ဂရဲလ်လစ်ရှ်နှင့်ဖိုဒန်တို့က အင်္ဂလန်ပွဲထွက်နေရာအား ခြိမ်းခြောက်နေမှုအပေါ် ရပ်ရှ်ဖို့ဒ်မစိုးရိမ်

မန်ယူတိုက်စစ်မှူးမားကပ်စ်ရပ်ရှ်ဖို့ဒ်ကသူ့ရဲ့အင်္ဂလန်ပွဲထွက်ကစားသမားနေရာအားဂျက်ဂရဲလ်လစ်ရှ်နှင့်ဖီးလ်ဖိုဒန်တို့ကခြိမ်းခြောက်နေမှုအပေါ်မစိုးရိမ်ကြောင်းပြောကြားလိုက်ပါတယ်။

အင်္ဂလန်နည်းပြဂရေမီဆောက်ဂိတ်ဟာလာမယ့်တနင်္ဂနွေနေ့တွင်ကစားရမယ့်ခရိုအေးရှားနှင့်ပွဲအတွက်ပြင်ဆင်နေပြီးတိုက်စစ်တွင်ဟယ်ရီကိန်းကိုမည်သူနဲ့ပွဲထွက်လာမည်ကိုခန့်မှန်းရခက်နေပါတယ်။

ပြီးခဲ့တဲ့လများအတွင်းတွင်အင်္ဂလန်အသင်းတိုက်စစ်ကိုဟယ်ရီကိန်း၊ရပ်ရှ်ဖို့ဒ်နှင့်စတာလင်းတို့ကဦးဆောင်လာခဲ့ပါတယ်။ဒါပေမယ့်ဩစတြီးယား၊ရိုမေးနီးယားတို့နှင့်ခြေစမ်းပွဲများတွင်ဂျက်ဂရဲလ်လစ်ရှ်ခြေစွမ်းပြနိုင်မှု၊ဖီးလ်ဖိုဒန်အကောင်းဆုံးတောက်ပနေမှုအပြင်ဂျာဒွန်ဆန်ချိုကလည်းပွဲထွက်နေရာအတွက်ခြိမ်းခြောက်လာနေပါတယ်။ဒါပေမယ့်ရပ်ရှ်ဖို့ဒ်ကတော့သူ့နေရာအားခြိမ်းခြောက်နေမှုအပေါ်စိုးရိမ်ခြင်းမရှိပါဘူး။

ရပ်ရှ်ဖို့ဒ်က “လူတိုင်းကပွဲထွက်ကစားသမားစာရင်းမှာပါဝင်ချင်ပါတယ်။ဒါပေမယ့်တစ်သင်းလုံးလည်းလိုအပ်ပါတယ်။ကွဲပြားတဲ့အချိန်တွေမှာကွဲပြားအောင်လုပ်နိုင်ဖို့အပိုကစားသမားတွေလိုပါတယ်။ပြိုင်ပွဲတစ်ပွဲမှာအောင်မြင်မှုရဖို့ဆိုတာပွဲထွက်ကစားသမားတွေချည်းနဲ့မဆိုင်ပါဘူး။ပွဲထွက်ခွင့်ရတယ်ပဲဖြစ်ဖြစ်၊မရရင်ဘဲဖြစ်ဖြစ်အားလုံးမှာကိုယ်စီတာဝန်ရှိပါတယ်။တိုတောင်းတဲ့ကာလအတွင်းမှာ၁၁ဦးတည်းကိုသုံးပြီး၇ပွဲဆက်နိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး”လို့ပြောကြားသွားပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာတနင်္ဂနွေနေ့တုန်းကရိုမေးနီးယားနှင့်ပွဲတွင်အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ်ပထမဆုံးအကြိမ်တာဝန်ယူခွင့်ရရှိခဲ့ပြီးတစ်လုံးတည်းသောအနိုင်ဂိုးအားပင်နယ်တီမှတစ်ဆင့်သွင်းယူခဲ့ပါတယ်။

