ဂရင်းဝုဒ်မှာ ယူနိုက်တက်ရဲ့စတားဗဟိုတိုက်စစ်မှူး ဘယ်တော့မှဖြစ်လာမည်မဟုတ်ဟု သရဲနီဂန္ထဝင်ဆို

မန်ယူဂန္ထဝင်တိုက်စစ်မှူးအင်ဒီကိုးလ်ကမေဆင်ဂရင်းဝုဒ်ကိုကလပ်ရဲ့စတားဗဟိုတိုက်စစ်မှူးတစ်ဦး ဘယ်တော့မှဖြစ်လာမှာမဟုတ်ကြောင်းပြောကြားလိုက်ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းတွင်တတိယဂိုးအများဆုံးသွင်းယူထားသူအဖြစ်ရပ်တည်နေတဲ့အင်ဒီကိုးလ်ဟာလူငယ်ပါရမီရှင်တိုက်စစ်သမားမှာမန်ယူရဲ့အထောင်တိုက်စစ်မှူးနေရာတွင်ကစားရမှုနဲ့အတူဖိအားများလာမှာကိုလည်းစိုးရိမ်ပူပန်နေပါတယ်။

မေဆင်ဂရင်းဝုဒ်ဟာပြီးခဲ့တဲ့အပတ်စနေနေ့တုန်းကလိဒ်ယူနိုက်တက်အား၅-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်ကာဗာနီမပါဝင်နိုင်မှုနဲ့အတူအထောင်တိုက်စစ်မှူးအဖြစ်ကစားသွားခဲ့ပြီးဂိုး၁ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

မေဆင်ဂရင်းဝုဒ်ဟာတိုက်စစ်တွင်တောင်ပံနှစ်ဖက်အပြင်တိုက်စစ်မှူးနေရာတွင်လည်းကစားနိုင်တဲ့သူဖြစ်ပါတယ်။ဒါပေမယ့်အင်ဒီကိုးလ်ကတော့ဂရင်းဝုဒ်ကိုမန်ယူရဲ့အနာဂတ်ကျောနံပါတ်၉ပိုင်ရှင်လို့မမြင်ပါဘူး။

အင်ဒီကိုးလ်က “မေဆင်ကိုယ်တိုင်ကဗဟိုတိုက်စစ်မှူးအဖြစ်ကစားဖို့ဆန္ဒရှိတယ်လို့မထင်ပါဘူး။ဒီနေရာကကစားရတာအရမ်းအရမ်းခက်တဲ့နေရာပါ။ကျောနံပါတ်၉နေရာကအရမ်းဖိအားများတယ်။ဘယ်ခြမ်း၊ညာခြမ်းမှာကစားရတာနဲ့ကွာခြားတယ်။အထူးသဖြင့်အိုးထရက်ဖို့ဒ်မှာကျောနံပါတ်၉ကစားသမားဖြစ်ရတာပိုပြီးတော့ခက်ခဲပါတယ်”လို့ပြောကြားသွားပါတယ်။

ဆက်လက်ပြီးအင်ဒီကိုးလ်က “မေဆင်ရဲ့ပါရမီကသူ့ရဲ့ကံကောင်းမှုပါ။သူဟာတိုက်စစ်မှာနေရာစုံကစားနိုင်တယ်။ဒါပေမယ့်တစ်ချို့နည်းပြတွေ၊ဖလက်ချာ(မန်ယူနည်းစနစ်ဒါရိုက်တာ)အပါအဝင်အခြားလူတွေနဲ့စကားပြောကြည့်တော့သူ(ဂရင်းဝုဒ်)ဟာကျောနံပါတ်၉ကစားသမားဖြစ်လာနိုင်မယ်လို့မထင်ပါဘူး။ရှေ့မှာပြောခဲ့သလိုပေါ့ကျောနံပါတ်၉နေရာကကစားရတာခက်တယ်။မန်ယူရဲ့ကျောနံပါတ်၉ဖြစ်ရတာပိုခက်ခဲတယ်။ပြီးတော့သူ့အသက်အရွယ်မျိုးနဲ့ဆိုပိုခက်တာပေါ့”လို့ပြောကြားသွားပါတယ်။

