ဂါနာအတွက် ကစားခွင့်ရှိပေမယ့် စပိန်အတွက်သာ ကစားမယ်လို့ ဆိုလာတဲ့ ဝီလီယမ်

အင်ညာကစ်ဝီလီယမ်ကသူဟာလက်ရွေးစင်အသင်းတွင်ကစားခွင့်ရရှိရေးအတွက်စပိန်မှဂါနာအတွက်ဘယ်တော့ပြောင်းကစားသွားမှာမဟုတ်ကြောင်းပြောကြားလိုက်ပါတယ်။

ဝီလီယမ်ဟာမကြာသေးမီတုန်းကလာလီဂါသမိုင်းတွင်၂၀၃ပွဲဆက်ပွဲထွက်ကစားသူအဖြစ် သမိုင်းမှတ်တမ်းရေးထိုးခဲ့သူဖြစ်ပါတယ်။သူဟာ၂၀၁၆ခုနှစ်မေလတုန်းကယူရို၂၀၁၆မတိုင်မီစပိန်အတွက်ခြေစမ်းပွဲတစ်ပွဲကစားခွင့်ရရှိခဲ့သူဖြစ်ပါတယ်။

ဘီလ်ဘာအိုစတားဟာဘော့စနီးယားနှင့်ခြေစမ်းပွဲမှာလူစားဝင်ရောက်ကစားခွင့်ရရှိခဲ့တာဖြစ်ပြီးယင်းနောက်ပိုင်းတွင်စပိန်အသင်းတွင်ရွေးချယ်ခြင်းမခံခဲ့ရပါဘူး။

ဒါကြောင့်လည်းဝီလီယမ်အနေဖြင့်လက်ရွေးစင်ပွဲကစားခွင့်ရရှိလိုပါကနိုင်ငံပြောင်းလဲကစားခွင့်ရှိနေပါတယ်။သူ့ရဲ့မိဘများမှာဂါနာဖွားများဖြစ်တာကြောင့်ဂါနာအသင်းတွင်ကစားခွင့်ရှိနေပါတယ်။ဂါနာအသင်းကလည်းသူ့ကိုကစားရန်ဆွဲဆောင်ခဲ့ဖူးပါတယ်။

ဒါပေမယ့်အသက်၂၈နှစ်ရှိတိုက်စစ်သမားကတော့သူမွေးဖွားရာစပိန်အတွက်သာကစားရန်ဆန္ဒရှိနေပါတယ်။

၎င်းက “ကျွန်တော်မွေးဖွားကြီးပြင်းလာတဲ့နေရာပေါ်ဂုဏ်ယူပါတယ်။ဂါနာကကျွန်တော့်ကိုကြိုးပမ်းခဲ့ဖူးပါတယ်။ဒါပေမယ့်ကျွန်တော်ကစပိန်မှာဘီလ်ဘာအိုမှာမွေးဖွားလာသူပါ။မိသားစုမျိုးနွယ်ကိုမမေ့းပါဘူး။ဒါပေမယ့်ကိုယ့်ကိုယ်ကိုဘက်စကေးသားလို့ဘဲခံစားရပါတယ်။ဂါနာနဲ့လည်းအဆင်ပြေမှာသေချာပါတယ်။ဘောလုံးကလူတွေကထူးဆန်းတာကျွန်တော့်အမေသိပါတယ်။သူကကျွန်တော့်အတွက်စိုးရိမ်ပူပန်ခဲ့တယ်။အမေဒေါသထွက်ပြီးဆဲတဲ့အခါဂါနာလိုဘဲဆဲပါတယ်။ဒါပေမယ့်ကျွန်တော်တို့ဟာစပိန်လိုဘဲပြောပါတယ်။ကျွန်တော့်မိဘတွေဒီကိုလာတော့အင်္ဂလိပ်စကားပြောကြတယ်။အခုတော့ မပြောတော့ပါဘူး။အင်္ဂလိပ်လိုတော့ပြောနိုင်ပါသေးတယ်။ဒါပေမယ့်အခုမပြောတော့ပါဘူး။ကျွန်တော်ဂါနာကိုချစ်ပါတယ်။ဂါနာယဉ်ကျေးမှု၊အစားနဲ့ရိုးရာကိုချစ်ပါတယ်။ကျွန်တော့်မိဘတွေကအက်ခရာကလာတဲ့သူတွေပါ။အဲဒီကိုသွားရင်လည်းပျော်ရပါတယ်။ဒါပေမယ့်ကျွန်တော်ကအဲဒီမှာမွေးဖွားကြီးပြင်းသူမဟုတ်ပါဘူး။ဂါနာသားတစ်ယောက်လို့ ကိုယ့်ကိုယ်ကို ၁၀၀ရာခိုင်နှုန်းခံယူတဲ့သူဘဲကစားသင့်တယ်လို့ယူဆပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ဂါနာအတြက္ ကစားခြင့္ရွိေပမယ့္ စပိန္အတြက္သာ ကစားမယ္လို႔ ဆိုလာတဲ့ ဝီလီယမ္

