ဂန္ထဝင်မြောက်ဂိုးနဲ့ ဘွန်ဒက်စ်လီဂါဂိုးမိုးခေါင်မှုကို အဆုံးသတ်ခဲ့တဲ့ ဆန်ချို

ဂျေဒန်ဆန်ချိုဟာယခုရာသီမှာအကောင်းဆုံးပုံစံရဖို့အကြီးအကျယ်ရုန်းကန်နေခဲ့ရပါတယ်။သူဟာဘွန်ဒက်စ်လီဂါ ပွဲစဉ်၁၄ရောက်တဲ့အထိဘွန်ဒက်စ်လီဂါမှာဂိုးပေါက်ပျောက်နေခဲ့ပါတယ်။

ဒါပေမယ့်အင်္ဂလန်လက်ရွေးစင်ဟာတနင်္ဂနွေနေ့တုန်းကဝုဖ်ဘတ်ကို၂-၀ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာတော့သူ့ယုံကြည်မှု မ ပျောက်ဆုံးသေးဘူးဆိုတာပြသနိုင်ခဲ့ပါတယ်။သူဟာပွဲပြီးခါနီး၉၁မိနစ်မှာကွင်းလယ်စည်းတစ်ဝက်လောက်မှ ဘောလုံးဆွဲပြေးပြီးဝုဖ်ဘတ်နောက်ခံလူတစ်ဦးကိုကွင်းမြက်ခင်းပြင်မှာလှဲသိပ်ခဲ့ကာဒေါ့မွန်အတွက်ဒုတိယအနိုင်ဂိုးကိုဂန္ထဝင်မြောက်သွင်းဂိုးဖြင့်ရယူပေးခဲ့ပါတယ်။

ဒေါ့မွန်ဟာ၁-၀ဂိုးနဲ့ဦးဆောင်နေချိန်ပွဲပြီးခါနီးမှာခံစစ်ကစားနေခဲ့ပါတယ်။ဧရိယာအတွင်းမှာဘောလုံးပြန်ဆယ်နိုင်ခဲ့ ပြီးနောက်ဘောလုံးပေးပို့မှုနှစ်ခုပြုလုပ်ခဲ့ပြီးဆန်ချိုရရှိကာဝုဖ်ဘတ်နောက်ခံလူတစ်ဦးအရှုးလုပ်လိမ်ခေါက်ကျော် ဖြတ်ပါတယ်။ဝုဖ်ဘတ်နောက်ခံလူဟာဆန်ချိုရဲ့လိမ်ခေါက်မှုကြောင့်ဟန်ချက်ပျက်ပြီးလဲကျန်နေခဲ့ပါတယ်။ယင်း နောက်ဆန်းချိုဟာ၁၈ကိုက်စည်းအတွင်းအစပ်ကနေသွေးအေးအေးနဲ့ကန်သွင်းပြီးဒေါ့မွန်အတွက်အနိုင်ဂိုးကို သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

ယင်းပွဲမှာဆန်ချိုဟာဒေါ့မွန်ရဲ့ဦးဆောင်ဂိုးကိုခေါင်းတိုက်သွင်းယူခဲ့တဲ့မန်နျူရယ်အေကန်ဂျီရဲ့ဂိုးကိုလည်းထောင့်ကန်ဘောကန်ကာဖန်တီးခဲ့သူဖြစ်ပါတယ်။

ဝုဖ်ဘတ်နိုင်ပွဲဟာရုန်းကန်နေရတဲ့ဒေါ့မွန်အတွက်အလွန်အရေးပါလှပါတယ်။ဒေါ့မွန်ဟာရလဒ်ဆိုးရွားမှုကြောင့်ပြီးခဲ့တဲ့လတုန်းကနည်းပြဖာဗရီကိုထုတ်ပယ်ခဲ့ပြီးယာယီနည်းပြအဖြစ်အေဒင်တာဇစ်ကိုခန့်အပ်ထားပါတယ်။တာဇစ် လက်ထက်မှာဒေါ့မွန်ဟာလေးပွဲကစားထားရာမှာသုံးပွဲအနိုင်ရရှိထားပါတယ်။

