
ဂွါဒီယိုလာဟာမနေ့ညတုန်းကချဲလ်ဆီးကို၄-၀ဂိုးဖြင့်အနိုင်ရရှိပြီးနောက်နည်းပြဂရေဟမ်ပေါ်တာကိုမထုတ်ပယ်ရန်ချဲလ်ဆီးပူးတွဲပိုင်ရှင်တော့ဒ်ဘိုလေးကိုတောင်းဆိုလာပါတယ်။
ချဲလ်ဆီးနည်းပြဂရေဟမ်ပေါ်တာဟာမန်စီးတီးကို၄-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် နောက်ဆုံး၇ပွဲတွင်၅ပွဲမြောက်အရှုံးနှင့်ရင်ဆိုင်ရကာ ထုတ်ပယ်ခံရရန်ရေပန်းစားလာပါတယ်။
ဒါ့အပြင်ချဲလ်ဆီးပရိသတ်များဟာပထမပိုင်းမပြီးခင်မန်စီးတီးကို၃ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ချန်ပီယံလိဂ်ဖလားရယူပေးပြီးထုတ်ပယ်ခြင်းခံခဲ့ရတဲ့ နည်းပြဟောင်းသောမတ်စ်တူချယ်ရဲ့အမည်ကိုသံပြိုင်အော်ဟစ်ခဲ့ကြပါတယ်။
ပွဲအပြီးတွင်ဂွါဒီယိုလာကဂရေဟမ်ပေါ်တာမှာချဲလ်ဆီးကိုပထမဆုံးကိုင်တွယ်တဲ့ရာသီဖြစ်တာနှင့်အညီ အခက်အခဲကြုံရကြောင်း၊ ချဲလ်ဆီးပိုင်ရှင်တော့ဒ်ဘိုလေးအနေဖြင့်စိတ်ရှည်ကာအချိန်ပေးသွားရမည်ဖြစ်ကြောင်းပြောကြားသွားပါတယ်။
ဂွါဒီယိုလာက”သူ့ကိုအချိန်ပေးဖို့တော့ဒ်ဘိုလေးကိုတောင်းဆိုချင်ပါတယ်။ကလပ်ကြီးတွေမှာရလဒ်ကအရေးကြီးတာသိပါတယ်။ဒါပေမဲ့သူ့ကိုအချိန်ပေးစေချင်ပါတယ်။ဘရိုက်တန်မှာသူလုပ်ခဲ့တာအရမ်းကောင်းတယ်။နည်းပြတိုင်းအချိန်ရဖို့လိုတယ်။ပထမဆုံးရာသီမှာအချိန်ပေးသင့်တယ်”လို့ပြောကြားသွားပါတယ်။
ZawGyi
ဂေရဟမ္ေပၚတာကို မထုတ္ပယ္ရန္ ခ်ဲလ္ဆီးပိုင္ရွင္ေတာ့ဒ္ဘိုေလးကို ဂြါဒီယိုလာေတာင္းဆို
ဂြါဒီယိုလာဟာမေန႔ညတုန္းကခ်ဲလ္ဆီးကို၄-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးေနာက္နည္းျပဂေရဟမ္ေပၚတာကိုမထုတ္ပယ္ရန္ခ်ဲလ္ဆီးပူးတြဲပိုင္ရွင္ေတာ့ဒ္ဘိုေလးကိုေတာင္းဆိုလာပါတယ္။
ခ်ဲလ္ဆီးနည္းျပဂေရဟမ္ေပၚတာဟာမန္စီးတီးကို၄-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ ေနာက္ဆုံး၇ပြဲတြင္၅ပြဲေျမာက္အရႈံးႏွင့္ရင္ဆိုင္ရကာ ထုတ္ပယ္ခံရရန္ေရပန္းစားလာပါတယ္။
ဒါ့အျပင္ခ်ဲလ္ဆီးပရိသတ္မ်ားဟာပထမပိုင္းမၿပီးခင္မန္စီးတီးကို၃ဂိုးျပတ္ရႈံးနိမ့္ၿပီးေနာက္ ခ်န္ပီယံလိဂ္ဖလားရယူေပးၿပီးထုတ္ပယ္ျခင္းခံခဲ့ရတဲ့ နည္းျပေဟာင္းေသာမတ္စ္တူခ်ယ္ရဲ႕အမည္ကိုသံၿပိဳင္ေအာ္ဟစ္ခဲ့ၾကပါတယ္။
ပြဲအၿပီးတြင္ဂြါဒီယိုလာကဂေရဟမ္ေပၚတာမွာခ်ဲလ္ဆီးကိုပထမဆုံးကိုင္တြယ္တဲ့ရာသီျဖစ္တာႏွင့္အညီ အခက္အခဲႀကဳံရေၾကာင္း၊ ခ်ဲလ္ဆီးပိုင္ရွင္ေတာ့ဒ္ဘိုေလးအေနျဖင့္စိတ္ရွည္ကာအခ်ိန္ေပးသြားရမည္ျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။
ဂြါဒီယိုလာက”သူ႔ကိုအခ်ိန္ေပးဖို႔ေတာ့ဒ္ဘိုေလးကိုေတာင္းဆိုခ်င္ပါတယ္။ကလပ္ႀကီးေတြမွာရလဒ္ကအေရးႀကီးတာသိပါတယ္။ဒါေပမဲ့သူ႔ကိုအခ်ိန္ေပးေစခ်င္ပါတယ္။ဘ႐ိုက္တန္မွာသူလုပ္ခဲ့တာအရမ္းေကာင္းတယ္။နည္းျပတိုင္းအခ်ိန္ရဖို႔လိုတယ္။ပထမဆုံးရာသီမွာအခ်ိန္ေပးသင့္တယ္”လို႔ေျပာၾကားသြားပါတယ္။