အင္ညာကစ္ဝီလီယမ္ကသူဟာလက္ေ႐ြးစင္အသင္းတြင္ကစားခြင့္ရရွိေရးအတြက္စပိန္မွဂါနာအတြက္ဘယ္ေတာ့ေျပာင္းကစားသြားမွာမဟုတ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဝီလီယမ္ဟာမၾကာေသးမီတုန္းကလာလီဂါသမိုင္းတြင္၂၀၃ပြဲဆက္ပြဲထြက္ကစားသူအျဖစ္ သမိုင္းမွတ္တမ္းေရးထိုးခဲ့သူျဖစ္ပါတယ္။သူဟာ၂၀၁၆ခုႏွစ္ေမလတုန္းကယူ႐ို၂၀၁၆မတိုင္မီစပိန္အတြက္ေျခစမ္းပြဲတစ္ပြဲကစားခြင့္ရရွိခဲ့သူျဖစ္ပါတယ္။

ဘီလ္ဘာအိုစတားဟာေဘာ့စနီးယားႏွင့္ေျခစမ္းပြဲမွာလူစားဝင္ေရာက္ကစားခြင့္ရရွိခဲ့တာျဖစ္ၿပီးယင္းေနာက္ပိုင္းတြင္စပိန္အသင္းတြင္ေ႐ြးခ်ယ္ျခင္းမခံခဲ့ရပါဘူး။

ဒါေၾကာင့္လည္းဝီလီယမ္အေနျဖင့္လက္ေ႐ြးစင္ပြဲကစားခြင့္ရရွိလိုပါကႏိုင္ငံေျပာင္းလဲကစားခြင့္ရွိေနပါတယ္။သူ႔ရဲ႕မိဘမ်ားမွာဂါနာဖြားမ်ားျဖစ္တာေၾကာင့္ဂါနာအသင္းတြင္ကစားခြင့္ရွိေနပါတယ္။ဂါနာအသင္းကလည္းသူ႔ကိုကစားရန္ဆြဲေဆာင္ခဲ့ဖူးပါတယ္။

ဒါေပမယ့္အသက္၂၈ႏွစ္ရွိတိုက္စစ္သမားကေတာ့သူေမြးဖြားရာစပိန္အတြက္သာကစားရန္ဆႏၵရွိေနပါတယ္။

၎က “ကြၽန္ေတာ္ေမြးဖြားႀကီးျပင္းလာတဲ့ေနရာေပၚဂုဏ္ယူပါတယ္။ဂါနာကကြၽန္ေတာ့္ကိုႀကိဳးပမ္းခဲ့ဖူးပါတယ္။ဒါေပမယ့္ကြၽန္ေတာ္ကစပိန္မွာဘီလ္ဘာအိုမွာေမြးဖြားလာသူပါ။မိသားစုမ်ိဳးႏြယ္ကိုမေမ့းပါဘူး။ဒါေပမယ့္ကိုယ့္ကိုယ္ကိုဘက္စေကးသားလို႔ဘဲခံစားရပါတယ္။ဂါနာနဲ႔လည္းအဆင္ေျပမွာေသခ်ာပါတယ္။ေဘာလုံးကလူေတြကထူးဆန္းတာကြၽန္ေတာ့္အေမသိပါတယ္။သူကကြၽန္ေတာ့္အတြက္စိုးရိမ္ပူပန္ခဲ့တယ္။အေမေဒါသထြက္ၿပီးဆဲတဲ့အခါဂါနာလိုဘဲဆဲပါတယ္။ဒါေပမယ့္ကြၽန္ေတာ္တို႔ဟာစပိန္လိုဘဲေျပာပါတယ္။ကြၽန္ေတာ့္မိဘေတြဒီကိုလာေတာ့အဂၤလိပ္စကားေျပာၾကတယ္။အခုေတာ့ မေျပာေတာ့ပါဘူး။အဂၤလိပ္လိုေတာ့ေျပာႏိုင္ပါေသးတယ္။ဒါေပမယ့္အခုမေျပာေတာ့ပါဘူး။ကြၽန္ေတာ္ဂါနာကိုခ်စ္ပါတယ္။ဂါနာယဥ္ေက်းမႈ၊အစားနဲ႔႐ိုးရာကိုခ်စ္ပါတယ္။ကြၽန္ေတာ့္မိဘေတြကအက္ခရာကလာတဲ့သူေတြပါ။အဲဒီကိုသြားရင္လည္းေပ်ာ္ရပါတယ္။ဒါေပမယ့္ကြၽန္ေတာ္ကအဲဒီမွာေမြးဖြားႀကီးျပင္းသူမဟုတ္ပါဘူး။ဂါနာသားတစ္ေယာက္လို႔ ကိုယ့္ကိုယ္ကို ၁၀၀ရာခိုင္ႏႈန္းခံယူတဲ့သူဘဲကစားသင့္တယ္လို႔ယူဆပါတယ္”လို႔ေျပာၾကားသြားပါတယ္။