ဂတ်မူလာရဲ့၄၉နှစ်ကြာဂိုးသွင်းစံချိန်ကို ရိုက်ချိုးလိုက်တဲ့ လီဝန်ဒေါ့စကီး

ရောဘတ်လီဝန်ဒေါ့စကီးဟာအော့ဘတ်နှင့်ဘွန်ဒက်စ်လီဂါရာသီသိမ်းပွဲစဉ်တွင်သူ့ရဲ့ဘိုင်ယန်မြူးနစ်အတွက်၄၁ဂိုးမြောက်ဂိုးကိုသွင်းယူနိုင်ခဲ့ကာဘွန်ဒက်စ်လီဂါသမိုင်းမှာဂိုးသွင်းစံချိန်သစ်တင်ခဲ့ပါတယ်။

ပိုလန်လက်ရွေးစင်တိုက်စစ်မှူးဟာပြီးခဲ့တဲ့အပတ်တုန်းကဘွန်ဒက်စ်လီဂါဂိုး၄၀မြောက်ဂိုးကိုသွင်းယူနိုင်ခဲ့ပြီးဂတ်မူလာရဲ့ဘွန်ဒက်စ်လီဂါသမိုင်းတွင်တစ်ရာသီတည်းဂိုးအများဆုံးသွင်းယူနိုင်တဲ့စံချိန်ကိုလိုက်မီခဲ့ပါတယ်။

အသက်၃၂နှစ်ရှိတိုက်စစ်မှူးဟာအော့ဘတ်အား၅-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာသူ့ရဲ့ဘွန်ဒက်စ်လီဂါ၄၁ဂိုးမြောက်ဂိုးကိုသွင်းယူပြီးဘွန်ဒက်စ်လီဂါသမိုင်းတွင်တစ်ရာသီတည်းတွင်ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ်သမိုင်းမှတ်တိုင်သစ်စိုက်ထူလိုက်ပါတယ်။ဂတ်မူလာဟာ၁၉၇၁-၇၂ရာသီတုန်းကတစ်ရာသီတည်းဂိုး၄၀သွင်းပြီးစံချိန်ရေးထိုးခဲ့တာပါ။

ဒေါ့မွန်တိုက်စစ်မှူးဟာယခုအခါဘွန်ဒက်စ်လီဂါသွင်းဂိုး၂၇၇ဂိုးရှိသွားပြီဖြစ်ပြီးဘွန်ဒက်စ်လီဂါသမိုင်းတွင်ဒုတိယဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေပါတယ်။ဂတ်မူလာက၃၆၅ဂိုးဖြင့်ဘွန်ဒက်စ်လီဂါသမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေရာလီဝန်ဒေါ့စကီးအနေဖြင့်နှစ်အနည်းငယ်ကြာဘွန်ဒက်စ်လီဂါတွင်ကစားပြီးမှယင်းစံချိန်ကိုလိုက်မီဖို့ရှိပါတယ်။

အော့ဘတ်နှင့်ပွဲတွင်ဂိုးသွင်းယူပြီးနောက်လီဝန်ဒေါ့စကီးကယင်းဂိုးမှာမွေးနေ့ရှင်မိခင်ဖြစ်သူအတွက်ရည်ရွယ်ကြောင်းပြောကြားသွားပါတယ်။

လီဝန်ဒေါ့စကီးက “ဒီဂိုးကိုကျွန်တော့်အတွက်ရည်ရွယ်ပါတယ်။ဒီနေ့ကအမေ့မွေးနေ့လေ။ဒီစံချိန်ကိုရိုက်ချိုးဖို့ဘယ်တုန်းကမှမတွေးခဲ့ပါဘူး။၃၄ပွဲကစားပြီးဂိုး၄၀သွင်းဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးလို့ထင်ခဲ့တယ်။ပြီးတော့ကျွန်တော်က၂၉ပွဲဘဲကစားခဲ့တယ်။ကျွန်တော်လုပ်ဆောင်နိုင်ခဲ့မှုအပေါ်မယုံကြည်နိုင်ဖြစ်နေတုန်းပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ဂတ္မူလာရဲ႕၄၉ႏွစ္ၾကာဂိုးသြင္းစံခ်ိန္ကို ႐ိုက္ခ်ိဳးလိုက္တဲ့ လီဝန္ေဒါ့စကီး

