ဂက်စ်ပါရီနီက ကိုယ်ထိလက်ရောက်တိုက်ခိုက်ရန် ကြိုးပမ်းမှုကြောင့် အတ္တလန္တာမှ ထွက်ခွာရခြင်းဟု ဂိုမက်ဇ်ဖွင့်ဟ

အလီဂျန်ဒရိုပါပူးဂိုမက်ဇ်ကမက်ဂျီလန်းနှင့်ချန်ပီယံလိဂ်ပွဲစဉ်ရဲ့ပထမပိုင်းအပြီးအဝတ်အစားလဲခန်းအတွင်းတွင်နည်းပြဂီယန်ပီရိုဂက်စ်ပါရီနီကကိုယ်ထိလက်ရောက်တိုက်ခိုက်ရန်ကြိုးပမ်းခြင်းကြောင့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်အတ္တလန္တာမှထွက်ခွာခဲ့ခြင်းဖြစ်ကြောင်းဖွင့်ဟလာပါတယ်။

ဒီဇင်ဘာလတုန်းကကစားခဲ့တဲ့မက်ဂျီလန်းနှင့်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင်ဂိုမက်ဇ်ဟာဂက်စ်ပါရီနီညွှန်ကြားတဲ့အတိုင်းကစားရန်ငြင်းဆိုစောဒကတက်ခဲ့မှုပြုလုပ်ခဲ့ရာမှာပြဿနာတက်ခဲ့တာဖြစ်ပါတယ်။

ယင်းနောက်ပိုင်းတွင်ဂိုမက်ဇ်ဟာအတ္တလန္တာနှင့်အတူလေ့ကျင့်ခန်းဆင်းခြင်းမပြုလုပ်တော့ဘဲဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ဆီဗီလာသို့ပြောင်းခဲ့ပါတယ်။

ဂိုမက်ဇ်ဟာအထက်ပါအဖြစ်အပျက်အတွက်နည်းပြဂက်စ်ပါရီနီရဲ့တောင်းပန်မှုမရခဲ့ပါဘူး။ယင်းနောက်ဥက္ကဌအန်တိုနီယိုပါကက်စ်စီထံသို့သွားရောက်ကာအသင်းပြောင်းခွင့်တောင်းဆိုခဲ့ပါတယ်။

ဂိုမက်ဇ်က “သူ့ရဲ့နည်းစနစ်ပိုင်းညွှန်ကြားမှုကိုကျွန်တော်မလိုက်နာခဲ့တာကစဖြစ်တာပါ။ပထမပိုင်းပြီးဖို့၁၀မိနစ်အလိုမှာသူကကျွန်တော့်ကိုညာခြမ်းသို့သွားကစားဖို့ပြောပါတယ်။အဲဒီတုန်းကကျွန်တော်ကဘယ်ခြမ်းမှာကောင်းကောင်းလေးကစားနေခဲ့တာပါ။ဒီတော့ကျွန်တော်က နိုး ဆိုပြီးငြင်းခဲ့တယ်။ပွဲတစ်ဝက်လောက်မှာဆိုတော့သူဒေါသထွက်နေတာကိုကင်မရာတွေကရိုက်ပြီးသားဖြစ်သွားတယ်။ဒုတိယပိုင်းကျရင်ကျွန်တော့်ကိုထုတ်တော့မှာဘဲတွေးခဲ့တယ်။တကယ်လို့ထုတ်ခဲ့တယ်။ဒါပေမယ့်ပထမပိုင်းပြီးလို့အဝတ်အစားလဲခန်းအတွင်းမှာသူဟာကန့်သတ်ချက်ကိုကျော်လွန်ပြီးလုပ်ခဲ့တယ်။ကျွန်တော့်ကိုကိုယ်ထိလက်ရောက်တိုက်ခိုက်ဖို့ကြိုးစားခဲ့တယ်။ဒေါသတကြီးကိုယ်ထိလာရောက်မှုတွေရှိခဲ့တယ်။ကလပ်ဥက္ကဌကိုတွေ့ခွင့်တောင်းခဲ့တယ်။နောက်ထပ်ဘာပြဿနာမဖြစ်ချင်တော့ဘူး၊အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့မလုပ်သင့်တာလုပ်ခဲ့တယ်လို့ပြောခဲ့တဘ်။ကျွန်တော်ကိုယ်တိုင်ကလည်းနည်းပြအမိန့်ကိုလွန်ဆန်ခဲ့တယ်လေ။ဒါပေမယ့်ဥက္ကဌကကျွန်တော့်ကိုဂက်စ်ပါရီနီကိုတောင်းပန်ဖို့ပြောပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးဂိုမက်ဇ်က “နောက်တစ်နေ့ကျတော့တစ်သင်းလုံးတွေ့ဆုံမှုပြုလုပ်ခဲ့တယ်။ဖြစ်ပျက်ခဲ့တာတွေအတွက်နည်းပြနဲ့ကစားဖော်တွေအားလုံးကိုတောင်းပန်ခဲ့တယ်။ဒါပေမယ့်ကျွန်တော်ဟာနည်းပြဆီတောင်းပန်မှုတော့မရခဲ့ပါဘူး။ခုနှစ်နှစ်လုံးလုံးကလပ်အတွက်အစွမ်းကုန်လုပ်ခဲ့သမျှဖြစ်ပျက်ခဲ့တာကအရမ်းရုပ်ဆိုးပါတယ်။ဥက္ကဌကလည်းနည်းပြကိုကျွန်တော့်ကိုပြန်တောင်းပန်ဖို့ရိုးရိုးလေးတောင်မပြောခဲ့ဘူး။ဒီတော့အားလုံးအဆုံးသတ်သွားပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်နည်းပြဂက်စ်ပါရီနီကတော့ဂိုမက်ဇ်ရဲ့ကွင်းပြင်/ကွင်းတွင်းအပြုအမူများမှာနည်းပြတစ်ဦးအတွက်လက်ခံနိုင်စရာမရှိကြောင်းနှင့်ကိုယ်ထိလက်ရောက်ကျူးလွန်မှုကိုစတင်သူမှာဂိုမက်ဇ်ဖြစ်ကြောင်းပြန်လည်တုံ့ပြန်ထားပါတယ်။

