ဂရက်ဇ်မန်းအတွက် အသင်းဟောင်းက တံခါးဖွင့်ထားပြီးသား

အက်သလက်တီကိုမက်ဒရစ်ဥက္ကဌအန်နရစ်စီရီဇိုကကစားသမားဟောင်းအန်တိုနီယိုဂရက်ဇ်မန်းအတွက်အသင်းရဲ့တံခါးကအမြဲဖွင့်ထားကြောင်းပြောကြားလိုက်ပါတယ်။ဂရက်ဇ်မန်းဟာလွန်ခဲ့တဲ့၂နှစ်တုန်းကအက်သလက်တီကိုမှဘာစီလိုနာသို့ပြောင်းခဲ့သူဖြစ်ပါတယ်။

ဂရက်ဇ်မန်းဟာအက်သလက်တီကိုတွင်အောင်မြင်မှုများရယူနိုင်ခဲ့သော်လည်းဘာစီလိုနာတွင်ရုန်းကန်ရကာဝေဖန်မှုများနှင့်ရင်ဆိုင်နေရပါတယ်။

စီရီဇိုက “ဘယ်အသင်းမဆိုဂရက်ဇ်မန်းကိုခေါ်ယူချင်ကြမှာပါ။သူကမှော်ဝင်နေတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။သူ့ကိုပြန်ခေါ်နိုင်ဖို့မျှော်လင့်ပါတယ်။ဒါပေမယ့်ဘာစီလိုနာကရောင်းချချင်မယ်လို့မထင်ပါဘူး။သူဟာဒီမှာမှော်ဆန်တဲ့ရာသီတွေပိုင်ဆိုင်ခဲ့ပြီးအက်သလက်တီကိုကိုတည်ဆောက်ခဲ့တဲ့သူပါ”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်စီရီဇိုကခြေစွမ်းပြနိုင်ရန်ရုန်းကန်ရမှုကြောင့်အနာဂတ်မရေမရာဖြစ်နေတဲ့ပေါ်တူဂီလက်ရွေးစင်ဖီးလစ်မှာအသင်းမှထွက်ခွာမည်မဟုတ်ကြောင်းလည်းအတည်ပြုသွားပါတယ်။

၎င်းက “သူထွက်ခွာသွားမှာမဟုတ်ပါဘူး။သူလည်းဒီမှာအထိုင်ကျနိုင်ဖို့ကြိုးစားနေပါတယ်။သူဟာတစ်နေ့မှာကမ္ဘာ့ဘောလုံးလောကရဲ့အကြီးကျယ်ဆုံးကစားသမားတွေထဲကတစ်ဦဂဖြစ်လာမယ့်သူပါ။ကစားသမားတွေကစက်မဟုတ်ပါဘူး။သူတို့မှာလည်းကောင်းတဲ့နေ့ရှိသလိုမကောင်းတဲ့နေ့လည်းရှိပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ဂရက္ဇ္မန္းအတြက္ အသင္းေဟာင္းက တံခါးဖြင့္ထားၿပီးသား

အက္သလက္တီကိုမက္ဒရစ္ဥကၠဌအန္နရစ္စီရီဇိုကကစားသမားေဟာင္းအန္တိုနီယိုဂရက္ဇ္မန္းအတြက္အသင္းရဲ႕တံခါးကအၿမဲဖြင့္ထားေၾကာင္းေျပာၾကားလိုက္ပါတယ္။ဂရက္ဇ္မန္းဟာလြန္ခဲ့တဲ့၂ႏွစ္တုန္းကအက္သလက္တီကိုမွဘာစီလိုနာသို႔ေျပာင္းခဲ့သူျဖစ္ပါတယ္။

ဂရက္ဇ္မန္းဟာအက္သလက္တီကိုတြင္ေအာင္ျမင္မႈမ်ားရယူႏိုင္ခဲ့ေသာ္လည္းဘာစီလိုနာတြင္႐ုန္းကန္ရကာေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။

စီရီဇိုက “ဘယ္အသင္းမဆိုဂရက္ဇ္မန္းကိုေခၚယူခ်င္ၾကမွာပါ။သူကေမွာ္ဝင္ေနတဲ့ကစားသမားတစ္ဦးျဖစ္ပါတယ္။သူ႔ကိုျပန္ေခၚႏိုင္ဖို႔ေမွ်ာ္လင့္ပါတယ္။ဒါေပမယ့္ဘာစီလိုနာကေရာင္းခ်ခ်င္မယ္လို႔မထင္ပါဘူး။သူဟာဒီမွာေမွာ္ဆန္တဲ့ရာသီေတြပိုင္ဆိုင္ခဲ့ၿပီးအက္သလက္တီကိုကိုတည္ေဆာက္ခဲ့တဲ့သူပါ”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္စီရီဇိုကေျခစြမ္းျပႏိုင္ရန္႐ုန္းကန္ရမႈေၾကာင့္အနာဂတ္မေရမရာျဖစ္ေနတဲ့ေပၚတူဂီလက္ေ႐ြးစင္ဖီးလစ္မွာအသင္းမွထြက္ခြာမည္မဟုတ္ေၾကာင္းလည္းအတည္ျပဳသြားပါတယ္။

၎က “သူထြက္ခြာသြားမွာမဟုတ္ပါဘူး။သူလည္းဒီမွာအထိုင္က်ႏိုင္ဖို႔ႀကိဳးစားေနပါတယ္။သူဟာတစ္ေန႔မွာကမာၻ႔ေဘာလုံးေလာကရဲ႕အႀကီးက်ယ္ဆုံးကစားသမားေတြထဲကတစ္ဦဂျဖစ္လာမယ့္သူပါ။ကစားသမားေတြကစက္မဟုတ္ပါဘူး။သူတို႔မွာလည္းေကာင္းတဲ့ေန႔ရွိသလိုမေကာင္းတဲ့ေန႔လည္းရွိပါတယ္”လို႔ေျပာၾကားသြားပါတယ္။