
မော်ရီစီယိုပိုချက်တီနိုဟာဂရေဟမ်ပေါ်တာအထုတ်ခံလာရပါက ချဲလ်ဆီးနည်းပြရာထူးကိုရယူရန်ဆန္ဒရှိနေပါတယ်။
စပါးစ်နည်းပြဟောင်းဟာပြီးခဲ့တဲ့ဇူလိုင်လတုန်းကပီအက်စ်ဂျီနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပြီးနောက်အသင်းလက်မဲ့ဖြစ်နေခဲ့သူဖြစ်ပါတယ်။
ဂရေဟမ်ပေါ်တာဟာနောက်ဆုံးပြိုင်ပွဲအရပ်ရပ်၇ပွဲတွင်တစ်ပွဲတည်းသာအနိုင်ရယူထားနိုင်မှုနဲ့အတူစတမ်းဖို့ဒ်ဘရစ်ချ်တွင်ဖိအားများနှင့်ကြုံနေရပါတယ်။
ချဲလ်ဆီးပရိသတ်များဟာတနင်္ဂနွေနေ့တုန်းကမန်စီးတီးကို၄-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်တွင်ဂရေဟမ်ပေါ်တာကိုထုတ်ပယ်ရန်ဖိအားပေးလာခဲ့ကြပါတယ်။
ယနေ့တွင် The Sun ရဲ့ဖော်ပြလာမှုအရအသက်၅၀နှစ်ရှိအာဂျင်တီးနားလူမျိုးနည်းပြဟာချဲလ်ဆီးဘက်ကသာဆက်သွယ်လာမည်ဆိုပါကချဲလ်ဆီးကိုကိုင်တွယ်ရန်အသင့်ရှိနေကြောင်းသိရပါတယ်။
ပိုချက်တီနိုဟာချဲလ်ဆီးရဲ့လန်ဒန်ပြိုင်ဘက်စပါးစ်ကိုကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး အင်္ဂလန်တွင်နေအိမ်ပိုင်ဆိုင်ထားဆဲဖြစ်သလိုသူ့ရဲ့အချိန်အများစုကိုလည်းအင်္ဂလန်မှာပင်ကုန်ဆုံးနေသူဖြစ်ပါတယ်။
လက်ရှိအချိန်တွင်ချဲလ်ဆီးဘုတ်အဖွဲ့ဟာဂရေဟမ်ပေါ်တာရဲ့အနာဂတ်ကိုစဉ်းစားနေတယ်ဆိုပေမဲ့လည်းယခုလအကုန်အထိအသင်းရဲ့အခြေအနေကိုအပြောင်းအလဲဖြစ်အောင်ပြုလုပ်ရေးအခွင့်အရေးပေးထားပါသေးတယ်။
ချဲလ်ဆီးဟာမနက်ဖြန်ညတွင်ဒေသတွင်ပြိုင်ဘက်ဖူလ်ဟမ်နှင့်ရင်ဆိုင်ရမှာဖြစ်ပြီးတနင်္ဂနွေနေ့တွင်လန်ဒန်ပြိုင်ဘက်ခရစ္စတယ်ပဲလေ့စ်နှင့်ထပ်မံရင်ဆိုင်ရပါမယ်။
ZawGyi
ဂေရဟမ္ေပၚတာ အထုတ္ခံရပါက ခ်ဲလ္ဆီးနည္းျပရာထူးကို ရယူရန္ ပိုခ်က္တီႏို စိတ္ဝင္စားေန
ေမာ္ရီစီယိုပိုခ်က္တီႏိုဟာဂေရဟမ္ေပၚတာအထုတ္ခံလာရပါက ခ်ဲလ္ဆီးနည္းျပရာထူးကိုရယူရန္ဆႏၵရွိေနပါတယ္။
စပါးစ္နည္းျပေဟာင္းဟာၿပီးခဲ့တဲ့ဇူလိုင္လတုန္းကပီအက္စ္ဂ်ီနည္းျပရာထူးမွထုတ္ပယ္ျခင္းခံရၿပီးေနာက္အသင္းလက္မဲ့ျဖစ္ေနခဲ့သူျဖစ္ပါတယ္။
ဂေရဟမ္ေပၚတာဟာေနာက္ဆုံးၿပိဳင္ပြဲအရပ္ရပ္၇ပြဲတြင္တစ္ပြဲတည္းသာအႏိုင္ရယူထားႏိုင္မႈနဲ႔အတူစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္ဖိအားမ်ားႏွင့္ႀကဳံေနရပါတယ္။
ခ်ဲလ္ဆီးပရိသတ္မ်ားဟာတနဂၤေႏြေန႔တုန္းကမန္စီးတီးကို၄-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့အက္ဖ္ေအဖလားတတိယအဆင့္ပြဲစဥ္တြင္ဂေရဟမ္ေပၚတာကိုထုတ္ပယ္ရန္ဖိအားေပးလာခဲ့ၾကပါတယ္။
ယေန႔တြင္ The Sun ရဲ႕ေဖာ္ျပလာမႈအရအသက္၅၀ႏွစ္ရွိအာဂ်င္တီးနားလူမ်ိဳးနည္းျပဟာခ်ဲလ္ဆီးဘက္ကသာဆက္သြယ္လာမည္ဆိုပါကခ်ဲလ္ဆီးကိုကိုင္တြယ္ရန္အသင့္ရွိေနေၾကာင္းသိရပါတယ္။
ပိုခ်က္တီႏိုဟာခ်ဲလ္ဆီးရဲ႕လန္ဒန္ၿပိဳင္ဘက္စပါးစ္ကိုကိုင္တြယ္ခဲ့ဖူးသူျဖစ္ၿပီး အဂၤလန္တြင္ေနအိမ္ပိုင္ဆိုင္ထားဆဲျဖစ္သလိုသူ႔ရဲ႕အခ်ိန္အမ်ားစုကိုလည္းအဂၤလန္မွာပင္ကုန္ဆုံးေနသူျဖစ္ပါတယ္။
လက္ရွိအခ်ိန္တြင္ခ်ဲလ္ဆီးဘုတ္အဖြဲ႕ဟာဂေရဟမ္ေပၚတာရဲ႕အနာဂတ္ကိုစဥ္းစားေနတယ္ဆိုေပမဲ့လည္းယခုလအကုန္အထိအသင္းရဲ႕အေျခအေနကိုအေျပာင္းအလဲျဖစ္ေအာင္ျပဳလုပ္ေရးအခြင့္အေရးေပးထားပါေသးတယ္။
ခ်ဲလ္ဆီးဟာမနက္ျဖန္ညတြင္ေဒသတြင္ၿပိဳင္ဘက္ဖူလ္ဟမ္ႏွင့္ရင္ဆိုင္ရမွာျဖစ္ၿပီးတနဂၤေႏြေန႔တြင္လန္ဒန္ၿပိဳင္ဘက္ခရစၥတယ္ပဲေလ့စ္ႏွင့္ထပ္မံရင္ဆိုင္ရပါမယ္။