
မန်ချက်စတာယူနိုက်တက်စူပါစတားခရစ္စတီယာနိုရော်နယ်ဒိုက ကလပ်အသင်းပိုင်ရှင်ဂလေဇာမိသားစုမှာကလပ်ရဲ့အားကစားအောင်မြင်ရေးအပေါ်ဂရုမစိုက်ကြောင်းပြောကြားလာပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာတနင်္လာနေ့တုန်းကထွက်ပေါ်လာတဲ့Talk TV နှင့်အင်တာဗျူးတွင်ကလပ်ရဲ့သစ္စာဖောက်ခြင်းခံရတယ်လို့ခံစားရကြောင်းဖွင့်ဟခဲ့ဖူးပါတယ်။
ဒါ့အပြင်ယခုအခါခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ချက်စတာယူနိုက်တက်ပိုင်ရှင်ကိုလည်းနောက်ထပ်တိုက်ခိုက်မှုတစ်ခုပြုလုပ်လာပြန်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုက “မန်ချက်စတာယူနိုက်တက်က မတ်ကက်တင်းကလပ်ဖြစ်ပါတယ်။သူတို့ကမတ်ကက်တင်းလုပ်ပြီးပိုက်ဆံရှာတယ်။မန်ချက်စတာယူနိုက်တက်အနေနဲ့နောက်ထပ်နှစ်နှစ်သုံးနှစ်အတွင်းဘောလုံးလောကရဲ့ထိပ်ဆုံးဖြစ်လာဖို့ခက်ခဲနေတယ်”လို့ယင်းအင်တာဗျူးတွင်ဆိုသွားပါတယ်။
ဆက်လက်ပြီးယခုရာသီတွင်ယူနိုက်တက်အတွက်ပရီးမီးယားလိဂ်ဂိုးတစ်ဂိုးတည်းသာသွင်းထားနိုင်တဲ့ရော်နယ်ဒိုက “ကလပ်ရဲ့ပိုင်ရှင်တွေဖြစ်တဲ့ဂလေဇာတွေကကလပ်ရဲ့ပရော်ဖက်ရှင်နယ်အားကစားနဲ့ပတ်သက်ပြီးဂရုမစိုက်ကြဘူး”လို့ပြောကြားသွားပါတယ်။
ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒိုက၂၀၀၅ခုနှစ်တွင်မန်ချက်စတာယူနိုက်တက်ကိုပိုင်ဆိုင်လာခဲ့တဲ့ဂလေဇာမိသားစုနှင့်တစ်ကြိမ်မျှမဆုံခဲ့ဖူးကြောင်းလည်းဆိုသွားပါတယ်။
ဂလေဇာမိသားစုဟာယူနိုက်တက်ကိုအကြွေးဖြင့်ဝယ်ယူလိုက်ပြီးနောက် ငွေရရှိရေးသာလုပ်ဆောင်နေမှုနှင့်အတူ ယူနိုက်တက်ပရိသတ်များရဲ့စဉ်ဆက်မပြတ်ဆန္ဒပြသပိတ်မှောက်မှုများနှင့်ကြုံလာရပါတယ်။
ZawGyi
ဂေလဇာမိသားစုမွာ မန္ခ်က္စတာယူႏိုက္တက္ကို ဂ႐ုမစိုက္ေၾကာင္း ခရစၥတီယာႏိုေရာ္နယ္ဒိုေျပာၾကား
မန္ခ်က္စတာယူႏိုက္တက္စူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုက ကလပ္အသင္းပိုင္ရွင္ဂေလဇာမိသားစုမွာကလပ္ရဲ႕အားကစားေအာင္ျမင္ေရးအေပၚဂ႐ုမစိုက္ေၾကာင္းေျပာၾကားလာပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာတနလၤာေန႔တုန္းကထြက္ေပၚလာတဲ့Talk TV ႏွင့္အင္တာဗ်ဴးတြင္ကလပ္ရဲ႕သစၥာေဖာက္ျခင္းခံရတယ္လို႔ခံစားရေၾကာင္းဖြင့္ဟခဲ့ဖူးပါတယ္။
ဒါ့အျပင္ယခုအခါခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ခ်က္စတာယူႏိုက္တက္ပိုင္ရွင္ကိုလည္းေနာက္ထပ္တိုက္ခိုက္မႈတစ္ခုျပဳလုပ္လာျပန္ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုက “မန္ခ်က္စတာယူႏိုက္တက္က မတ္ကက္တင္းကလပ္ျဖစ္ပါတယ္။သူတို႔ကမတ္ကက္တင္းလုပ္ၿပီးပိုက္ဆံရွာတယ္။မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ေနာက္ထပ္ႏွစ္ႏွစ္သုံးႏွစ္အတြင္းေဘာလုံးေလာကရဲ႕ထိပ္ဆုံးျဖစ္လာဖို႔ခက္ခဲေနတယ္”လို႔ယင္းအင္တာဗ်ဴးတြင္ဆိုသြားပါတယ္။
ဆက္လက္ၿပီးယခုရာသီတြင္ယူႏိုက္တက္အတြက္ပရီးမီးယားလိဂ္ဂိုးတစ္ဂိုးတည္းသာသြင္းထားႏိုင္တဲ့ေရာ္နယ္ဒိုက “ကလပ္ရဲ႕ပိုင္ရွင္ေတြျဖစ္တဲ့ဂေလဇာေတြကကလပ္ရဲ႕ပေရာ္ဖက္ရွင္နယ္အားကစားနဲ႔ပတ္သက္ၿပီးဂ႐ုမစိုက္ၾကဘူး”လို႔ေျပာၾကားသြားပါတယ္။
ဒါ့အျပင္ခရစၥတီယာႏိုေရာ္နယ္ဒိုက၂၀၀၅ခုႏွစ္တြင္မန္ခ်က္စတာယူႏိုက္တက္ကိုပိုင္ဆိုင္လာခဲ့တဲ့ဂေလဇာမိသားစုႏွင့္တစ္ႀကိမ္မွ်မဆုံခဲ့ဖူးေၾကာင္းလည္းဆိုသြားပါတယ္။
ဂေလဇာမိသားစုဟာယူႏိုက္တက္ကိုအေႂကြးျဖင့္ဝယ္ယူလိုက္ၿပီးေနာက္ ေငြရရွိေရးသာလုပ္ေဆာင္ေနမႈႏွင့္အတူ ယူႏိုက္တက္ပရိသတ္မ်ားရဲ႕စဥ္ဆက္မျပတ္ဆႏၵျပသပိတ္ေမွာက္မႈမ်ားႏွင့္ႀကဳံလာရပါတယ္။