ခွဲစိတ်မှုပြုလုပ်ပြီး အပျိုစင်ဘဝကို ပြန်လည်ရယူခဲ့တဲ့ ရော်နယ်ဒိုရဲ့ချစ်သူဟောင်း

ဘရာဇီးဂန္ထဝင်တိုက်စစ်မှူးရော်နယ်ဒိုရဲ့ရည်းစားဟောင်းဟာခွဲစိတ်မှုပြုလုပ်ကာအပျိုစင်ဘဝကိုရယူပြီးဘုရားရှိခိုးကျောင်းတွင်အပျိုစင်အဖြစ်လက်ထပ်နိုင်ရေးလုပ်ဆောင်လိုက်ပါတယ်။

အသက်၄၀နှစ်ရှိကာလဗလမယ်မစ်ချယ်လီအူမီဇူဟာ၂၀၀၄ခုနှစ်တုန်းကဘာစီလိုနာနှင့်ရီးရဲလ်မက်ဒရစ်စတားဟောင်းနှင့်ချစ်ကြိုက်ခဲ့တာလည်းဖြစ်ပါတယ်။

သူမဟာယခုလအစောပိုင်းတုန်းကအပျိုစင်အဖြစ်ဘုရားရှိခိုးကျောင်းတွင်လက်ထပ်နိုင်ရန်အတွက်ခွဲစိတ်မှုပြုလုပ်ခဲ့ပါတယ်။

သူမက “ကျွန်မလိုမျိုးအမျိုးသားတစ်ဦးကိုရှာဖွေနေပါတယ်။ဒါနဲ့ပတ်သက်ပြီးပြောရတာရှက်စရာမဟုတ်ပါဘူး။ဘာလို့ဆိုတော့ကျွန်မတကယ်ပဲဘုရားကျောင်းမှာလက်ထပ်ချင်လို့ပါ”လို့ပြောကြားသွားပါတယ်။

မစ်ချယ်လီဟာရော်နယ်ဒိုနှင့် သားတစ်ဦးထွန်းကားခဲ့ပါတယ်။အစောပိုင်းတုန်းကရော်နယ်ဒိုကအလက်ဇန္ဒားကိုသားအဖြစ်မသတ်မှတ်ခဲ့ပေမဲ့ တရားရုံးကငါးနှစ်ကြာစစ်ဆေးပြီးနောက်ရော်နယ်ဒိုရဲ့သားအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။

သူမဟာ၂၀၀၂ခုနှစ်တုန်းကတိုကျိုတွင်စားပွဲထိုးအဖြစ်အလုပ်လုပ်နေစဉ် ရော်နယ်ဒိုနှင့်တွေ့ဆုံခဲ့ပြီးနောက် ချစ်ကျွမ်းဝင်သွားခဲ့ကြတာလည်းဖြစ်ပါတယ်။

သူမဟာဟိုမုန်းကုသမှုခံယူမှုကြောင့်လိင်စိတ်ပြင်းပြခဲ့သူဖြစ်ကြောင်းလည်းဝန်ခံခဲ့ဖူးပါတယ်။

ရော်နယ်ဒိုဟာကလပ်ကစားသမားဘဝတွင်၅၁၈ပွဲကစားခဲ့ရာမှာ၃၅၂ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပြီး၂၀၁၁ခုနှစ်တွင်ကစားသမားဘဝမှအနားယူခဲ့ပါတယ်။

သူဟာဘရာဇီးအတွက်၉၈ပွဲကစားခဲ့ရာမှာ၆၂ဂိုးသွင်းယူခဲ့သူဖြစ်ပြီးကမ္ဘာ့ဖလားဂိုး၁၅ဂိုးဖြင့်ကလိုဆေးပြီးနောက် ကမ္ဘာ့ဖလားဂိုးဒုတိယအများဆုံးသွင်းယူထားသူအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။၊

