ဂန်ဒိုဂန် ဒဏ်ရာရရှိသွားမှုနဲ့အတူ အဓိကကစားသမား ဆုံးရှုံးမှု မြင့်မားလာတဲ့ မန်စီးတီး

မန်စီးတီးဟာအိုင်ကေဂန်ဒိုဂန်ဒဏ်ရာရရှိလာမှုနဲ့အတူအဓိကကစားသမားများစွာမပါဝင်ဘဲပွဲများစွာရင်ဆိုင်ကစားလာရဖို့ရှိနေပါတယ်။

အသက်၃၀နှစ်ရှိမန်စီးတီးဒုတိယအသင်းခေါင်းဆောင်အိုင်ကေးဂန်ဒိုဂန်ဟာစနေနေ့တုန်းကဆောက်သမ်တန်နှင့်ဂိုးမရှိသရေကျတဲ့ပွဲစဉ်မှာပွဲချိန်ပြည့်ပါဝင်ကစားခဲ့သူဖြစ်ပြီးယခုရာသီတွင်မန်စီးတီးရဲ့ပွဲတိုင်းမှာပါဝင်ကစားထားသူလည်းဖြစ်ပါတယ်။

ဒါပေမယ့်ယခုအခါသူဟာမန်စီးတီးရဲ့ဒဏ်ရာရစာရင်းတွင်ပါဝင်လာပြီဖြစ်ပါတယ်။လက်ရှိအချိန်တွင်မန်စီးတီးတွင်ဒဏ်ရာရရှိနေသူများအဖြစ်ဂျွန်စတုန်း၊လာပေါ်တီ၊ရိုဒရီနှင့်ဇာချင်ကိုတို့ရှိနေပါတယ်။ဒါ့အပြင်ဇက်စတီဖင်မှာလည်းကိုဗစ်ကူးစက်ခံထားရပါတယ်။ဒါပေမယ့်မန်စီးတီးဒုတိယဂိုးသမားမှာမကြာမီပြန်ကစားနိုင်ဖို့ရှိပါတယ်။

မန်စီးတီးနည်းပြဂွါဒီယိုလာဟာယနေ့ညမှာဝိုင်ကွမ်ဘီနှင့်ရင်ဆိုင်ကစားရတဲ့ပွဲစဉ်မှာအဓိကကစားသမားအချို့ကိုအနားပေးပြီးလူငယ်ကစားသမားအများစုနဲ့ပွဲထွက်လာဖို့ရှိနေပါတယ်။

ZawGyi




