ဂယ်ရီအိုနေးလ်ကို ဆက်လက်အခွင့်အရေးပေးသွားဦးမယ့် ဘုန်းမောက်

ဘုန်းမောက်ရဲ့အသင်းပိုင်ရှင်သစ်ဝီလီယမ်ဖိုလေးဟာယာယီနည်းပြဂယ်ရီအိုနေးလ်ကိုအသင်းအားဆက်လက်ကိုင်တွယ်ခွင့်ပေးသွားဦးမှာဖြစ်ကြောင်းသိရပါတယ်။

အမေရိကန်ရင်းနှီးမြှပ်နှံသူဟာဘုန်းမောက်ကိုဝယ်ယူရေးအတွက်သဘောတူညီမှုရရှိထားပြီးဖြစ်ကာအပြီးသတ်ရေးအတွက်စာရွက်စာတမ်းလုပ်ဆောင်ရန်သာကျန်ပါတော့တယ်။

အသက်၃၉နှစ်ရှိဂယ်ရီအိုနေးလ်ဟာပြီးခဲ့တဲ့လတုန်းကစကော့ပါကားထုတ်ပယ်ခြင်းခံရပြီးနောက်ဘုန်းမောက်ကိုယာယီနည်းပြအဖြစ်ကိုင်တွယ်လာခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမဲ့ဂယ်ရီအိုနေးလ်ဟာဘုန်းမောက်ကိုယာယီနည်းပြအဖြစ်ကိုင်တွယ်စဉ်အတွင်းရလဒ်ကောင်းများရယူပေးထားနိုင်မှုနှင့်အတူ တစ်လတာအကောင်းဆုံးနည်းပြဆုအတွက်ဆန်ကာတင်စာရင်းတွင်ထည့်သွင်းခြင်းခံခဲ့ရပါတယ်။

ဘုန်းမောက်ဟာဘန်လေနည်းပြဟောင်းရှောင်ဒိုက်ချီကိုခန့်အပ်ရေးစိတ်ဝင်စားနေတယ်ဆိုပေမဲ့အသက်၇၀နှစ်ရှိဖိုလေးဟာဂယ်ရီအိုနေးလ်ကိုဆက်လက်အခွင့်အရေးပေးသွားရန်စီစဉ်ထားပါတယ်။

ဖိုလေးဟာလာမယ့်ဇန်နဝါရီလသို့ရောက်ချိန်တွင်မှအသင်းရဲ့လက်ရှိလူအင်အားနှင့်နည်းပြအခြေအနေကိုသုံးသပ်မှုပြုလုပ်ကာ အပြောင်းအလဲပြုလုပ်ရေးဆုံးဖြတ်သွားပါမယ်။

ဘုန်းမောက်ဟာအိုနေးလ်လက်ထက်တွင်ရှုံးပွဲမရှိသေးဘဲ ရမှတ်၅မှတ်(တစ်ပွဲနိုင်နှစ်ပွဲသရေ)ရယူထားနိုင်ကာအမှတ်ပေးဇယားအဆင့်၁၂နေရာမှာရပ်တည်နေပါတယ်။

ZawGyi

ဂယ္ရီအိုေနးလ္ကို ဆက္လက္အခြင့္အေရးေပးသြားဦးမယ့္ ဘုန္းေမာက္

ဘုန္းေမာက္ရဲ႕အသင္းပိုင္ရွင္သစ္ဝီလီယမ္ဖိုေလးဟာယာယီနည္းျပဂယ္ရီအိုေနးလ္ကိုအသင္းအားဆက္လက္ကိုင္တြယ္ခြင့္ေပးသြားဦးမွာျဖစ္ေၾကာင္းသိရပါတယ္။

အေမရိကန္ရင္းႏွီးျမႇပ္ႏွံသူဟာဘုန္းေမာက္ကိုဝယ္ယူေရးအတြက္သေဘာတူညီမႈရရွိထားၿပီးျဖစ္ကာအၿပီးသတ္ေရးအတြက္စာ႐ြက္စာတမ္းလုပ္ေဆာင္ရန္သာက်န္ပါေတာ့တယ္။

အသက္၃၉ႏွစ္ရွိဂယ္ရီအိုေနးလ္ဟာၿပီးခဲ့တဲ့လတုန္းကစေကာ့ပါကားထုတ္ပယ္ျခင္းခံရၿပီးေနာက္ဘုန္းေမာက္ကိုယာယီနည္းျပအျဖစ္ကိုင္တြယ္လာခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမဲ့ဂယ္ရီအိုေနးလ္ဟာဘုန္းေမာက္ကိုယာယီနည္းျပအျဖစ္ကိုင္တြယ္စဥ္အတြင္းရလဒ္ေကာင္းမ်ားရယူေပးထားႏိုင္မႈႏွင့္အတူ တစ္လတာအေကာင္းဆုံးနည္းျပဆုအတြက္ဆန္ကာတင္စာရင္းတြင္ထည့္သြင္းျခင္းခံခဲ့ရပါတယ္။

ဘုန္းေမာက္ဟာဘန္ေလနည္းျပေဟာင္းေရွာင္ဒိုက္ခ်ီကိုခန႔္အပ္ေရးစိတ္ဝင္စားေနတယ္ဆိုေပမဲ့အသက္၇၀ႏွစ္ရွိဖိုေလးဟာဂယ္ရီအိုေနးလ္ကိုဆက္လက္အခြင့္အေရးေပးသြားရန္စီစဥ္ထားပါတယ္။

ဖိုေလးဟာလာမယ့္ဇန္နဝါရီလသို႔ေရာက္ခ်ိန္တြင္မွအသင္းရဲ႕လက္ရွိလူအင္အားႏွင့္နည္းျပအေျခအေနကိုသုံးသပ္မႈျပဳလုပ္ကာ အေျပာင္းအလဲျပဳလုပ္ေရးဆုံးျဖတ္သြားပါမယ္။

ဘုန္းေမာက္ဟာအိုေနးလ္လက္ထက္တြင္ရႈံးပြဲမရွိေသးဘဲ ရမွတ္၅မွတ္(တစ္ပြဲႏိုင္ႏွစ္ပြဲသေရ)ရယူထားႏိုင္ကာအမွတ္ေပးဇယားအဆင့္၁၂ေနရာမွာရပ္တည္ေနပါတယ္။