ZawGyi

ဂက္စ္ပါရီနီက ကိုယ္ထိလက္ေရာက္တိုက္ခိုက္ရန္ ႀကိဳးပမ္းမႈေၾကာင့္ အတၱလႏၲာမွ ထြက္ခြာရျခင္းဟု ဂိုမက္ဇ္ဖြင့္ဟ

အလီဂ်န္ဒ႐ိုပါပူးဂိုမက္ဇ္ကမက္ဂ်ီလန္းႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္ရဲ႕ပထမပိုင္းအၿပီးအဝတ္အစားလဲခန္းအတြင္းတြင္နည္းျပဂီယန္ပီ႐ိုဂက္စ္ပါရီနီကကိုယ္ထိလက္ေရာက္တိုက္ခိုက္ရန္ႀကိဳးပမ္းျခင္းေၾကာင့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္အတၱလႏၲာမွထြက္ခြာခဲ့ျခင္းျဖစ္ေၾကာင္းဖြင့္ဟလာပါတယ္။

ဒီဇင္ဘာလတုန္းကကစားခဲ့တဲ့မက္ဂ်ီလန္းႏွင့္ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္တြင္ဂိုမက္ဇ္ဟာဂက္စ္ပါရီနီၫႊန္ၾကားတဲ့အတိုင္းကစားရန္ျငင္းဆိုေစာဒကတက္ခဲ့မႈျပဳလုပ္ခဲ့ရာမွာျပႆနာတက္ခဲ့တာျဖစ္ပါတယ္။

ယင္းေနာက္ပိုင္းတြင္ဂိုမက္ဇ္ဟာအတၱလႏၲာႏွင့္အတူေလ့က်င့္ခန္းဆင္းျခင္းမျပဳလုပ္ေတာ့ဘဲဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ဆီဗီလာသို႔ေျပာင္းခဲ့ပါတယ္။

ဂိုမက္ဇ္ဟာအထက္ပါအျဖစ္အပ်က္အတြက္နည္းျပဂက္စ္ပါရီနီရဲ႕ေတာင္းပန္မႈမရခဲ့ပါဘူး။ယင္းေနာက္ဥကၠဌအန္တိုနီယိုပါကက္စ္စီထံသို႔သြားေရာက္ကာအသင္းေျပာင္းခြင့္ေတာင္းဆိုခဲ့ပါတယ္။

