ဂရီမီယိုဒါဘီနိုင်ပွဲတွင် ခေါင်းတလားအတုကို ကိုင်ကာ အင်တာနေစီယွန်နယ်ကစားသမားများ အောင်ပွဲခံရပြီးနောက် ခိုက်ရန်ဖြစ်ပွားခဲ့

ဂရီမီယိုဒါဘီပွဲတွင်ဂရီမီယိုကိုအင်တာနေစီယွန်ကအနိုင်ရရှိတဲ့ပွဲအပြီးတွင်ဘရာဇီးဘောလုံးလောကရဲ့နောက်ထပ်ရုပ်ဆိုးကျည်းတန်တဲ့အဖြစ်အပျက်တစ်ခုထပ်မံဖြစ်ပွားခဲ့ပါတယ်။

အင်တာနေစီယွန်နယ်ဟာပထမပိုင်းမှာရှက်တာဒိုးနက်စ်ကစားသမားဟောင်းတိုင်ဆန်သွင်းယူတဲ့တစ်လုံးတည်းသောဂိုးဖြင့်အိမ်ကွင်းမှာဂရီမီယိုကို၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ပွဲပြီးခရာမှုတ်ချိန်တွင်အင်တာနေစီယွန်နယ်ကစားသမားများဟာပြိုင်ဘက်ဂရီမီယိုကိုလှောင်ပြောင်မှုပြုလုပ်ခဲ့ကြပါတယ်။

အင်တာနေစီယွန်နယ်ကစားသမားအချို့တို့ဟာဒုတိယတန်းသို့တန်းဆင်းရမယ့်အန္တရာယ်ဖြင့်ကြုံနေရတဲ့ဂရီမီယိုကိုအဆုံးသတ်သွားပြီဆိုတဲ့ သဘောမျိုးဖြင့်Cardboard ဖြင့်ပြုလုပ်ထားတဲ့ခေါင်းတလားကိုချီမြှောက်အောင်ပွဲခံခဲ့ကြပါတယ်။

ယင်းအချိန်တွင်ဂရီမီယိုကစားသမားများဟာဥမင်လှိုဏ်ခေါင်းအတွင်းသို့ဝင်ရောက်ရန်ထွက်ခွာနေချိန်ဖြစ်ပါတယ်။ဒါပေမယ့်၎င်းတို့ဟာကွင်းထဲမှာဘာဖြစ်ပျက်နေတယ်ဆိုတာမြင်တွေ့ရပြီးနောက်ကွင်းအတွင်းသို့ပြန်လည်ဝင်ရောက်ကာရန်မူရန်ကြိုးပမ်းခဲ့ကြပါတယ်။

ကစားသမားများအကြားတွင်အချင်းများခြင်း၊တွန်းထိုးခြင်း၊လည်ပင်းညှစ်ခြင်းတို့ဖြစ်ခဲ့ပြီးလုံခြုံရေးနှင့်နည်းပြအဖွဲ့ဝင်များကထိန်းသိမ်းမှုပြုလုပ်ခဲ့ရပါတယ်။ယင်းအဖြစ်အပျက်တွင်အဓိကနေရာမှပါဝင်ခဲ့တဲ့ဂရီမီယိုမှဘရူနိုကော်တက်ဇ်နှင့်အင်တာနေစီယွန်နယ်အလယ်တန်းကစားသမားပက်ထရစ်နက်စ်ခီမန်တိုတို့အနီကတ်ပြသခံခဲ့ရပါတယ်။

ဂရီမီယိုအသင်းဟာရာသီသိမ်းရန်၉ပွဲတည်းသာလိုတော့တဲ့အချိန်တွင်အမှတ်ပေးဇယားအဆင့်၁၉နေရာသို့ရောက်နေပြီးတန်းဆင်းဇုန်ထိပ်ဆုံးမှအသင်းနှင့်ရမှတ်၇မှတ်ကွာဟနေပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းကပါးမီးရပ်စ်ကို၃-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲအပြီးတွင်လည်းဂရီမီယိုပရိသတ်များဟာကွင်းအတွင်းသို့ဝင်ရောက်ကာ VAR ကိုဖျက်ဆီးမှုပြုလုပ်ခဲ့တဲ့အပြင်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။

ZawGyi

ဂရီမီယိုဒါဘီႏိုင္ပြဲတြင္ ေခါင္းတလားအတုကို ကိုင္ကာ အင္တာေနစီယြန္နယ္ကစားသမားမ်ား ေအာင္ပြဲခံရၿပီးေနာက္ ခိုက္ရန္ျဖစ္ပြားခဲ့

