ဂါနာချိုကို ၅ နှစ်စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုရရှိသွားပြီဖြစ်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာအလီဂျန်ဒရိုဂါနာချိုကိုငါးနှစ်စာချုပ်သစ်ချုပ်ဆိုရန်သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်းသတင်းထွက်ပေါ်လာပါတယ်။

အသက်၁၈နှစ်ရှိအာဂျင်တီးနားပါရမီရှင်ကစားသမားဟာလာမယ့်ဘောလုံးရာသီအကုန်တွင်ယူနိုက်တက်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာ၊ဂျူဗင်တပ်တို့ရဲ့ပစ်မှတ်ထားခြင်းခံနေရသူဖြစ်ပါတယ်။

ဒါပေမဲ့ယခုအခါမှာတော့ဂါနာချိုဟာယူနိုက်တက်နှင့်နှစ်ရှည်စာချုပ်သက်တမ်းတိုးချုပ်ဆိုလာတော့မှာဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ယူနိုက်တက်နှင့်ဂါနာချိုတို့အကြားရုပ်ပုံလွှာအသုံးပြုခနှင့်ပတ်သက်ပြီးတော့သာဆွေးနွေးရန်ကျန်တော့ပြီဖြစ်ပြီးယင်းအချက်သဘောတူညီမှုရပြီးလျှင်စာချုပ်သစ်ကိုကြေညာလာပါမယ်။

ဂါနာချိုဟာလက်ရှိအချိန်တွင်ယူနိုက်တက်မှာတစ်ပတ်လုပ်ခပေါင်၇၀၀၀တည်းသာရရှိနေပေမဲ့လည်းစာချုပ်သစ်ကြောင့်တစ်ပတ်လုပ်ခပေါင်၅၀၀၀၀အထိတိုးမြှင့်ရရှိလာပါမယ်။

ဂါနာချိုဟာ၂၀၂၂ခုနှစ်၊ဧပြီလတုန်းကယူနိုက်တက်အတွက်ပထမဆုံးစီနီယာပဲကစားပြီးနောက်ယခုရာသီတွင်ယူနိုက်တက်ရဲ့အရေးပါတဲ့ကစားသမားအဖြစ်ပွဲတိုင်းနီးပါးကစားခွင့်ရနေပါတယ်။

ZawGyi

ဂါနာခ်ိဳကို ၅ ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ သေဘာတူညီမႈရရွိသြားၿပီျဖစ္တဲ့ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္ဟာအလီဂ်န္ဒ႐ိုဂါနာခ်ိဳကိုငါးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္သေဘာတူညီမႈရရွိသြားၿပီျဖစ္ေၾကာင္းသတင္းထြက္ေပၚလာပါတယ္။

အသက္၁၈ႏွစ္ရွိအာဂ်င္တီးနားပါရမီရွင္ကစားသမားဟာလာမယ့္ေဘာလုံးရာသီအကုန္တြင္ယူႏိုက္တက္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာ၊ဂ်ဴဗင္တပ္တို႔ရဲ႕ပစ္မွတ္ထားျခင္းခံေနရသူျဖစ္ပါတယ္။

ဒါေပမဲ့ယခုအခါမွာေတာ့ဂါနာခ်ိဳဟာယူႏိုက္တက္ႏွင့္ႏွစ္ရွည္စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုလာေတာ့မွာျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ယူႏိုက္တက္ႏွင့္ဂါနာခ်ိဳတို႔အၾကား႐ုပ္ပုံလႊာအသုံးျပဳခႏွင့္ပတ္သက္ၿပီးေတာ့သာေဆြးေႏြးရန္က်န္ေတာ့ၿပီျဖစ္ၿပီးယင္းအခ်က္သေဘာတူညီမႈရၿပီးလွ်င္စာခ်ဳပ္သစ္ကိုေၾကညာလာပါမယ္။

ဂါနာခ်ိဳဟာလက္ရွိအခ်ိန္တြင္ယူႏိုက္တက္မွာတစ္ပတ္လုပ္ခေပါင္၇၀၀၀တည္းသာရရွိေနေပမဲ့လည္းစာခ်ဳပ္သစ္ေၾကာင့္တစ္ပတ္လုပ္ခေပါင္၅၀၀၀၀အထိတိုးျမႇင့္ရရွိလာပါမယ္။

ဂါနာခ်ိဳဟာ၂၀၂၂ခုႏွစ္၊ဧၿပီလတုန္းကယူႏိုက္တက္အတြက္ပထမဆုံးစီနီယာပဲကစားၿပီးေနာက္ယခုရာသီတြင္ယူႏိုက္တက္ရဲ႕အေရးပါတဲ့ကစားသမားအျဖစ္ပြဲတိုင္းနီးပါးကစားခြင့္ရေနပါတယ္။