
ဇာဗီးဟာမနေ့ညတုန်းကရီးရဲလ်မက်ဒရစ်နှင့်ရင်ဆိုင်ကစားရတဲ့ စပိန်စူပါဖလားဗိုလ်လုပွဲတွင် ဂါဗီရဲ့Masterclass ခြေစွမ်းကြောင့် ၃-၁ဖြင့်အနိုင်ရရှိကာဘာစီလိုနာနည်းပြဘဝပထမဆုံးဆုဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။
အသက်၁၈နှစ်ရှိစပိန်လက်ရွေးစင်ပါရမီရှင်ဟာကိုယ်တိုင်၁ဂိုးသွင်းယူနိုင်ခဲ့တဲ့အပြင်ကစားဖော်လီဝန်ဒေါ့စကီးနှင့်ပီဒရီတို့ဂိုးသွင်းနိုင်အောင်လည်းဖန်တီးမှု၂ကြိမ်ပြုလုပ်ခဲ့ကာဆော်ဒီရှိ Riyadh တွင်စပိန်စူပါဖလားကိုင်မြှောက်နိုင်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ယင်းဆုဖလားမှာဘာစီလိုနာနည်းပြဇာဗီးအတွက်နူးကမ့်နည်းပြဘဝတွင်ပထမဆုံးဆွတ်ခူးနိုင်ခဲ့တဲ့ဆုဖလားဖြစ်ပါတယ်။သူဟာကစားသမားဘဝတုန်းကနူးကမ့်တွင်ကစားစဉ်အတွင်းဆုဖလား၂၅လုံးအထိကိုင်မြှောက်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာတိုနီခရူးစ်၊လူကာမိုဒရစ်၊ဗီနီရှပ်စ်၊ဗီနီရှပ်စ်အစရှိတဲ့အဓိကကစားသမားများဖြင့်ပွဲထွက်ခဲ့ပေမဲ့လည်းဘာစီလိုနာရဲ့ထိန်းချုပ်ခြင်းခံခဲ့ရကာဂိုးသမားကော့တွိုက်စ်ရဲ့ကာကွယ်မှုများကြောင့်၃ဂိုးတည်းပေးခဲ့ရတာပါ။ရီးရဲလ်မက်ဒရစ်အတွက်နှစ်သိမ့်ဂိုးကိုဘန်ဇီးမားကသွင်းယူခဲ့ပါတယ်။
အသက်၁၈နှစ်ရှိဂါဗီဟာမနေ့ညကပွဲတွင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနည်းပြဇာဗီးရဲ့စပိန်စူပါဖလားတွင်အသက်အငယ်ဆုံးဂိုးသွင်းယူသူစံချိန်ကိုလည်းရိုက်ချိုးကာစံချိန်သစ်ရေးထိုးခဲ့ပါတယ်။
ZawGyi
ဂါဗီရဲ့Masterclass ခြေစွမ်းကြောင့် ဘာစီလိုနာနည်းပြဘဝ ပထမဆုံးဖလားဆွတ်ခူးနိုင်ခဲ့တဲ့ ဇာဗီး