ဂန္ထဝင်တိုက်စစ်မှူးရွန်းနီရဲ့ဒါဘီကို အနိုင်ယူပြီး ရာသီကြိုခရီးကို အနိုင်နဲ့ဖွင့်လှစ်ခဲ့တဲ့ သရဲနီ

အိုလီဂန်းနားဆိုးလ်ရှားရဲ့မန်ယူဟာရာသီကြိုခြေစမ်းပွဲပထမဆုံးပွဲစဉ်အဖြစ် ဂန္ထဝင်တိုက်စစ်မှူးဝိန်းရွန်းနီကိုင်တွယ်နေတဲ့ဒါဘီနှင့်ခြေစမ်းပွဲကစားခဲ့ရာ၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲစဉ်မှာဂျက်စီလင်ဂတ်ဟာဇန်နဝါရီလနောက်ပိုင်းတွင်ပထမဆုံးအကြိမ်အဖြစ်မန်ယူအတွက်ပါဝင်ကစားခွင့်ရရှိခဲ့ပြီးခြေစွမ်းပြကစားနိုင်ခဲ့တာတွေ့ရပါတယ်။

လင်ဂတ်ဟာပြီးခဲ့တဲ့ဘောလုံးရာသီဝက်တုန်းကမန်ယူတွင်နေရာမရမှုကြောင့်ဝက်စ်ဟမ်းသို့ရာသီဝက်အငှားဖြင့်သွားကစားခဲ့ရာမှာပရီးမီးယားလိဂ်ဂိုး၉ဂိုးသွင်းယူနိုင်ခဲ့တဲ့အပြင် ၄ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။

လင်ဂတ်ဟာဒုတိယပိုင်းမှာလူစားဝင်ရောက်လာပြီးနောက်၁၄မိနစ်အကြာမှာမန်ယူရဲ့ဒုတိယဂိုးအားဖာကန်ဒိုပယ်လစ်စထရီသွင်းယူနိုင်အောင်ဖန်တီးပေးခဲ့ပါတယ်။ဥရုဂွေးအလယ်တန်းတိုက်စစ်သမားဟာပြီးခဲ့တဲ့ရာသီတုန်းကအလာဗက်စ်မှာအငှားဖြင့်သွားကစားပြီးပြန်ရောက်လာသူဖြစ်ပါတယ်။

လင်ဂတ်ဟာဝှေ့ဝိုက်ကန်ချက်တစ်ကြိမ်ပြုလုပ်ခဲ့ပေမယ့်အပေါ်ဘားထိသွားခဲ့လို့ ဂိုးမရခဲ့တာပါ။ဒီပွဲမှာသူ့အတွက်ပြီးခဲ့တဲ့ရာသီတုန်းကဝက်ဖို့ဒ်နှင့်အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်နောက်ပိုင်းမှာမန်ယူအတွက်ပထမဆုံးပွဲကစားခွင့်ရခဲ့တာပါ။

မန်ယူအတွက်ဦးဆောင်ဂိုးကိုပွဲချိန်၁၈မိနစ်မှာတာဟစ်ချောင်ကသွင်းယူခဲ့ပါတယ်။သူဟာချန်ပီယံရှစ်ကလပ်ဘာမင်ဂမ်သို့အငှားဖြင့်ပြောင်းကစားဖို့သဘောတူညီမှုရထားပြီးဖြစ်ပေမယ့်လည်းယခုပွဲမှာပွဲထွက်ကစားခဲ့ပါတယ်။

ဒါဘီအတွက်ချေပဂိုးကိုပွဲချိန်မိနစ်၇၀မှာကောလင်းကာဇင်ရစ်ချက်ကအနိမ့်ဘောကန်ကာသွင်းယူခဲ့ပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားဟာယခုပွဲမှာမေဆင်ဂရင်းဝုဒ်ကိုအထောင်မှာထားပြီးတာဟစ်ချောင်၊မာတာ၊အီလန်ဂါ၊ဂါနာ၊တွန်ဇီဘီ၊မင်ဂီ၊ဝင်ဘစ်ဆာကာတို့နဲ့ပွဲထွက်ခဲ့ပါတယ်။

ZawGyi

ဂႏၴဝင္တိုက္စစ္မႉး႐ြန္းနီရဲ႕ဒါဘီကို အႏိုင္ယူၿပီး ရာသီႀကိဳခရီးကို အႏိုင္နဲ႔ဖြင့္လွစ္ခဲ့တဲ့ သရဲနီ

