ဂန္ထဝင်အဆိုတော်ဖီးလ်ကောလ်လင်းရဲ့သီချင်းနေရာမှာ သူ့သီချင်းကို အစားထိုးလိုက်တဲ့ ပီအက်စ်ဂျီကို DJ Snake ဝေဖန်

DJ Snake ဟာဘောလုံးကွင်းတွင်တွင်ဖွင့်တဲ့သီချင်း Playlist ကိုအပြောင်းအလဲပြုလုပ်လာတဲ့ပီအက်စ်ဂျီအသင်းကိုဝေဖန်လိုက်ပါတယ်။

ပြင်သစ်လီဂူး၁ထိပ်သီးပီအက်စ်ဂျီဟာအစဉ်အလာအားဖြင့်ကစားသမားများကွင်းအတွင်းဝင်ရောက်လာချိန်တွင် ဖီးလ်ကောလင်းရဲ့သီချင်းကိုအသုံးပြုလာခဲ့တာအစဉ်အလာကဲ့သို့ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ဒါပေမယ့်ပီအက်စ်ဂျီဟာနောက်ပိုင်းမှာဖီးလ်ကောလင်းရဲ့သီချင်းနေရာမှာ DJ Snake ရဲ့သီချင်းကိုအသုံးပြုလာပါတယ်။

ပီအက်စ်ဂျီဟာ ကောလင်းရဲ့၁၉၈၅ခုနှစ်တုန်းကအလွန်နာမည်ကျော်ကြားခဲ့တဲ့ Who Said I Would သီချင်းကိုအသုံးပြုလာခဲ့တာနှစ်ပေါင်းသုံးဆယ်တိုင်တိုင်ရှိပြီဖြစ်ပါတယ်။

ဒါပေမယ့်ပီအက်စ်ဂျီဟာပြီးခဲ့တဲ့ရက်သတ္တပတ်များမှာ ဖီးလ်ကောလင်းရဲ့သီချင်းကိုမသုံးဘဲ DJ Snake ရဲ့ Itro Mixed သီချင်းကိုအသုံးပြုလာပါတယ်။

ပီအက်စ်ဂျီဟာယင်းသီချင်းကိုမက်ဆီကိုမိတ်ဆက်စဉ်ကစတင်အသုံးပြုခဲ့တာဖြစ်ပြီးယင်းနောက်ပိုင်းတွင်ရေဆင်းစထရာဘော့နှင့်ပွဲတွင်လည်းကောင်း၊စနေနေ့တုန်းကကလဲမောင့်တို့နှင့်ပွဲများတွင်သုံးလာပါတယ်။

ယခုအခါ DJ Snake ကိုယ်တိုင်ကဖီးလ်ကောလင်းသီချင်းနေရာမှာသူ့သီချင်းကိုအစားထိုးသုံးလာတဲ့ပီအက်စ်ဂျီကိုဝေဖန်မှုပြုလုပ်လာပါတယ်။ပဲရစ်ဖွား ပီအက်စ်ဂျီပရိသတ်DJ Snake ဟာသူ့သီချင်းကိုအသုံးပြုမှုကြောင့်ဂုဏ်ယူရသော်လည်းအစဉ်အလာအားဖြင့်သုံးစွဲလာခဲ့တဲ့ဖီးလစ်ကောလင်းရဲ့သီချင်းနေရာမှာသူ့သီချင်းအား အသုံးပြုမှုအပေါ်ဒေါသထွက်နေပါတယ်။

၎င်းက “မက်ဆီရဲ့မိတ်ဆက်ဗီဒီယိုအတွက်အဲဒီသီချင်းကိုပေးခဲ့တာပါ။ဒါနဲ့ပတ်သက်ပြီးလူသိရှင်ကြားပြောပြီးကလပ်ကိုနစ်နာအောင်မလုပ်ချင်ပါဘူး။ဒါပေမယ့်ပရိသတ်တစ်ယောက်အနေနဲ့တော့လက်မခံနိုင်ပါဘူး။အသင်းအပေါ်ကျွန်တော်ဘယ်လောက်ချစ်တာ အားလုံးလည်းအသိပါ”လို့ပြောကြားသွားပါတယ်။

ကောလင်းရဲ့သီချင်းကိုပီအက်စ်ဂျီအသင်းအသုံးပြုလာခဲ့တာ၂၉နှစ်တိုင်တိုင်ရှိပြီဖြစ်ပြီးပရိသတ်အကြိုက်သီချင်းလည်းဖြစ်ပါတယ်။

ဒါပေမယ့်ပီအက်စ်ဂျီကတော့ကောလင်းရဲ့သီချင်းကိုအနားပေးရန်အစီအစဉ်မရှိကြောင်းပြန်လည်တုံ့ပြန်သွားပါတယ်။

ZawGyi

ဂႏၴဝင္အဆိုေတာ္ဖီးလ္ေကာလ္လင္းရဲ႕သီခ်င္းေနရာမွာ သူ႔သီခ်င္းကို အစားထိုးလိုက္တဲ့ ပီအက္စ္ဂ်ီကို DJ Snake ေဝဖန္

