
ဘာစီလိုနာဟာဒါနီအဲလ်ဗက်စ်ကိုတစ်လလျှင်တစ်ယူရိုနှုန်းဖြင့်အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူလိုက်ပါတယ်။အသက်၃၈နှစ်ရှိဘရာဇီးညာနောက်ခံလူဟာဘာစီလိုနာနည်းပြသစ်ဇာဗီးရဲ့ဘာစီလိုနာအတွက်ပထမဆုံးခေါ်ယူတဲ့ကစားသမားဖြစ်လာပါတယ်။
ဘရာဇီးနောက်ခံလူဟာဘဏ္ဍာရေးပြဿနာများနှင့်ကြုံနေရတဲ့ဘာစီလိုနာအတွက်တစ်လလျှင်၁ယူရိုနှုန်းဖြင့်ကစားသွားပါမယ်။
ဒါနီအဲလ်ဗက်စ်ဟာလာမယ့်အပတ်မှစတင်ကာဘာစီလိုနာနှင့်အတူစတင်လေ့ကျင့်ခန်းဆင်းသွားမှာဖြစ်ပြီးဇန်နဝါရီလ၁ရက်နေ့နောက်ပိုင်းတွင်မှဘာစီလိုနာအတွက်စတင်ကစားခွင့်ရရှိပါမယ်။
အဲလ်ဗက်စ်ဟာနွေရာသီတုန်းကဘရာဇီးအိုလံပစ်အသင်းနှင့်အတူအိုလံပစ်ရွှေတံဆိပ်ဆုရယူခဲ့ပြီးတဲ့နောက်စက်တင်ဘာလတုန်းကဆာအိုပေါ်လိုနှင့်လမ်းခွဲခဲ့သူဖြစ်ပါတယ်။
ဘရာဇီးအတွက်၁၁၉ပွဲကစားထားတဲ့အဲလ်ဗက်စ်ဟာဇာဗီးနှင့်အတူဘာစီလိုနာတွင်၈နှစ်ကြာကစားခဲ့သူဖြစ်ပြီးလာလီဂါ၊ချန်ပီယံလိဂ်နှင့်ကိုပါဒယ်ရေးဖလားတို့ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။
ZawGyi
ဂႏၴဝင္ကစားသမားအဲလ္ဗက္စ္ကို တစ္လလွ်င္ တစ္ယူ႐ိုႏႈန္းျဖင့္ ဇာဗီးရဲ႕ပထမဆုံးေခၚယူမႈအျဖစ္ ဘာစီလိုနာေခၚယူ
ဘာစီလိုနာဟာဒါနီအဲလ္ဗက္စ္ကိုတစ္လလွ်င္တစ္ယူ႐ိုႏႈန္းျဖင့္အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူလိုက္ပါတယ္။အသက္၃၈ႏွစ္ရွိဘရာဇီးညာေနာက္ခံလူဟာဘာစီလိုနာနည္းျပသစ္ဇာဗီးရဲ႕ဘာစီလိုနာအတြက္ပထမဆုံးေခၚယူတဲ့ကစားသမားျဖစ္လာပါတယ္။
ဘရာဇီးေနာက္ခံလူဟာဘ႑ာေရးျပႆနာမ်ားႏွင့္ႀကဳံေနရတဲ့ဘာစီလိုနာအတြက္တစ္လလွ်င္၁ယူ႐ိုႏႈန္းျဖင့္ကစားသြားပါမယ္။
ဒါနီအဲလ္ဗက္စ္ဟာလာမယ့္အပတ္မွစတင္ကာဘာစီလိုနာႏွင့္အတူစတင္ေလ့က်င့္ခန္းဆင္းသြားမွာျဖစ္ၿပီးဇန္နဝါရီလ၁ရက္ေန႔ေနာက္ပိုင္းတြင္မွဘာစီလိုနာအတြက္စတင္ကစားခြင့္ရရွိပါမယ္။
အဲလ္ဗက္စ္ဟာေႏြရာသီတုန္းကဘရာဇီးအိုလံပစ္အသင္းႏွင့္အတူအိုလံပစ္ေ႐ႊတံဆိပ္ဆုရယူခဲ့ၿပီးတဲ့ေနာက္စက္တင္ဘာလတုန္းကဆာအိုေပၚလိုႏွင့္လမ္းခြဲခဲ့သူျဖစ္ပါတယ္။
ဘရာဇီးအတြက္၁၁၉ပြဲကစားထားတဲ့အဲလ္ဗက္စ္ဟာဇာဗီးႏွင့္အတူဘာစီလိုနာတြင္၈ႏွစ္ၾကာကစားခဲ့သူျဖစ္ၿပီးလာလီဂါ၊ခ်န္ပီယံလိဂ္ႏွင့္ကိုပါဒယ္ေရးဖလားတို႔ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။