ေရာဘတ္လီဝန္ေဒါ့စကီးဟာေအာ့ဘတ္ႏွင့္ဘြန္ဒက္စ္လီဂါရာသီသိမ္းပြဲစဥ္တြင္သူ႔ရဲ႕ဘိုင္ယန္ျမဴးနစ္အတြက္၄၁ဂိုးေျမာက္ဂိုးကိုသြင္းယူႏိုင္ခဲ့ကာဘြန္ဒက္စ္လီဂါသမိုင္းမွာဂိုးသြင္းစံခ်ိန္သစ္တင္ခဲ့ပါတယ္။

ပိုလန္လက္ေ႐ြးစင္တိုက္စစ္မႉးဟာၿပီးခဲ့တဲ့အပတ္တုန္းကဘြန္ဒက္စ္လီဂါဂိုး၄၀ေျမာက္ဂိုးကိုသြင္းယူႏိုင္ခဲ့ၿပီးဂတ္မူလာရဲ႕ဘြန္ဒက္စ္လီဂါသမိုင္းတြင္တစ္ရာသီတည္းဂိုးအမ်ားဆုံးသြင္းယူႏိုင္တဲ့စံခ်ိန္ကိုလိုက္မီခဲ့ပါတယ္။

အသက္၃၂ႏွစ္ရွိတိုက္စစ္မႉးဟာေအာ့ဘတ္အား၅-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာသူ႔ရဲ႕ဘြန္ဒက္စ္လီဂါ၄၁ဂိုးေျမာက္ဂိုးကိုသြင္းယူၿပီးဘြန္ဒက္စ္လီဂါသမိုင္းတြင္တစ္ရာသီတည္းတြင္ဂိုးအမ်ားဆုံးသြင္းယူႏိုင္သူအျဖစ္သမိုင္းမွတ္တိုင္သစ္စိုက္ထူလိုက္ပါတယ္။ဂတ္မူလာဟာ၁၉၇၁-၇၂ရာသီတုန္းကတစ္ရာသီတည္းဂိုး၄၀သြင္းၿပီးစံခ်ိန္ေရးထိုးခဲ့တာပါ။

ေဒါ့မြန္တိုက္စစ္မႉးဟာယခုအခါဘြန္ဒက္စ္လီဂါသြင္းဂိုး၂၇၇ဂိုးရွိသြားၿပီျဖစ္ၿပီးဘြန္ဒက္စ္လီဂါသမိုင္းတြင္ဒုတိယဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနပါတယ္။ဂတ္မူလာက၃၆၅ဂိုးျဖင့္ဘြန္ဒက္စ္လီဂါသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနရာလီဝန္ေဒါ့စကီးအေနျဖင့္ႏွစ္အနည္းငယ္ၾကာဘြန္ဒက္စ္လီဂါတြင္ကစားၿပီးမွယင္းစံခ်ိန္ကိုလိုက္မီဖို႔ရွိပါတယ္။

ေအာ့ဘတ္ႏွင့္ပြဲတြင္ဂိုးသြင္းယူၿပီးေနာက္လီဝန္ေဒါ့စကီးကယင္းဂိုးမွာေမြးေန႔ရွင္မိခင္ျဖစ္သူအတြက္ရည္႐ြယ္ေၾကာင္းေျပာၾကားသြားပါတယ္။

လီဝန္ေဒါ့စကီးက “ဒီဂိုးကိုကြၽန္ေတာ့္အတြက္ရည္႐ြယ္ပါတယ္။ဒီေန႔ကအေမ့ေမြးေန႔ေလ။ဒီစံခ်ိန္ကို႐ိုက္ခ်ိဳးဖို႔ဘယ္တုန္းကမွမေတြးခဲ့ပါဘူး။၃၄ပြဲကစားၿပီးဂိုး၄၀သြင္းဖို႔ဆိုတာဘယ္လိုမွမျဖစ္ႏိုင္ဘူးလို႔ထင္ခဲ့တယ္။ၿပီးေတာ့ကြၽန္ေတာ္က၂၉ပြဲဘဲကစားခဲ့တယ္။ကြၽန္ေတာ္လုပ္ေဆာင္ႏိုင္ခဲ့မႈအေပၚမယုံၾကည္ႏိုင္ျဖစ္ေနတုန္းပါ”လို႔ေျပာၾကားသြားပါတယ္။