ဂရေ့ဗ်ရဲ့စံချိန်ကို ချိုးကာ စပါးစ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူဖြစ်လာပြီးနောက် ချဲလ်ဆီးနှင့်ပွဲတွင် အထူးထုတ်ဖိနပ်စီးကာ ဂိုးထပ်သွင်းခဲ့တဲ့ ဟယ်ရီကိန်း

ဟယ်ရီကိန်းဟာစပါးစ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူဖြစ်လာပြီးနောက်ချဲလ်ဆီးနှင့်ပွဲတွင်အထူးထုတ်စပါယ်ရှယ်ဖိနပ်စီးကာကစားသွားခဲ့ကာဂိုးထပ်မံသွင်းယူခဲ့ပါတယ်။

ဟယ်ရီကိန်းဟာ Nike ထုတ် “ALL TIME TOP SCORER” ဆိုတဲ့စာသားနှင့် ၀၅.၀၂.၂၀၂၃ ဆိုတဲ့စာသားပါ ဖိနပ်ကိုစီးသွားခဲ့တာဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာ၀၅.၀၂.၂၀၂၃ရက်နေ့တွင်ဂျမ်မီဂရေ့ဗ်ရဲ့စပါးစ်သမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းယူသူစံချိန်ကိုရိုက်ချိုးခဲ့သူဖြစ်ပါတယ်။

သူဟာယခုလအစောပိုင်းတုန်းကမန်စီးတီးနှင့်ပွဲတွင်စပါးစ်အတွက်၂၆၇ဂိုးမြောက်ဂိုးအားသွင်းယူကာ၅၃နှစ်ကြာမြင့်ခဲ့တဲ့ဂျမ်မီဂရေ့ဗ်ရဲ့စံချိန်ကိုရိုက်ချိုးခဲ့ပါတယ်။

သူဟာမနေ့ညတုန်းကချဲလ်ဆီးကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်လည်းစပါးစ်အတွက်ဒုတိယအနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

ZawGyi





