ဂတ်တူဆိုရဲ့နေရာတွင် စပယ်လက်တီအား နာပိုလီအစားထိုးခန့်အပ်

နာပိုလီဟာအသင်းနှင့်လမ်းခွဲလိုက်တဲ့နည်းပြဂန်နာရိုဂတ်တူဆိုရဲ့နေရာမှာရိုးမားနှင့်အင်တာမီလန်နည်းပြဟောင်းလူစီယာနိုစပယ်လက်တီနှင့်အစားထိုးလိုက်ပါတယ်။

ဂတ်တူဆိုဟာစီးရီးအေတွင်အဆင့်၅နေရာတွင်သာရပ်တည်နိုင်ခဲ့ကာချန်ပီယံလိဂ်ဝင်ခွင့်နှင့်လွဲချော်ခဲ့ရပြီးနောက်နာပိုလီမှထွက်ခွာခဲ့ပါတယ်။ဂတ်တူဆိုဟာနာပိုလီမှထွက်ခွာပြီးနောက်ချက်ချင်းပင်ဖီအိုရင်တီးနားနည်းပြသစ်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

အသက်၆၂နှစ်ရှိလူစီယာနိုစပယ်လက်တီဟာ၂၀၁၉ခုနှစ်တုန်းကအင်တာမီလန်နည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက်ကလပ်လက်မဲ့ဖြစ်လာခဲ့သူဖြစ်ပြီးယခုအခါစီးရီးအေဘောလုံးလောကသို့တစ်ကျော့ပြန်ဝင်ခွင့်ရရှိလာပြီဖြစ်ပါတယ်။

စပယ်လက်တီဟာစီးရီးအေပွဲပေါင်း၄၈၂ပွဲကြီးကြပ်ဖူးပြီးအတွေ့အကြုံရှိနည်းပြတစ်ဦးဖြစ်ကာအင်တာမီလန်နှင့်အတူကိုပါအီတာလီယာဖလား၂ကြိမ်နှင့်စူပါဖလား၁ကြိမ်ဆွတ်ခူးဖူးပါတယ်။ဒါ့အပြင်သူဟာဇင်းနစ်နှင့်အတူရုရှားအမှတ်ပေးဖလား၂ကြိမ်နှင့်ရှုံးထွက်ဖလား၁ကြိမ်ဆွတ်ခူးထားပါတယ်။

စီးရီးအေထိပ်သီးကလပ်များတွင်နည်းပြအပြောင်းအလဲများဖြစ်နေပြီးဂျူဗင်တပ်ဟာပီယာလိုအားထုတ်ပယ်ကာနည်းပြဟောင်းအယ်လ်လီဂရီအားခန့်အပ်ထားပါတယ်။အင်တာမီလန်ဟာလည်းရာထူးမှနုတ်ထွက်သွားတဲ့ကွန်တီရဲ့နေရာမှာလာဇီယိုနည်းပြဆီမြွန်နီနှင့်အစားထိုးဖို့စီစဉ်နေပါတယ်။

ZawGyi

ဂတ္တူဆိုရဲ႕ေနရာတြင္ စပယ္လက္တီအား နာပိုလီအစားထိုးခန႔္အပ္

နာပိုလီဟာအသင္းႏွင့္လမ္းခြဲလိုက္တဲ့နည္းျပဂန္နာ႐ိုဂတ္တူဆိုရဲ႕ေနရာမွာ႐ိုးမားႏွင့္အင္တာမီလန္နည္းျပေဟာင္းလူစီယာႏိုစပယ္လက္တီႏွင့္အစားထိုးလိုက္ပါတယ္။

ဂတ္တူဆိုဟာစီးရီးေအတြင္အဆင့္၅ေနရာတြင္သာရပ္တည္ႏိုင္ခဲ့ကာခ်န္ပီယံလိဂ္ဝင္ခြင့္ႏွင့္လြဲေခ်ာ္ခဲ့ရၿပီးေနာက္နာပိုလီမွထြက္ခြာခဲ့ပါတယ္။ဂတ္တူဆိုဟာနာပိုလီမွထြက္ခြာၿပီးေနာက္ခ်က္ခ်င္းပင္ဖီအိုရင္တီးနားနည္းျပသစ္အျဖစ္ခန႔္အပ္ျခင္းခံခဲ့ရပါတယ္။

အသက္၆၂ႏွစ္ရွိလူစီယာႏိုစပယ္လက္တီဟာ၂၀၁၉ခုႏွစ္တုန္းကအင္တာမီလန္နည္းျပရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရၿပီးေနာက္ကလပ္လက္မဲ့ျဖစ္လာခဲ့သူျဖစ္ၿပီးယခုအခါစီးရီးေအေဘာလုံးေလာကသို႔တစ္ေက်ာ့ျပန္ဝင္ခြင့္ရရွိလာၿပီျဖစ္ပါတယ္။

စပယ္လက္တီဟာစီးရီးေအပြဲေပါင္း၄၈၂ပြဲႀကီးၾကပ္ဖူးၿပီးအေတြ႕အႀကဳံရွိနည္းျပတစ္ဦးျဖစ္ကာအင္တာမီလန္ႏွင့္အတူကိုပါအီတာလီယာဖလား၂ႀကိမ္ႏွင့္စူပါဖလား၁ႀကိမ္ဆြတ္ခူးဖူးပါတယ္။ဒါ့အျပင္သူဟာဇင္းနစ္ႏွင့္အတူ႐ုရွားအမွတ္ေပးဖလား၂ႀကိမ္ႏွင့္ရႈံးထြက္ဖလား၁ႀကိမ္ဆြတ္ခူးထားပါတယ္။

စီးရီးေအထိပ္သီးကလပ္မ်ားတြင္နည္းျပအေျပာင္းအလဲမ်ားျဖစ္ေနၿပီးဂ်ဴဗင္တပ္ဟာပီယာလိုအားထုတ္ပယ္ကာနည္းျပေဟာင္းအယ္လ္လီဂရီအားခန႔္အပ္ထားပါတယ္။အင္တာမီလန္ဟာလည္းရာထူးမွႏုတ္ထြက္သြားတဲ့ကြန္တီရဲ႕ေနရာမွာလာဇီယိုနည္းျပဆီႁမြန္နီႏွင့္အစားထိုးဖို႔စီစဥ္ေနပါတယ္။