ဂရာနစ်ဇာခါကို ၂၀၂၄ ခုနှစ်အထိ အာဆင်နယ် စာချုပ်သက်တမ်းတိုးချုပ်ဆို

အာဆင်နယ်ဟာဂရာနစ်ဇာခါရဲ့စာချုပ်အားတစ်နှစ်သက်တမ်းတိုးချုပ်ဆိုလိုက်ကြောင်းသိရပါတယ်။ဂရာနစ်ဇာခါရဲ့စာချုပ်မှာ၂၀၂၃ခုနှစ်တွင်ကုန်ဆုံးမည်ဖြစ်ပြီးစာချုပ်အတွင်းတွင်တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ပါဝင်ပါတယ်။အာဆင်နယ်ဟာယင်းစာချုပ်ပါအချက်ဖြင့်ဆွစ်ဇာလန်အသင်းခေါင်းဆောင်ကိုတစ်နှစ်သက်တမ်းတိုးလိုက်တာလည်းဖြစ်ပါတယ်။

ဆွစ်ဇာလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်အစောပိုင်းတုန်းကမော်ရင်ဟိုရှိရာရိုးမားသို့ပြောင်းဖို့နီးစပ်ခဲ့သူလည်းဖြစ်ပါတယ်။သူဟာရိုးမားနှင့်ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပေမယ့်ကလပ်နှစ်ခုအကြားပြောင်းရွှေ့ကြေးသဘောတူညီမှုမရရှိခဲ့ပါဘူး။

ယခုအခါအာဆင်နယ်နည်းပြအာတီတာဟာဇာခါကို၂၀၂၁-၂၂ဘောလုံးရာသီစီမံကိန်းတွင်လည်းအဓိကနေရာမှထည့်သွင်းထားမှုနဲ့အတူ၂၀၂၄ခုနှစ်အထိစာချုပ်သက်တမ်းတိုးချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

ဇာခါဟာအာဆင်နယ်အသင်းတွင်၂၀၂၅ခုနှစ်အထိဆက်ရှိနိုင်ပါသေးတယ်။ဇာခါနှင့်အာဆင်နယ်တို့ချုပ်ဆိုလိုက်တဲ့ယခုစာချုပ်အတွင်းတွင်၁နှစ်ထပ်မံသက်တမ်းတိုးနိုင်တဲ့အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါသေးတယ်။

လက်ရှိအချိန်တွင်သောမတ်စ်ပါတေးမှာဒဏ်ရာကြောင့်အနားယူနေရရာဇာခါဟာလာမယ့်ပွဲများတွင်လည်းအဓိကကစားသမားအဖြစ်ကစားခွင့်ရရှိလာဦးမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်အဖွင့်ပွဲတွင်ဘရန့်ဖို့ဒ်ကိုရှုံးနိမ့်ခဲ့တဲ့အာဆင်နယ်ဟာလာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်များအဖြစ်ချဲလ်ဆီး၊ဝက်စ်ဘရွန်း၊မန်စီးတီးတို့ကိုရင်ဆိုင်ရပါမယ်။

ZawGyi

ဂရာနစ္ဇာခါကို ၂၀၂၄ ခုႏွစ္အထိ အာဆင္နယ္ စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆို

အာဆင္နယ္ဟာဂရာနစ္ဇာခါရဲ႕စာခ်ဳပ္အားတစ္ႏွစ္သက္တမ္းတိုးခ်ဳပ္ဆိုလိုက္ေၾကာင္းသိရပါတယ္။ဂရာနစ္ဇာခါရဲ႕စာခ်ဳပ္မွာ၂၀၂၃ခုႏွစ္တြင္ကုန္ဆုံးမည္ျဖစ္ၿပီးစာခ်ဳပ္အတြင္းတြင္တစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္အခ်က္ပါဝင္ပါတယ္။အာဆင္နယ္ဟာယင္းစာခ်ဳပ္ပါအခ်က္ျဖင့္ဆြစ္ဇာလန္အသင္းေခါင္းေဆာင္ကိုတစ္ႏွစ္သက္တမ္းတိုးလိုက္တာလည္းျဖစ္ပါတယ္။

ဆြစ္ဇာလန္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္အေစာပိုင္းတုန္းကေမာ္ရင္ဟိုရွိရာ႐ိုးမားသို႔ေျပာင္းဖို႔နီးစပ္ခဲ့သူလည္းျဖစ္ပါတယ္။သူဟာ႐ိုးမားႏွင့္ပုဂၢိဳလ္ေရးသေဘာတူညီမႈရရွိခဲ့ေပမယ့္ကလပ္ႏွစ္ခုအၾကားေျပာင္းေ႐ႊ႕ေၾကးသေဘာတူညီမႈမရရွိခဲ့ပါဘူး။

ယခုအခါအာဆင္နယ္နည္းျပအာတီတာဟာဇာခါကို၂၀၂၁-၂၂ေဘာလုံးရာသီစီမံကိန္းတြင္လည္းအဓိကေနရာမွထည့္သြင္းထားမႈနဲ႔အတူ၂၀၂၄ခုႏွစ္အထိစာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုလိုက္ၿပီျဖစ္ပါတယ္။

ဇာခါဟာအာဆင္နယ္အသင္းတြင္၂၀၂၅ခုႏွစ္အထိဆက္ရွိႏိုင္ပါေသးတယ္။ဇာခါႏွင့္အာဆင္နယ္တို႔ခ်ဳပ္ဆိုလိုက္တဲ့ယခုစာခ်ဳပ္အတြင္းတြင္၁ႏွစ္ထပ္မံသက္တမ္းတိုးႏိုင္တဲ့အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါေသးတယ္။

လက္ရွိအခ်ိန္တြင္ေသာမတ္စ္ပါေတးမွာဒဏ္ရာေၾကာင့္အနားယူေနရရာဇာခါဟာလာမယ့္ပြဲမ်ားတြင္လည္းအဓိကကစားသမားအျဖစ္ကစားခြင့္ရရွိလာဦးမွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္အဖြင့္ပြဲတြင္ဘရန႔္ဖို႔ဒ္ကိုရႈံးနိမ့္ခဲ့တဲ့အာဆင္နယ္ဟာလာမယ့္ပရီးမီးယားလိဂ္ပြဲစဥ္မ်ားအျဖစ္ခ်ဲလ္ဆီး၊ဝက္စ္ဘ႐ြန္း၊မန္စီးတီးတို႔ကိုရင္ဆိုင္ရပါမယ္။