ဒါပေမယ့်မေဆင်ဝုဒ်ကတော့မန်ယူဂန္ထဝင်တိုက်စစ်မှူးအင်ဒီကိုးလ်ရဲ့ပြောကြားမှုကိုသဘောမတူပါဘူး။၎င်းကကျောနံပါတ်၉နေရာမှာကာလရှည်ကစားလိုကြောင်း၊ဒါပေမယ့်နည်းပြကကစားစေလိုတဲ့နေရာမှာကစားမှာဖြစ်ကြောင်းဆိုသွားပါတယ်။

ဂရင်းဝုဒ်က “ကျောနံပါတ်၉နေရာမှာကစားချင်တာကြာပါပြီ။ဒါပေမယ်ဘယ်ခြမ်းပဲဖြစ်ဖြစ်၊ညာခြမ်းပဲဖြစ်ဖြစ်၊ကျောနံပါတ်၉နေရာပဲဖြစ်ဖြစ် နည်းပြကကစားဖို့ပြောလာတဲ့နေရာမှာပဲကစားပါမယ်။နှစ်နေရာလုံးကိုကြိုက်ပါတယ်။တောင်ပံမှာပဲကစားရကစားရ၊တိုက်စစ်မှူးအဖြစ်ပဲကစားရကစားရဘောလုံးကစားရရင်ပျော်နေမှာပါ။ကျွန်တော်ကဂိုးအများကြီးသွင်းတဲ့သူဖြစ်ချင်ပါတယ်။အကယ်ဒမီကကောင်လေးအားလုံးလိုပေါ့။ဒီနေရာကလူတိုင်းကစားချင်တဲ့နေရာပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ဂရင္းဝုဒ္မွာ ယူႏိုက္တက္ရဲ႕စတားဗဟိုတိုက္စစ္မႉး ဘယ္ေတာ့မွျဖစ္လာမည္မဟုတ္ဟု သရဲနီဂႏၴဝင္ဆို

မန္ယူဂႏၴဝင္တိုက္စစ္မႉးအင္ဒီကိုးလ္ကေမဆင္ဂရင္းဝုဒ္ကိုကလပ္ရဲ႕စတားဗဟိုတိုက္စစ္မႉးတစ္ဦး ဘယ္ေတာ့မွျဖစ္လာမွာမဟုတ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ပရီးမီးယားလိဂ္သမိုင္းတြင္တတိယဂိုးအမ်ားဆုံးသြင္းယူထားသူအျဖစ္ရပ္တည္ေနတဲ့အင္ဒီကိုးလ္ဟာလူငယ္ပါရမီရွင္တိုက္စစ္သမားမွာမန္ယူရဲ႕အေထာင္တိုက္စစ္မႉးေနရာတြင္ကစားရမႈနဲ႔အတူဖိအားမ်ားလာမွာကိုလည္းစိုးရိမ္ပူပန္ေနပါတယ္။

ေမဆင္ဂရင္းဝုဒ္ဟာၿပီးခဲ့တဲ့အပတ္စေနေန႔တုန္းကလိဒ္ယူႏိုက္တက္အား၅-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္တြင္ကာဗာနီမပါဝင္ႏိုင္မႈနဲ႔အတူအေထာင္တိုက္စစ္မႉးအျဖစ္ကစားသြားခဲ့ၿပီးဂိုး၁ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ေမဆင္ဂရင္းဝုဒ္ဟာတိုက္စစ္တြင္ေတာင္ပံႏွစ္ဖက္အျပင္တိုက္စစ္မႉးေနရာတြင္လည္းကစားႏိုင္တဲ့သူျဖစ္ပါတယ္။ဒါေပမယ့္အင္ဒီကိုးလ္ကေတာ့ဂရင္းဝုဒ္ကိုမန္ယူရဲ႕အနာဂတ္ေက်ာနံပါတ္၉ပိုင္ရွင္လို႔မျမင္ပါဘူး။