ZawGyi

ဂႏၴဝင္ေျမာက္ဂိုးနဲ႔ ဘြန္ဒက္စ္လီဂါဂိုးမိုးေခါင္မႈကို အဆုံးသတ္ခဲ့တဲ့ ဆန္ခ်ိဳ

ေဂ်ဒန္ဆန္ခ်ိဳဟာယခုရာသီမွာအေကာင္းဆုံးပုံစံရဖို႔အႀကီးအက်ယ္႐ုန္းကန္ေနခဲ့ရပါတယ္။သူဟာဘြန္ဒက္စ္လီဂါ ပြဲစဥ္၁၄ေရာက္တဲ့အထိဘြန္ဒက္စ္လီဂါမွာဂိုးေပါက္ေပ်ာက္ေနခဲ့ပါတယ္။

ဒါေပမယ့္အဂၤလန္လက္ေ႐ြးစင္ဟာတနဂၤေႏြေန႔တုန္းကဝုဖ္ဘတ္ကို၂-၀ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာေတာ့သူ႔ယုံၾကည္မႈ မ ေပ်ာက္ဆုံးေသးဘူးဆိုတာျပသႏိုင္ခဲ့ပါတယ္။သူဟာပြဲၿပီးခါနီး၉၁မိနစ္မွာကြင္းလယ္စည္းတစ္ဝက္ေလာက္မွ ေဘာလုံးဆြဲေျပးၿပီးဝုဖ္ဘတ္ေနာက္ခံလူတစ္ဦးကိုကြင္းျမက္ခင္းျပင္မွာလွဲသိပ္ခဲ့ကာေဒါ့မြန္အတြက္ဒုတိယအႏိုင္ဂိုးကိုဂႏၴဝင္ေျမာက္သြင္းဂိုးျဖင့္ရယူေပးခဲ့ပါတယ္။

ေဒါ့မြန္ဟာ၁-၀ဂိုးနဲ႔ဦးေဆာင္ေနခ်ိန္ပြဲၿပီးခါနီးမွာခံစစ္ကစားေနခဲ့ပါတယ္။ဧရိယာအတြင္းမွာေဘာလုံးျပန္ဆယ္ႏိုင္ခဲ့ ၿပီးေနာက္ေဘာလုံးေပးပို႔မႈႏွစ္ခုျပဳလုပ္ခဲ့ၿပီးဆန္ခ်ိဳရရွိကာဝုဖ္ဘတ္ေနာက္ခံလူတစ္ဦးအရႈးလုပ္လိမ္ေခါက္ေက်ာ္ ျဖတ္ပါတယ္။ဝုဖ္ဘတ္ေနာက္ခံလူဟာဆန္ခ်ိဳရဲ႕လိမ္ေခါက္မႈေၾကာင့္ဟန္ခ်က္ပ်က္ၿပီးလဲက်န္ေနခဲ့ပါတယ္။ယင္း ေနာက္ဆန္းခ်ိဳဟာ၁၈ကိုက္စည္းအတြင္းအစပ္ကေနေသြးေအးေအးနဲ႔ကန္သြင္းၿပီးေဒါ့မြန္အတြက္အႏိုင္ဂိုးကို သြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

ယင္းပြဲမွာဆန္ခ်ိဳဟာေဒါ့မြန္ရဲ႕ဦးေဆာင္ဂိုးကိုေခါင္းတိုက္သြင္းယူခဲ့တဲ့မန္န်ဴရယ္ေအကန္ဂ်ီရဲ႕ဂိုးကိုလည္းေထာင့္ကန္ေဘာကန္ကာဖန္တီးခဲ့သူျဖစ္ပါတယ္။

ဝုဖ္ဘတ္ႏိုင္ပြဲဟာ႐ုန္းကန္ေနရတဲ့ေဒါ့မြန္အတြက္အလြန္အေရးပါလွပါတယ္။ေဒါ့မြန္ဟာရလဒ္ဆိုး႐ြားမႈေၾကာင့္ၿပီးခဲ့တဲ့လတုန္းကနည္းျပဖာဗရီကိုထုတ္ပယ္ခဲ့ၿပီးယာယီနည္းျပအျဖစ္ေအဒင္တာဇစ္ကိုခန႔္အပ္ထားပါတယ္။တာဇစ္ လက္ထက္မွာေဒါ့မြန္ဟာေလးပြဲကစားထားရာမွာသုံးပြဲအႏိုင္ရရွိထားပါတယ္။