ZawGyi

ဂရဲလ္လစ္ရွ္ႏွင့္ဖိုဒန္တို႔က အဂၤလန္ပြဲထြက္ေနရာအား ၿခိမ္းေျခာက္ေနမႈအေပၚ ရပ္ရွ္ဖို႔ဒ္မစိုးရိမ္

မန္ယူတိုက္စစ္မႉးမားကပ္စ္ရပ္ရွ္ဖို႔ဒ္ကသူ႔ရဲ႕အဂၤလန္ပြဲထြက္ကစားသမားေနရာအားဂ်က္ဂရဲလ္လစ္ရွ္ႏွင့္ဖီးလ္ဖိုဒန္တို႔ကၿခိမ္းေျခာက္ေနမႈအေပၚမစိုးရိမ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

အဂၤလန္နည္းျပဂေရမီေဆာက္ဂိတ္ဟာလာမယ့္တနဂၤေႏြေန႔တြင္ကစားရမယ့္ခ႐ိုေအးရွားႏွင့္ပြဲအတြက္ျပင္ဆင္ေနၿပီးတိုက္စစ္တြင္ဟယ္ရီကိန္းကိုမည္သူနဲ႔ပြဲထြက္လာမည္ကိုခန႔္မွန္းရခက္ေနပါတယ္။

ၿပီးခဲ့တဲ့လမ်ားအတြင္းတြင္အဂၤလန္အသင္းတိုက္စစ္ကိုဟယ္ရီကိန္း၊ရပ္ရွ္ဖို႔ဒ္ႏွင့္စတာလင္းတို႔ကဦးေဆာင္လာခဲ့ပါတယ္။ဒါေပမယ့္ဩစႀတီးယား၊႐ိုေမးနီးယားတို႔ႏွင့္ေျခစမ္းပြဲမ်ားတြင္ဂ်က္ဂရဲလ္လစ္ရွ္ေျခစြမ္းျပႏိုင္မႈ၊ဖီးလ္ဖိုဒန္အေကာင္းဆုံးေတာက္ပေနမႈအျပင္ဂ်ာဒြန္ဆန္ခ်ိဳကလည္းပြဲထြက္ေနရာအတြက္ၿခိမ္းေျခာက္လာေနပါတယ္။ဒါေပမယ့္ရပ္ရွ္ဖို႔ဒ္ကေတာ့သူ႔ေနရာအားၿခိမ္းေျခာက္ေနမႈအေပၚစိုးရိမ္ျခင္းမရွိပါဘူး။

ရပ္ရွ္ဖို႔ဒ္က “လူတိုင္းကပြဲထြက္ကစားသမားစာရင္းမွာပါဝင္ခ်င္ပါတယ္။ဒါေပမယ့္တစ္သင္းလုံးလည္းလိုအပ္ပါတယ္။ကြဲျပားတဲ့အခ်ိန္ေတြမွာကြဲျပားေအာင္လုပ္ႏိုင္ဖို႔အပိုကစားသမားေတြလိုပါတယ္။ၿပိဳင္ပြဲတစ္ပြဲမွာေအာင္ျမင္မႈရဖို႔ဆိုတာပြဲထြက္ကစားသမားေတြခ်ည္းနဲ႔မဆိုင္ပါဘူး။ပြဲထြက္ခြင့္ရတယ္ပဲျဖစ္ျဖစ္၊မရရင္ဘဲျဖစ္ျဖစ္အားလုံးမွာကိုယ္စီတာဝန္ရွိပါတယ္။တိုေတာင္းတဲ့ကာလအတြင္းမွာ၁၁ဦးတည္းကိုသုံးၿပီး၇ပြဲဆက္ႏိုင္ဖို႔ဆိုတာမျဖစ္ႏိုင္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာတနဂၤေႏြေန႔တုန္းက႐ိုေမးနီးယားႏွင့္ပြဲတြင္အဂၤလန္အသင္းေခါင္းေဆာင္အျဖစ္ပထမဆုံးအႀကိမ္တာဝန္ယူခြင့္ရရွိခဲ့ၿပီးတစ္လုံးတည္းေသာအႏိုင္ဂိုးအားပင္နယ္တီမွတစ္ဆင့္သြင္းယူခဲ့ပါတယ္။