အင္ဒီကိုးလ္က “ေမဆင္ကိုယ္တိုင္ကဗဟိုတိုက္စစ္မႉးအျဖစ္ကစားဖို႔ဆႏၵရွိတယ္လို႔မထင္ပါဘူး။ဒီေနရာကကစားရတာအရမ္းအရမ္းခက္တဲ့ေနရာပါ။ေက်ာနံပါတ္၉ေနရာကအရမ္းဖိအားမ်ားတယ္။ဘယ္ျခမ္း၊ညာျခမ္းမွာကစားရတာနဲ႔ကြာျခားတယ္။အထူးသျဖင့္အိုးထရက္ဖို႔ဒ္မွာေက်ာနံပါတ္၉ကစားသမားျဖစ္ရတာပိုၿပီးေတာ့ခက္ခဲပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဆက္လက္ၿပီးအင္ဒီကိုးလ္က “ေမဆင္ရဲ႕ပါရမီကသူ႔ရဲ႕ကံေကာင္းမႈပါ။သူဟာတိုက္စစ္မွာေနရာစုံကစားႏိုင္တယ္။ဒါေပမယ့္တစ္ခ်ိဳ႕နည္းျပေတြ၊ဖလက္ခ်ာ(မန္ယူနည္းစနစ္ဒါ႐ိုက္တာ)အပါအဝင္အျခားလူေတြနဲ႔စကားေျပာၾကည့္ေတာ့သူ(ဂရင္းဝုဒ္)ဟာေက်ာနံပါတ္၉ကစားသမားျဖစ္လာႏိုင္မယ္လို႔မထင္ပါဘူး။ေရွ႕မွာေျပာခဲ့သလိုေပါ့ေက်ာနံပါတ္၉ေနရာကကစားရတာခက္တယ္။မန္ယူရဲ႕ေက်ာနံပါတ္၉ျဖစ္ရတာပိုခက္ခဲတယ္။ၿပီးေတာ့သူ႔အသက္အ႐ြယ္မ်ိဳးနဲ႔ဆိုပိုခက္တာေပါ့”လို႔ေျပာၾကားသြားပါတယ္။

ဒါေပမယ့္ေမဆင္ဝုဒ္ကေတာ့မန္ယူဂႏၴဝင္တိုက္စစ္မႉးအင္ဒီကိုးလ္ရဲ႕ေျပာၾကားမႈကိုသေဘာမတူပါဘူး။၎ကေက်ာနံပါတ္၉ေနရာမွာကာလရွည္ကစားလိုေၾကာင္း၊ဒါေပမယ့္နည္းျပကကစားေစလိုတဲ့ေနရာမွာကစားမွာျဖစ္ေၾကာင္းဆိုသြားပါတယ္။

ဂရင္းဝုဒ္က “ေက်ာနံပါတ္၉ေနရာမွာကစားခ်င္တာၾကာပါၿပီ။ဒါေပမယ္ဘယ္ျခမ္းပဲျဖစ္ျဖစ္၊ညာျခမ္းပဲျဖစ္ျဖစ္၊ေက်ာနံပါတ္၉ေနရာပဲျဖစ္ျဖစ္ နည္းျပကကစားဖို႔ေျပာလာတဲ့ေနရာမွာပဲကစားပါမယ္။ႏွစ္ေနရာလုံးကိုႀကိဳက္ပါတယ္။ေတာင္ပံမွာပဲကစားရကစားရ၊တိုက္စစ္မႉးအျဖစ္ပဲကစားရကစားရေဘာလုံးကစားရရင္ေပ်ာ္ေနမွာပါ။ကြၽန္ေတာ္ကဂိုးအမ်ားႀကီးသြင္းတဲ့သူျဖစ္ခ်င္ပါတယ္။အကယ္ဒမီကေကာင္ေလးအားလုံးလိုေပါ့။ဒီေနရာကလူတိုင္းကစားခ်င္တဲ့ေနရာပါ”လို႔ေျပာၾကားသြားပါတယ္။