
ဘာစီလိုနာရဲ့ဂါဗီကိုပထမအသင်းကစားသမားအဖြစ်မှတ်ပုံတင်ရန်ကြိုးပမ်းမှုအားလာလီဂါကပယ်ချလာပါတယ်။ဒါ့အပြင်ဘာစီလိုနာဟာအသင်းကိုနောက်ထပ်ကစားသမားဖြည့်တင်းမှုလည်းပိတ်ပင်ခြင်းခံလာခဲ့ရပါတယ်။
အသက်၁၈နှစ်ရှိဂါဗီဟာစပိန်လက်ရွေးစင်အသင်းနှင့်ဘာစီလိုနာတို့တွင်အရေးပါတဲ့ကစားသမားအဖြစ်ကစားခွင့်ရရှိနေပေမဲ့လည်း အကယ်ဒမီကစားသမားအဖြစ်သာရှိပါသေးတယ်။
အလယ်တန်းကစားသမားဟာစက်တင်ဘာလတုန်းကစာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။
ဘာစီလိုနာဟာဂါဗီကိုပထမအသင်းကစားသမားအဖြစ်မှတ်ပုံတင်ရန်အတွက်စာရွက်စာတမ်းများနှင့်တကွပေးပို့ခဲ့ပေမဲ့လည်းပယ်ချခြင်းခံလာခဲ့ရပါတယ်။
ဘာစီလိုနာဟာလာလီဂါရဲ့လုပ်ခအသုံးစရိတ်ကန့်သတ်မှုကြောင့် မည်သည့်ကစားသမားကိုမှစာချုပ်သစ်မှတ်ပုံတင်ခွင့်ပိတ်ပင်ခံထားရပါတယ်။
ဘာစီလိုနာဟာဒီပေးထွက်ခွာသွားမှု၊ပီကေးအနားယူသွားမှုတို့ကြောင့်ဂါဗီကိုပထမအသင်းကစားသမားအဖြစ်မှတ်ပုံတင်နိုင်မယ်လို့ယုံကြည်နေခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့အပြင်ဘာစီလိုနာဟာဂါဗီရဲ့စာချုပ်သစ်ကိုလည်းအသိအမှတ်မပြုခဲ့ပါဘူး။
ဘာစီလိုနာဟာလာမယ့်နွေရာသီအထိလုပ်ခအသုံးစရိတ်လျှော့ချသွားရဦးမှာဖြစ်ပါတယ်။မလျှော့ချနိုင်ပါကဘာစီလိုနာအနေဖြင့်စာချုပ်သစ်ချုပ်ဆိုရန်စပွန်ဆာသစ်ရှာဖွေလာရပါမယ်။
ZawGyi
ဂါဗီကို ပထမအသင္းကစားသမားအျဖစ္ မွတ္ပုံတင္ရန္ ဘာစီလိုနာရဲ႕ႀကိဳးပမ္းမႈကို လာလီဂါပယ္ခ်
ဘာစီလိုနာရဲ႕ဂါဗီကိုပထမအသင္းကစားသမားအျဖစ္မွတ္ပုံတင္ရန္ႀကိဳးပမ္းမႈအားလာလီဂါကပယ္ခ်လာပါတယ္။ဒါ့အျပင္ဘာစီလိုနာဟာအသင္းကိုေနာက္ထပ္ကစားသမားျဖည့္တင္းမႈလည္းပိတ္ပင္ျခင္းခံလာခဲ့ရပါတယ္။
အသက္၁၈ႏွစ္ရွိဂါဗီဟာစပိန္လက္ေ႐ြးစင္အသင္းႏွင့္ဘာစီလိုနာတို႔တြင္အေရးပါတဲ့ကစားသမားအျဖစ္ကစားခြင့္ရရွိေနေပမဲ့လည္း အကယ္ဒမီကစားသမားအျဖစ္သာရွိပါေသးတယ္။
အလယ္တန္းကစားသမားဟာစက္တင္ဘာလတုန္းကစာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ပါတယ္။
ဘာစီလိုနာဟာဂါဗီကိုပထမအသင္းကစားသမားအျဖစ္မွတ္ပုံတင္ရန္အတြက္စာ႐ြက္စာတမ္းမ်ားႏွင့္တကြေပးပို႔ခဲ့ေပမဲ့လည္းပယ္ခ်ျခင္းခံလာခဲ့ရပါတယ္။
ဘာစီလိုနာဟာလာလီဂါရဲ႕လုပ္ခအသုံးစရိတ္ကန႔္သတ္မႈေၾကာင့္ မည္သည့္ကစားသမားကိုမွစာခ်ဳပ္သစ္မွတ္ပုံတင္ခြင့္ပိတ္ပင္ခံထားရပါတယ္။
ဘာစီလိုနာဟာဒီေပးထြက္ခြာသြားမႈ၊ပီေကးအနားယူသြားမႈတို႔ေၾကာင့္ဂါဗီကိုပထမအသင္းကစားသမားအျဖစ္မွတ္ပုံတင္ႏိုင္မယ္လို႔ယုံၾကည္ေနခဲ့တာလည္းျဖစ္ပါတယ္။
ဒါ့အျပင္ဘာစီလိုနာဟာဂါဗီရဲ႕စာခ်ဳပ္သစ္ကိုလည္းအသိအမွတ္မျပဳခဲ့ပါဘူး။
ဘာစီလိုနာဟာလာမယ့္ေႏြရာသီအထိလုပ္ခအသုံးစရိတ္ေလွ်ာ့ခ်သြားရဦးမွာျဖစ္ပါတယ္။မေလွ်ာ့ခ်ႏိုင္ပါကဘာစီလိုနာအေနျဖင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္စပြန္ဆာသစ္ရွာေဖြလာရပါမယ္။