အိုလီဂန္းနားဆိုးလ္ရွားရဲ႕မန္ယူဟာရာသီႀကိဳေျခစမ္းပြဲပထမဆုံးပြဲစဥ္အျဖစ္ ဂႏၴဝင္တိုက္စစ္မႉးဝိန္း႐ြန္းနီကိုင္တြယ္ေနတဲ့ဒါဘီႏွင့္ေျခစမ္းပြဲကစားခဲ့ရာ၂-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ဒီပြဲစဥ္မွာဂ်က္စီလင္ဂတ္ဟာဇန္နဝါရီလေနာက္ပိုင္းတြင္ပထမဆုံးအႀကိမ္အျဖစ္မန္ယူအတြက္ပါဝင္ကစားခြင့္ရရွိခဲ့ၿပီးေျခစြမ္းျပကစားႏိုင္ခဲ့တာေတြ႕ရပါတယ္။

လင္ဂတ္ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီဝက္တုန္းကမန္ယူတြင္ေနရာမရမႈေၾကာင့္ဝက္စ္ဟမ္းသို႔ရာသီဝက္အငွားျဖင့္သြားကစားခဲ့ရာမွာပရီးမီးယားလိဂ္ဂိုး၉ဂိုးသြင္းယူႏိုင္ခဲ့တဲ့အျပင္ ၄ႀကိမ္ဖန္တီးႏိုင္ခဲ့ပါတယ္။

လင္ဂတ္ဟာဒုတိယပိုင္းမွာလူစားဝင္ေရာက္လာၿပီးေနာက္၁၄မိနစ္အၾကာမွာမန္ယူရဲ႕ဒုတိယဂိုးအားဖာကန္ဒိုပယ္လစ္စထရီသြင္းယူႏိုင္ေအာင္ဖန္တီးေပးခဲ့ပါတယ္။ဥ႐ုေဂြးအလယ္တန္းတိုက္စစ္သမားဟာၿပီးခဲ့တဲ့ရာသီတုန္းကအလာဗက္စ္မွာအငွားျဖင့္သြားကစားၿပီးျပန္ေရာက္လာသူျဖစ္ပါတယ္။

လင္ဂတ္ဟာေဝွ႔ဝိုက္ကန္ခ်က္တစ္ႀကိမ္ျပဳလုပ္ခဲ့ေပမယ့္အေပၚဘားထိသြားခဲ့လို႔ ဂိုးမရခဲ့တာပါ။ဒီပြဲမွာသူ႔အတြက္ၿပီးခဲ့တဲ့ရာသီတုန္းကဝက္ဖို႔ဒ္ႏွင့္အက္ဖ္ေအဖလားတတိယအဆင့္ပြဲစဥ္ေနာက္ပိုင္းမွာမန္ယူအတြက္ပထမဆုံးပြဲကစားခြင့္ရခဲ့တာပါ။

မန္ယူအတြက္ဦးေဆာင္ဂိုးကိုပြဲခ်ိန္၁၈မိနစ္မွာတာဟစ္ေခ်ာင္ကသြင္းယူခဲ့ပါတယ္။သူဟာခ်န္ပီယံရွစ္ကလပ္ဘာမင္ဂမ္သို႔အငွားျဖင့္ေျပာင္းကစားဖို႔သေဘာတူညီမႈရထားၿပီးျဖစ္ေပမယ့္လည္းယခုပြဲမွာပြဲထြက္ကစားခဲ့ပါတယ္။

ဒါဘီအတြက္ေခ်ပဂိုးကိုပြဲခ်ိန္မိနစ္၇၀မွာေကာလင္းကာဇင္ရစ္ခ်က္ကအနိမ့္ေဘာကန္ကာသြင္းယူခဲ့ပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားဟာယခုပြဲမွာေမဆင္ဂရင္းဝုဒ္ကိုအေထာင္မွာထားၿပီးတာဟစ္ေခ်ာင္၊မာတာ၊အီလန္ဂါ၊ဂါနာ၊တြန္ဇီဘီ၊မင္ဂီ၊ဝင္ဘစ္ဆာကာတို႔နဲ႔ပြဲထြက္ခဲ့ပါတယ္။