ဂန္ထဝင်ကစားသမားများဖြစ်တဲ့ကွန်ပနီနှင့်ဆေးလ်ဗားတို့ရဲ့ရုပ်ထုကို မန်စီးတီးဖွင့်လှစ်

မန်စီးတီးဟာအီတီဟတ်ကွင်းပြင်ဘက်တွင်ကလပ်ရဲ့ဂန္ထဝင်ကစားသမားများဖြစ်ကြတဲ့ဗင်းဆင့်ကွန်ပနီနှင့်ဒေးဗစ်ဆေးလ်ဗားတို့ရဲ့ရုပ်ထုအားဖွင့်လှစ်လာပြီဖြစ်ပါတယ်။

မန်စီးတီးဟာလာမယ့်နှစ်မှာကလပ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေတဲ့ဆာဂျီယိုအဂွဲရိုးရဲ့ရုပ်ထုကိုလည်းထုလုပ်ဂုဏ်ပြုသွားဦးမှာဖြစ်ပါတယ်။

အဆိုပါရုပ်ထုကိုကမ္ဘာကျော်ပန်းပုအနုပညာရှင်အင်ဒီစကော့ကဖယ်လာဒဲလ်ဖီယာရှိစတီဒီယိုတွင်ဖန်တီးခဲ့တာဖြစ်ပါတယ်။

အဆိုပါရုပ်ထုများဟာညာဖက်မှောင်မိုက်နေချိန်တွင်လည်းကောင်းကင်ပြာရောင်ထွက်ပေါ်လာဖြစ်လို့အစဉ်အမြဲတောက်ပနေမှာဖြစ်ပါတယ်။

ကွန်ပနီရဲ့ရုပ်ထုက၂၀၁၉ခုနှစ်၊မေလတုန်းကသူ့ရဲ့နောက်ဆုံးမန်စီးတီးအိမ်ကွင်းပွဲဖြစ်တဲ့လက်စတာနှင့်ပွဲစဉ်တွင်ဂိုးသွင်းပြီးနောက်သူ့ရဲ့ကိုယ်ဟန်အနေအထားကိုဖန်တီးထားတာဖြစ်ပါတယ်။

ဆေးလ်ဗားရဲ့ရုပ်ထုကတော့သူ့ရဲ့ဘောလုံးသယ်ဆောင်ဟန်ကိုထုလုပ်ထားတာဖြစ်ပါတယ်။

ZawGyi

ဂႏၴဝင္ကစားသမားမ်ားျဖစ္တဲ့ကြန္ပနီႏွင့္ေဆးလ္ဗားတို႔ရဲ႕႐ုပ္ထုကို မန္စီးတီးဖြင့္လွစ္

မန္စီးတီးဟာအီတီဟတ္ကြင္းျပင္ဘက္တြင္ကလပ္ရဲ႕ဂႏၴဝင္ကစားသမားမ်ားျဖစ္ၾကတဲ့ဗင္းဆင့္ကြန္ပနီႏွင့္ေဒးဗစ္ေဆးလ္ဗားတို႔ရဲ႕႐ုပ္ထုအားဖြင့္လွစ္လာၿပီျဖစ္ပါတယ္။

မန္စီးတီးဟာလာမယ့္ႏွစ္မွာကလပ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနတဲ့ဆာဂ်ီယိုအဂြဲ႐ိုးရဲ႕႐ုပ္ထုကိုလည္းထုလုပ္ဂုဏ္ျပဳသြားဦးမွာျဖစ္ပါတယ္။

အဆိုပါ႐ုပ္ထုကိုကမာၻေက်ာ္ပန္းပုအႏုပညာရွင္အင္ဒီစေကာ့ကဖယ္လာဒဲလ္ဖီယာရွိစတီဒီယိုတြင္ဖန္တီးခဲ့တာျဖစ္ပါတယ္။

အဆိုပါ႐ုပ္ထုမ်ားဟာညာဖက္ေမွာင္မိုက္ေနခ်ိန္တြင္လည္းေကာင္းကင္ျပာေရာင္ထြက္ေပၚလာျဖစ္လို႔အစဥ္အၿမဲေတာက္ပေနမွာျဖစ္ပါတယ္။

ကြန္ပနီရဲ႕႐ုပ္ထုက၂၀၁၉ခုႏွစ္၊ေမလတုန္းကသူ႔ရဲ႕ေနာက္ဆုံးမန္စီးတီးအိမ္ကြင္းပြဲျဖစ္တဲ့လက္စတာႏွင့္ပြဲစဥ္တြင္ဂိုးသြင္းၿပီးေနာက္သူ႔ရဲ႕ကိုယ္ဟန္အေနအထားကိုဖန္တီးထားတာျဖစ္ပါတယ္။

ေဆးလ္ဗားရဲ႕႐ုပ္ထုကေတာ့သူ႔ရဲ႕ေဘာလုံးသယ္ေဆာင္ဟန္ကိုထုလုပ္ထားတာျဖစ္ပါတယ္။