ဂန္ထဝင်ကစားသမားများဖြစ်ကြတဲ့ ဘော်ဘီမိုး၊ဂျော့ဖ်ဟတ်ရှ်နှင့်မာတင်ပီတာတို့ ရုပ်ထုထုပြီး ဝက်စ်ဟမ်းဂုဏ်ပြုမည်

ဝက်စ်ဟမ်းဟာဘော်ဘီမိုး၊ဂျော့ဖ်ဟတ်ရှ်နှင့်မာတင်ပီတာတို့အားရုပ်ထုထုလုပ်ဂုဏ်ပြုမှုပြုလုပ်သွားပါမယ်။ဝက်စ်ဟမ်းဟာလာမယ့်စက်တင်ဘာလ၃၀ရက်နေ့တွင်ရက်ပစ်ဗီယာနာနှင့်ရင်ဆိုင်ကစားရမယ့်ယူရိုပါလိဂ်ပွဲစဉ်မတိုင်မီ ဂန္ထဝင်ကစားသမားသုံးဦးတို့ရဲ့ရုပ်ထုကိုဂုဏ်ပြုဖွင့်လှစ်သွားပါမယ်။

ဝက်စ်ဟမ်းဟာ၁၉၆၅ခုနှစ်တုန်းကကလပ်အားဥရောပရှုံးထွက်ဗိုလ်များဖလားရရှိအောင် ဦးဆောင်ခဲ့ကြတဲ့ဂန္ထဝင်ကစားသမားသုံးဦးတို့ကိုဂုဏ်ပြုသွားမှာလည်းဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာယခုရာသီတွင်၂၂နှစ်အတွင်းတွင်ပထမဆုံးအကြိမ်ဥရောပဝင်ခွင့်အဖြစ်ယူရိုပါလိဂ်ဝင်ခွင့်ရရှိထားပါတယ်။၎င်းတို့အတွက်လာမယ့်ရက်ပစ်ဗီယာနာနှင့်ပွဲမှာ၂၂နှစ်အတွင်းပထမဆုံးဥရောပအိမ်ကွင်းပွဲလည်းဖြစ်ပါတယ်။

ဟတ်ရှ်၊ပီတာနှင့်ဘော်ဘီမိုးတို့ဟာဝက်စ်ဟမ်းအကယ်ဒမီထွက်များဖြစ်ကြပြီးကလပ်အဆင့်တွင်သာနိုင်ငံတကာအဆင့်တွင်လည်းအောင်မြင်မှုများရယူခဲ့ကြတဲ့ဝက်စ်ဟမ်းအကယ်ဒမီဂုဏ်ဆောင်ကစားသမားဖြစ်ပါတယ်။၎င်းတို့သုံးဦးတို့ဟာဝက်စ်ဟမ်းအတွက်၁၂၅၇ပွဲကစားပေးခဲ့ကြပါတယ်။

၎င်းတို့သုံးဦးလုံးဟာအင်္ဂလန်အသင်းနှင့်အတူ၁၉၆၆ကမ္ဘာ့ဖလားအသင်းတွင်လည်းပါဝင်ခဲ့ကြသူများဖြစ်ပါတယ်။

ZawGyi

ဂႏၴဝင္ကစားသမားမ်ားျဖစ္ၾကတဲ့ ေဘာ္ဘီမိုး၊ေဂ်ာ့ဖ္ဟတ္ရွ္ႏွင့္မာတင္ပီတာတို႔ ႐ုပ္ထုၿပီး ဝက္စ္ဟမ္းဂုဏ္ျပဳမည္

ဝက္စ္ဟမ္းဟာေဘာ္ဘီမိုး၊ေဂ်ာ့ဖ္ဟတ္ရွ္ႏွင့္မာတင္ပီတာတို႔အား႐ုပ္ထုထုလုပ္ဂုဏ္ျပဳမႈျပဳလုပ္သြားပါမယ္။ဝက္စ္ဟမ္းဟာလာမယ့္စက္တင္ဘာလ၃၀ရက္ေန႔တြင္ရက္ပစ္ဗီယာနာႏွင့္ရင္ဆိုင္ကစားရမယ့္ယူ႐ိုပါလိဂ္ပြဲစဥ္မတိုင္မီ ဂႏၴဝင္ကစားသမားသုံးဦးတို႔ရဲ႕႐ုပ္ထုကိုဂုဏ္ျပဳဖြင့္လွစ္သြားပါမယ္။

ဝက္စ္ဟမ္းဟာ၁၉၆၅ခုႏွစ္တုန္းကကလပ္အားဥေရာပရႈံးထြက္ဗိုလ္မ်ားဖလားရရွိေအာင္ ဦးေဆာင္ခဲ့ၾကတဲ့ဂႏၴဝင္ကစားသမားသုံးဦးတို႔ကိုဂုဏ္ျပဳသြားမွာလည္းျဖစ္ပါတယ္။

ဝက္စ္ဟမ္းအသင္းဟာယခုရာသီတြင္၂၂ႏွစ္အတြင္းတြင္ပထမဆုံးအႀကိမ္ဥေရာပဝင္ခြင့္အျဖစ္ယူ႐ိုပါလိဂ္ဝင္ခြင့္ရရွိထားပါတယ္။၎တို႔အတြက္လာမယ့္ရက္ပစ္ဗီယာနာႏွင့္ပြဲမွာ၂၂ႏွစ္အတြင္းပထမဆုံးဥေရာပအိမ္ကြင္းပြဲလည္းျဖစ္ပါတယ္။

ဟတ္ရွ္၊ပီတာႏွင့္ေဘာ္ဘီမိုးတို႔ဟာဝက္စ္ဟမ္းအကယ္ဒမီထြက္မ်ားျဖစ္ၾကၿပီးကလပ္အဆင့္တြင္သာႏိုင္ငံတကာအဆင့္တြင္လည္းေအာင္ျမင္မႈမ်ားရယူခဲ့ၾကတဲ့ဝက္စ္ဟမ္းအကယ္ဒမီဂုဏ္ေဆာင္ကစားသမားျဖစ္ပါတယ္။၎တို႔သုံးဦးတို႔ဟာဝက္စ္ဟမ္းအတြက္၁၂၅၇ပြဲကစားေပးခဲ့ၾကပါတယ္။

၎တို႔သုံးဦးလုံးဟာအဂၤလန္အသင္းႏွင့္အတူ၁၉၆၆ကမာၻ႔ဖလားအသင္းတြင္လည္းပါဝင္ခဲ့ၾကသူမ်ားျဖစ္ပါတယ္။