကိုခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပြီးနောက်ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုလုံးကိုလွဲချော်လာတော့မှာဖြစ်ကြောင်းသိရပါတယ်။
ဆီနီဂေါဘောလုံးအဖွဲ့ချုပ်ဟာအသက်၃၀နှစ်ရှိမာနေးကို ကမ္ဘာ့ဖလားအစောပိုင်းပွဲအချို့သာလွဲချော်ပြီး နောက်ပိုင်းပွဲများတွင်ပါဝင်လာနိုင်မယ်လို့ယုံကြည်ကာကမ္ဘာ့ဖလားလူစာရင်းတွင်ထည့်သွင်းထားပါတယ်။
ဒါပေမဲ့ဆာဒေယိုမာနေးဟာဒဏ်ရာကိုစစ်ဆေးမှုပြုလုပ်ပြီးနောက်တိုးတက်မှုမရှိမှုနှင့်အတူခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပါတယ်။
ဆာဒေယိုမာနေးဟာဒဏ်ရာကိုဂျာမနီတွင်ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရတာဖြစ်ပြီးဒဏ်ရာမှပြန်လည်ကောင်းမွန်ရေးပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကိုဂျာမနီတွင်ပင်ဆက်လက်လုပ်ဆောင်သွားရပါဦးမယ်။
ဆီနီဂေါဟာတနင်္လာနေ့တွင်နယ်သာလန်နှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲကစားရမှာဖြစ်ပြီးကာတာ(နိုဝင်ဘာလ၂၅ရက်)၊အီကွေဒေါ(နိုဝင်ဘာ၂၉)ရက်တို့ကစားသွားရပါမယ်။
ZawGyi
ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို မာနေးလွဲချော်လာတော့မည်