ဂရင်းနစ်ကမ္ဘာ့စံချိန်လက်မှတ် ရရှိသွားခဲ့ပြီဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာကမ္ဘာ့နိုင်ငံတကာဂိုးအများဆုံးသွင်းယူထားနိုင်သူအဖြစ်သမိုင်းမှတ်တမ်းရေးထိုးမှုအတွက်ဂရင်းနစ်ကမ္ဘာ့စံချိန်လက်မှတ်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

မန်ယူတကျော့ပြန်ခရစ္စတီယာနိုရော်နယ်ဒိုဟာအိုင်ယာလန်အား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာ၂ဂိုးသွင်းယူနိုင်ပြီးနောက်ပေါ်တူဂီအတွက်နိုင်ငံတကာပွဲ၁၈၀ကစားထားရာမှာ၁၁၁ဂိုးအထိသွင်းယူနိုင်ခဲ့ပြီးအလီဒါယီရဲ့နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်ကိုကျော်ဖြတ်ကာစံချိန်သစ်ရေးထိုးနိုင်ခဲ့ပါတယ်။

ယခုအခါဂရင်းနစ်ကမ္ဘာ့စံချိန်ကခရစ္စတီယာနိုရော်နယ်ဒိုအားဂရင်းနစ်စံချိန်ရေးထိုးနိုင်မှုအတွက်တရားဝင်အသိအမှတ်ပြုလက်မှတ်ပေးအပ်လာပြီဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာအိုင်ယာလန်နှင့်ပွဲတွင်အင်္ကျီချွတ်အောင်ပွဲခံမှုအတွက်အဝါကတ်ပြသခြင်းခံခဲ့ရမှုနဲ့အတူပေါ်တူဂီရဲ့အဇာဘိုင်ဂျန်နှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲပွဲပယ်ခံထားရပါတယ်။

ဒါကြောင့်လည်းသူဟာပေါ်တူဂီအသင်းမှစောစောစီးစီးနုတ်ထွက်ခွင့်ရရှိခဲ့ပြီးမန်ချက်စတာသို့ကြာသပတေးနေ့ကရောက်လာခဲ့ပါတယ်။သူဟာကွာရန်တင်းငါးရက်ပြည့်မယ့်လာမယ့်ဗုဒ္ဓဟူးနေ့မှာမန်ယူကစားဖော်သစ်များနှင့်အတူစတင်လေ့ကျင့်ခန်းဆင်းဖို့ရှိပါတယ်။

ZawGyi

ဂရင္းနစ္ကမာၻ႔စံခ်ိန္လက္မွတ္ ရရွိသြားခဲ့ၿပီျဖစ္တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာကမာၻ႔ႏိုင္ငံတကာဂိုးအမ်ားဆုံးသြင္းယူထားႏိုင္သူအျဖစ္သမိုင္းမွတ္တမ္းေရးထိုးမႈအတြက္ဂရင္းနစ္ကမာၻ႔စံခ်ိန္လက္မွတ္ရရွိသြားခဲ့ၿပီျဖစ္ပါတယ္။

မန္ယူတေက်ာ့ျပန္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအိုင္ယာလန္အား၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာ၂ဂိုးသြင္းယူႏိုင္ၿပီးေနာက္ေပၚတူဂီအတြက္ႏိုင္ငံတကာပြဲ၁၈၀ကစားထားရာမွာ၁၁၁ဂိုးအထိသြင္းယူႏိုင္ခဲ့ၿပီးအလီဒါယီရဲ႕ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးစံခ်ိန္ကိုေက်ာ္ျဖတ္ကာစံခ်ိန္သစ္ေရးထိုးႏိုင္ခဲ့ပါတယ္။

ယခုအခါဂရင္းနစ္ကမာၻ႔စံခ်ိန္ကခရစၥတီယာႏိုေရာ္နယ္ဒိုအားဂရင္းနစ္စံခ်ိန္ေရးထိုးႏိုင္မႈအတြက္တရားဝင္အသိအမွတ္ျပဳလက္မွတ္ေပးအပ္လာၿပီျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအိုင္ယာလန္ႏွင့္ပြဲတြင္အက်ႌခြၽတ္ေအာင္ပြဲခံမႈအတြက္အဝါကတ္ျပသျခင္းခံခဲ့ရမႈနဲ႔အတူေပၚတူဂီရဲ႕အဇာဘိုင္ဂ်န္ႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲပြဲပယ္ခံထားရပါတယ္။

ဒါေၾကာင့္လည္းသူဟာေပၚတူဂီအသင္းမွေစာေစာစီးစီးႏုတ္ထြက္ခြင့္ရရွိခဲ့ၿပီးမန္ခ်က္စတာသို႔ၾကာသပေတးေန႔ကေရာက္လာခဲ့ပါတယ္။သူဟာကြာရန္တင္းငါးရက္ျပည့္မယ့္လာမယ့္ဗုဒၶဟူးေန႔မွာမန္ယူကစားေဖာ္သစ္မ်ားႏွင့္အတူစတင္ေလ့က်င့္ခန္းဆင္းဖို႔ရွိပါတယ္။