ဂန္ထဝင်မြောက်ဟက်ထရစ်ကြောင့် Golden Boot ရယူနိုင်ခဲ့ပေမဲ့ ကမ္ဘာ့ဖလားချန်ပီယံဘွဲ့ကို မကာကွယ်နိုင်ခဲ့လို့ ခြေပစ်လက်ပစ်စိတ်ပျက်နေခဲ့တဲ့ ဘက်ပေး

ကိုင်လီယန်ဘက်ပေးဟာလီယွန်နယ်မက်ဆီကမ္ဘာ့ဖလားကိုင်မြှောက်နေမှုကိုကြည့်ရှုကာပြင်သစ်အရန်ခုံတန်းတွင်ခြေပစ်လက်ပစ်ထိုင်နေခဲ့တာတွေ့ရပါတယ်။

ပြင်သစ်စူပါစတားဟာအာဂျင်တီးနားနှင့်ပွဲချိန်အတွင်းသုံးဂိုးစီသရေကျတဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးတဲ့နောက် ဆာဂျော့ဖ်ဟတ်စ်နောက်ပိုင်း ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

သူဟာပင်နယ်တီအဆုံးအဖြတ်တွင်လည်းပင်နယ်တီထပ်မံသွင်းယူနိုင်ခဲ့ပေမဲ့ ပင်နယ်တီအဆုံးအဖြတ်တွင်၄-၂ဖြင့်ရှုံးနိမ့်သွားခဲ့ပါတယ်။

အသက်၂၃နှစ်ရှိဘက်ပေးဟာဗိုလ်လုပွဲမတိုင်မီပီအက်စ်ဂျီကစားဖော်မက်ဆီနှင့် ၅ဂိုးဖြင့်ဂိုးသွင်းဘုရင်အဖြစ်အပြိုင်ဖြစ်နေခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲတွင်ဟက်ထရစ်သွင်းပြီးနောက် ၈ဂိုးဖြင့် Golden Boot ရယူနိုင်ခဲ့ပါတယ်။

သူဟာ Golden Boot ရယူနိုင်ခဲ့ပေမဲ့ ကမ္ဘာ့ဖလားချန်ပီယံဘွဲ့ကာကွယ်နိုင်ခဲ့ခြင်းမရှိမှုနဲ့အတူမက်ဆီ ကမ္ဘာ့ဖလားကိုင်မြှောက်နေတာကိုစိတ်ပျက်လက်ပျက်ဖြင့်ကြည့်နေခဲ့ရပါတယ်။

ZawGyi




သူဟာပင်နယ်တီအဆုံးအဖြတ်တွင်လည်းပင်နယ်တီထပ်မံသွင်းယူနိုင်ခဲ့ပေမဲ့ ပင်နယ်တီအဆုံးအဖြတ်တွင်၎-၂ဖြင့်ရှုံးနိမ့်သွားခဲ့ပါတယ်။