ZawGyi

ခြဲစိတ္မႈျပဳလုပ္ၿပီး အပ်ိဳစင္ဘဝကို ျပန္လည္ရယူခဲ့တဲ့ ေရာ္နယ္ဒိုရဲ႕ခ်စ္သူေဟာင္း

ဘရာဇီးဂႏၴဝင္တိုက္စစ္မႉးေရာ္နယ္ဒိုရဲ႕ရည္းစားေဟာင္းဟာခြဲစိတ္မႈျပဳလုပ္ကာအပ်ိဳစင္ဘဝကိုရယူၿပီးဘုရားရွိခိုးေက်ာင္းတြင္အပ်ိဳစင္အျဖစ္လက္ထပ္ႏိုင္ေရးလုပ္ေဆာင္လိုက္ပါတယ္။

အသက္၄၀ႏွစ္ရွိကာလဗလမယ္မစ္ခ်ယ္လီအူမီဇူဟာ၂၀၀၄ခုႏွစ္တုန္းကဘာစီလိုနာႏွင့္ရီးရဲလ္မက္ဒရစ္စတားေဟာင္းႏွင့္ခ်စ္ႀကိဳက္ခဲ့တာလည္းျဖစ္ပါတယ္။

သူမဟာယခုလအေစာပိုင္းတုန္းကအပ်ိဳစင္အျဖစ္ဘုရားရွိခိုးေက်ာင္းတြင္လက္ထပ္ႏိုင္ရန္အတြက္ခြဲစိတ္မႈျပဳလုပ္ခဲ့ပါတယ္။

သူမက “ကြၽန္မလိုမ်ိဳးအမ်ိဳးသားတစ္ဦးကိုရွာေဖြေနပါတယ္။ဒါနဲ႔ပတ္သက္ၿပီးေျပာရတာရွက္စရာမဟုတ္ပါဘူး။ဘာလို႔ဆိုေတာ့ကြၽန္မတကယ္ပဲဘုရားေက်ာင္းမွာလက္ထပ္ခ်င္လို႔ပါ”လို႔ေျပာၾကားသြားပါတယ္။

မစ္ခ်ယ္လီဟာေရာ္နယ္ဒိုႏွင့္ သားတစ္ဦးထြန္းကားခဲ့ပါတယ္။အေစာပိုင္းတုန္းကေရာ္နယ္ဒိုကအလက္ဇႏၵားကိုသားအျဖစ္မသတ္မွတ္ခဲ့ေပမဲ့ တရား႐ုံးကငါးႏွစ္ၾကာစစ္ေဆးၿပီးေနာက္ေရာ္နယ္ဒိုရဲ႕သားအျဖစ္သတ္မွတ္ေပးခဲ့ပါတယ္။

သူမဟာ၂၀၀၂ခုႏွစ္တုန္းကတိုက်ိဳတြင္စားပြဲထိုးအျဖစ္အလုပ္လုပ္ေနစဥ္ ေရာ္နယ္ဒိုႏွင့္ေတြ႕ဆုံခဲ့ၿပီးေနာက္ ခ်စ္ကြၽမ္းဝင္သြားခဲ့ၾကတာလည္းျဖစ္ပါတယ္။

သူမဟာဟိုမုန္းကုသမႈခံယူမႈေၾကာင့္လိင္စိတ္ျပင္းျပခဲ့သူျဖစ္ေၾကာင္းလည္းဝန္ခံခဲ့ဖူးပါတယ္။

ေရာ္နယ္ဒိုဟာကလပ္ကစားသမားဘဝတြင္၅၁၈ပြဲကစားခဲ့ရာမွာ၃၅၂ဂိုးသြင္းယူႏိုင္ခဲ့သူျဖစ္ၿပီး၂၀၁၁ခုႏွစ္တြင္ကစားသမားဘဝမွအနားယူခဲ့ပါတယ္။

သူဟာဘရာဇီးအတြက္၉၈ပြဲကစားခဲ့ရာမွာ၆၂ဂိုးသြင္းယူခဲ့သူျဖစ္ၿပီးကမာၻ႔ဖလားဂိုး၁၅ဂိုးျဖင့္ကလိုေဆးၿပီးေနာက္ ကမာၻ႔ဖလားဂိုးဒုတိယအမ်ားဆုံးသြင္းယူထားသူအျဖစ္ရပ္တည္ေနသူလည္းျဖစ္ပါတယ္။၊