DJ Snake ဟာေဘာလုံးကြင္းတြင္တြင္ဖြင့္တဲ့သီခ်င္း Playlist ကိုအေျပာင္းအလဲျပဳလုပ္လာတဲ့ပီအက္စ္ဂ်ီအသင္းကိုေဝဖန္လိုက္ပါတယ္။

ျပင္သစ္လီဂူး၁ထိပ္သီးပီအက္စ္ဂ်ီဟာအစဥ္အလာအားျဖင့္ကစားသမားမ်ားကြင္းအတြင္းဝင္ေရာက္လာခ်ိန္တြင္ ဖီးလ္ေကာလင္းရဲ႕သီခ်င္းကိုအသုံးျပဳလာခဲ့တာအစဥ္အလာကဲ့သို႔ျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။ဒါေပမယ့္ပီအက္စ္ဂ်ီဟာေနာက္ပိုင္းမွာဖီးလ္ေကာလင္းရဲ႕သီခ်င္းေနရာမွာ DJ Snake ရဲ႕သီခ်င္းကိုအသုံးျပဳလာပါတယ္။

ပီအက္စ္ဂ်ီဟာ ေကာလင္းရဲ႕၁၉၈၅ခုႏွစ္တုန္းကအလြန္နာမည္ေက်ာ္ၾကားခဲ့တဲ့ Who Said I Would သီခ်င္းကိုအသုံးျပဳလာခဲ့တာႏွစ္ေပါင္းသုံးဆယ္တိုင္တိုင္ရွိၿပီျဖစ္ပါတယ္။

ဒါေပမယ့္ပီအက္စ္ဂ်ီဟာၿပီးခဲ့တဲ့ရက္သတၱပတ္မ်ားမွာ ဖီးလ္ေကာလင္းရဲ႕သီခ်င္းကိုမသုံးဘဲ DJ Snake ရဲ႕ Itro Mixed သီခ်င္းကိုအသုံးျပဳလာပါတယ္။

ပီအက္စ္ဂ်ီဟာယင္းသီခ်င္းကိုမက္ဆီကိုမိတ္ဆက္စဥ္ကစတင္အသုံးျပဳခဲ့တာျဖစ္ၿပီးယင္းေနာက္ပိုင္းတြင္ေရဆင္းစထရာေဘာ့ႏွင့္ပြဲတြင္လည္းေကာင္း၊စေနေန႔တုန္းကကလဲေမာင့္တို႔ႏွင့္ပြဲမ်ားတြင္သုံးလာပါတယ္။

ယခုအခါ DJ Snake ကိုယ္တိုင္ကဖီးလ္ေကာလင္းသီခ်င္းေနရာမွာသူ႔သီခ်င္းကိုအစားထိုးသုံးလာတဲ့ပီအက္စ္ဂ်ီကိုေဝဖန္မႈျပဳလုပ္လာပါတယ္။ပဲရစ္ဖြား ပီအက္စ္ဂ်ီပရိသတ္DJ Snake ဟာသူ႔သီခ်င္းကိုအသုံးျပဳမႈေၾကာင့္ဂုဏ္ယူရေသာ္လည္းအစဥ္အလာအားျဖင့္သုံးစြဲလာခဲ့တဲ့ဖီးလစ္ေကာလင္းရဲ႕သီခ်င္းေနရာမွာသူ႔သီခ်င္းအား အသုံးျပဳမႈအေပၚေဒါသထြက္ေနပါတယ္။

၎က “မက္ဆီရဲ႕မိတ္ဆက္ဗီဒီယိုအတြက္အဲဒီသီခ်င္းကိုေပးခဲ့တာပါ။ဒါနဲ႔ပတ္သက္ၿပီးလူသိရွင္ၾကားေျပာၿပီးကလပ္ကိုနစ္နာေအာင္မလုပ္ခ်င္ပါဘူး။ဒါေပမယ့္ပရိသတ္တစ္ေယာက္အေနနဲ႔ေတာ့လက္မခံႏိုင္ပါဘူး။အသင္းအေပၚကြၽန္ေတာ္ဘယ္ေလာက္ခ်စ္တာ အားလုံးလည္းအသိပါ”လို႔ေျပာၾကားသြားပါတယ္။

ေကာလင္းရဲ႕သီခ်င္းကိုပီအက္စ္ဂ်ီအသင္းအသုံးျပဳလာခဲ့တာ၂၉ႏွစ္တိုင္တိုင္ရွိၿပီျဖစ္ၿပီးပရိသတ္အႀကိဳက္သီခ်င္းလည္းျဖစ္ပါတယ္။

ဒါေပမယ့္ပီအက္စ္ဂ်ီကေတာ့ေကာလင္းရဲ႕သီခ်င္းကိုအနားေပးရန္အစီအစဥ္မရွိေၾကာင္းျပန္လည္တုံ႔ျပန္သြားပါတယ္။