ဂိုမက္ဇ္က “သူ႔ရဲ႕နည္းစနစ္ပိုင္းၫႊန္ၾကားမႈကိုကြၽန္ေတာ္မလိုက္နာခဲ့တာကစျဖစ္တာပါ။ပထမပိုင္းၿပီးဖို႔၁၀မိနစ္အလိုမွာသူကကြၽန္ေတာ့္ကိုညာျခမ္းသို႔သြားကစားဖို႔ေျပာပါတယ္။အဲဒီတုန္းကကြၽန္ေတာ္ကဘယ္ျခမ္းမွာေကာင္းေကာင္းေလးကစားေနခဲ့တာပါ။ဒီေတာ့ကြၽန္ေတာ္က ႏိုး ဆိုၿပီးျငင္းခဲ့တယ္။ပြဲတစ္ဝက္ေလာက္မွာဆိုေတာ့သူေဒါသထြက္ေနတာကိုကင္မရာေတြက႐ိုက္ၿပီးသားျဖစ္သြားတယ္။ဒုတိယပိုင္းက်ရင္ကြၽန္ေတာ့္ကိုထုတ္ေတာ့မွာဘဲေတြးခဲ့တယ္။တကယ္လို႔ထုတ္ခဲ့တယ္။ဒါေပမယ့္ပထမပိုင္းၿပီးလို႔အဝတ္အစားလဲခန္းအတြင္းမွာသူဟာကန႔္သတ္ခ်က္ကိုေက်ာ္လြန္ၿပီးလုပ္ခဲ့တယ္။ကြၽန္ေတာ့္ကိုကိုယ္ထိလက္ေရာက္တိုက္ခိုက္ဖို႔ႀကိဳးစားခဲ့တယ္။ေဒါသတႀကီးကိုယ္ထိလာေရာက္မႈေတြရွိခဲ့တယ္။ကလပ္ဥကၠဌကိုေတြ႕ခြင့္ေတာင္းခဲ့တယ္။ေနာက္ထပ္ဘာျပႆနာမျဖစ္ခ်င္ေတာ့ဘူး၊အသင္းေခါင္းေဆာင္တစ္ေယာက္အေနနဲ႔မလုပ္သင့္တာလုပ္ခဲ့တယ္လို႔ေျပာခဲ့တဘ္။ကြၽန္ေတာ္ကိုယ္တိုင္ကလည္းနည္းျပအမိန႔္ကိုလြန္ဆန္ခဲ့တယ္ေလ။ဒါေပမယ့္ဥကၠဌကကြၽန္ေတာ့္ကိုဂက္စ္ပါရီနီကိုေတာင္းပန္ဖို႔ေျပာပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဆက္လက္ၿပီးဂိုမက္ဇ္က “ေနာက္တစ္ေန႔က်ေတာ့တစ္သင္းလုံးေတြ႕ဆုံမႈျပဳလုပ္ခဲ့တယ္။ျဖစ္ပ်က္ခဲ့တာေတြအတြက္နည္းျပနဲ႔ကစားေဖာ္ေတြအားလုံးကိုေတာင္းပန္ခဲ့တယ္။ဒါေပမယ့္ကြၽန္ေတာ္ဟာနည္းျပဆီေတာင္းပန္မႈေတာ့မရခဲ့ပါဘူး။ခုႏွစ္ႏွစ္လုံးလုံးကလပ္အတြက္အစြမ္းကုန္လုပ္ခဲ့သမွ်ျဖစ္ပ်က္ခဲ့တာကအရမ္း႐ုပ္ဆိုးပါတယ္။ဥကၠဌကလည္းနည္းျပကိုကြၽန္ေတာ့္ကိုျပန္ေတာင္းပန္ဖို႔႐ိုး႐ိုးေလးေတာင္မေျပာခဲ့ဘူး။ဒီေတာ့အားလုံးအဆုံးသတ္သြားပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္နည္းျပဂက္စ္ပါရီနီကေတာ့ဂိုမက္ဇ္ရဲ႕ကြင္းျပင္/ကြင္းတြင္းအျပဳအမူမ်ားမွာနည္းျပတစ္ဦးအတြက္လက္ခံႏိုင္စရာမရွိေၾကာင္းႏွင့္ကိုယ္ထိလက္ေရာက္က်ဴးလြန္မႈကိုစတင္သူမွာဂိုမက္ဇ္ျဖစ္ေၾကာင္းျပန္လည္တုံ႔ျပန္ထားပါတယ္။