ဂရီမီယိုဒါဘီပြဲတြင္ဂရီမီယိုကိုအင္တာေနစီယြန္ကအႏိုင္ရရွိတဲ့ပြဲအၿပီးတြင္ဘရာဇီးေဘာလုံးေလာကရဲ႕ေနာက္ထပ္႐ုပ္ဆိုးက်ည္းတန္တဲ့အျဖစ္အပ်က္တစ္ခုထပ္မံျဖစ္ပြားခဲ့ပါတယ္။

အင္တာေနစီယြန္နယ္ဟာပထမပိုင္းမွာရွက္တာဒိုးနက္စ္ကစားသမားေဟာင္းတိုင္ဆန္သြင္းယူတဲ့တစ္လုံးတည္းေသာဂိုးျဖင့္အိမ္ကြင္းမွာဂရီမီယိုကို၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ပြဲၿပီးခရာမႈတ္ခ်ိန္တြင္အင္တာေနစီယြန္နယ္ကစားသမားမ်ားဟာၿပိဳင္ဘက္ဂရီမီယိုကိုေလွာင္ေျပာင္မႈျပဳလုပ္ခဲ့ၾကပါတယ္။

အင္တာေနစီယြန္နယ္ကစားသမားအခ်ိဳ႕တို႔ဟာဒုတိယတန္းသို႔တန္းဆင္းရမယ့္အႏၲရာယ္ျဖင့္ႀကဳံေနရတဲ့ဂရီမီယိုကိုအဆုံးသတ္သြားၿပီဆိုတဲ့ သေဘာမ်ိဳးျဖင့္Cardboard ျဖင့္ျပဳလုပ္ထားတဲ့ေခါင္းတလားကိုခ်ီေျမႇာက္ေအာင္ပြဲခံခဲ့ၾကပါတယ္။

ယင္းအခ်ိန္တြင္ဂရီမီယိုကစားသမားမ်ားဟာဥမင္လႈိဏ္ေခါင္းအတြင္းသို႔ဝင္ေရာက္ရန္ထြက္ခြာေနခ်ိန္ျဖစ္ပါတယ္။ဒါေပမယ့္၎တို႔ဟာကြင္းထဲမွာဘာျဖစ္ပ်က္ေနတယ္ဆိုတာျမင္ေတြ႕ရၿပီးေနာက္ကြင္းအတြင္းသို႔ျပန္လည္ဝင္ေရာက္ကာရန္မူရန္ႀကိဳးပမ္းခဲ့ၾကပါတယ္။

ကစားသမားမ်ားအၾကားတြင္အခ်င္းမ်ားျခင္း၊တြန္းထိုးျခင္း၊လည္ပင္းညႇစ္ျခင္းတို႔ျဖစ္ခဲ့ၿပီးလုံၿခဳံေရးႏွင့္နည္းျပအဖြဲ႕ဝင္မ်ားကထိန္းသိမ္းမႈျပဳလုပ္ခဲ့ရပါတယ္။ယင္းအျဖစ္အပ်က္တြင္အဓိကေနရာမွပါဝင္ခဲ့တဲ့ဂရီမီယိုမွဘ႐ူႏိုေကာ္တက္ဇ္ႏွင့္အင္တာေနစီယြန္နယ္အလယ္တန္းကစားသမားပက္ထရစ္နက္စ္ခီမန္တိုတို႔အနီကတ္ျပသခံခဲ့ရပါတယ္။

ဂရီမီယိုအသင္းဟာရာသီသိမ္းရန္၉ပြဲတည္းသာလိုေတာ့တဲ့အခ်ိန္တြင္အမွတ္ေပးဇယားအဆင့္၁၉ေနရာသို႔ေရာက္ေနၿပီးတန္းဆင္းဇုန္ထိပ္ဆုံးမွအသင္းႏွင့္ရမွတ္၇မွတ္ကြာဟေနပါတယ္။

ၿပီးခဲ့တဲ့အပတ္တုန္းကပါးမီးရပ္စ္ကို၃-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲအၿပီးတြင္လည္းဂရီမီယိုပရိသတ္မ်ားဟာကြင္းအတြင္းသို႔ဝင္ေရာက္ကာ VAR ကိုဖ်က္ဆီးမႈျပဳလုပ္ခဲ့တဲ့အျပင္လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ခိုက္ရန္ျဖစ္ပြားခဲ့ပါတယ္။