ဂါဘွန်ကစားသမားများရဲ့ဝိုင်းဝန်းအင်္ကျီတောင်းခြင်းခံခဲ့ရတဲ့ မိုဟာမက်ဆာလက်

မိုဟာမက်ဆာလက်ဟာလက်ရှိအချိန်မှာကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် တင်စားခြင်းခံထားရသူဖြစ်ပါတယ်။သူ့ရဲ့ယခုရာသီလီဗာပူးနှင့်ခြေစွမ်းကြောင့်တစ်ကမ္ဘာလုံးမှပရိသတ်များရဲ့အားပေးမှုရရှိလာနေပါတယ်။

ဘောလုံးပရိသတ်များဟာမိုဟာမက်ဆာလက်ရဲ့ခြေစွမ်းအပေါ်လေးစားအံ့ဩနေကြတာမဟုတ်ပါဘူး။ဘောလုံးသမားများကလည်းအီဂျစ်ဘုရင်ရဲ့ကွင်းတွင်ခြေစွမ်းကိုလေးစားလျက်ရှိကြပါတယ်။

ဒါကိုမကြာသေးမီတုန်းကကစားခဲ့တဲ့အီဂျစ်နှင့်ဂါဘွန်တို့ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမှာသက်သေပြခဲ့ပါတယ်။ဂါဘွန်ကို၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ယင်းပွဲမှာမိုဟာမက်ဆာလက်ဟာဒုတိယပိုင်း၁၅မိနစ်မှာလူစားဝင်ရောက်ကစားခဲ့ပါတယ်။

ဂါဘွန်ကစားသမားများဟာအရှုံးနှင့်ရင်ဆိုင်ခဲ့ရပေမယ့်လည်းပွဲအပြီးမှာမိုဟာမက်ဆာလက်ရဲ့အင်္ကျီကိုရယူနိုင်ရေးအပြိုင်ကြိုးပမ်းခဲ့ကြပါတယ်။

အသက်၂၉နှစ်ရှိဆာလက်ဟာပွဲအပြီးမှာကွင်းမှထွက်ခွာဖို့လမ်းလျှောက်လာချိန်မှာဂါဘွန်ကစားသမားများဟာအာဖရိကရဲ့အကောင်းဆုံးကစားသမားရဲ့အင်္ကျီကိုအမှတ်တရရယူနိုင်ရေးဝိုင်းဝန်းကြိုးပမ်းခဲ့ကြပါတယ်။

သူဟာသူ့အင်္ကျီကိုဘယ်သူ့ကိုမှမပေးဘဲဥမင်လှိုဏ်ခေါင်းထဲသို့ဝင်ရောက်သွားခဲ့ပါတယ်။ဆာလက်ဟာသူ့အင်္ကျီကိုတစ်ယောက်ယောက်ကိုပေးဖို့ကတိပေးပြီးသားဖြစ်နေပုံပါ။သူဥမင်လှိုဏ်ခေါင်းသို့ဝင်ရောက်ချိန်မှာလည်းဘော်ဒီဂတ်နှစ်ဦးကဝိုင်းရံပေးသွားခဲ့တာတွေ့ရပါတယ်။

ဆာလက်ဟာယင်းပွဲမတိုင်မီအန်ဂိုလာနှင့်နှစ်ဂိုးစီသရေကျတဲ့ပွဲတွင်လည်းပွဲကစားချိန်အတွင်းအန်ဂိုလာပရိသတ်များကွင်းအတွင်းဝင်ရောက်ကာ Selfie ဓာတ်ပုံရိုက်ကူးခြင်းခံခဲ့ရပြီးပွဲကိုမကြာခဏရပ်နားခဲ့ရပါတယ်။

ZawGyi

ဂါဘြန္ကစားသမားမ်ားရဲ႕ဝိုင္းဝန္းအက်ႌေတာင္းျခင္းခံခဲ့ရတဲ့ မိုဟာမက္ဆာလက္

မိုဟာမက္ဆာလက္ဟာလက္ရွိအခ်ိန္မွာကမာၻ႔အေကာင္းဆုံးကစားသမားအျဖစ္ တင္စားျခင္းခံထားရသူျဖစ္ပါတယ္။သူ႔ရဲ႕ယခုရာသီလီဗာပူးႏွင့္ေျခစြမ္းေၾကာင့္တစ္ကမာၻလုံးမွပရိသတ္မ်ားရဲ႕အားေပးမႈရရွိလာေနပါတယ္။

ေဘာလုံးပရိသတ္မ်ားဟာမိုဟာမက္ဆာလက္ရဲ႕ေျခစြမ္းအေပၚေလးစားအံ့ဩေနၾကတာမဟုတ္ပါဘူး။ေဘာလုံးသမားမ်ားကလည္းအီဂ်စ္ဘုရင္ရဲ႕ကြင္းတြင္ေျခစြမ္းကိုေလးစားလ်က္ရွိၾကပါတယ္။

ဒါကိုမၾကာေသးမီတုန္းကကစားခဲ့တဲ့အီဂ်စ္ႏွင့္ဂါဘြန္တို႔ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲမွာသက္ေသျပခဲ့ပါတယ္။ဂါဘြန္ကို၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ယင္းပြဲမွာမိုဟာမက္ဆာလက္ဟာဒုတိယပိုင္း၁၅မိနစ္မွာလူစားဝင္ေရာက္ကစားခဲ့ပါတယ္။

ဂါဘြန္ကစားသမားမ်ားဟာအရႈံးႏွင့္ရင္ဆိုင္ခဲ့ရေပမယ့္လည္းပြဲအၿပီးမွာမိုဟာမက္ဆာလက္ရဲ႕အက်ႌကိုရယူႏိုင္ေရးအၿပိဳင္ႀကိဳးပမ္းခဲ့ၾကပါတယ္။

အသက္၂၉ႏွစ္ရွိဆာလက္ဟာပြဲအၿပီးမွာကြင္းမွထြက္ခြာဖို႔လမ္းေလွ်ာက္လာခ်ိန္မွာဂါဘြန္ကစားသမားမ်ားဟာအာဖရိကရဲ႕အေကာင္းဆုံးကစားသမားရဲ႕အက်ႌကိုအမွတ္တရရယူႏိုင္ေရးဝိုင္းဝန္းႀကိဳးပမ္းခဲ့ၾကပါတယ္။

သူဟာသူ႔အက်ႌကိုဘယ္သူ႔ကိုမွမေပးဘဲဥမင္လႈိဏ္ေခါင္းထဲသို႔ဝင္ေရာက္သြားခဲ့ပါတယ္။ဆာလက္ဟာသူ႔အက်ႌကိုတစ္ေယာက္ေယာက္ကိုေပးဖို႔ကတိေပးၿပီးသားျဖစ္ေနပုံပါ။သူဥမင္လႈိဏ္ေခါင္းသို႔ဝင္ေရာက္ခ်ိန္မွာလည္းေဘာ္ဒီဂတ္ႏွစ္ဦးကဝိုင္းရံေပးသြားခဲ့တာေတြ႕ရပါတယ္။

ဆာလက္ဟာယင္းပြဲမတိုင္မီအန္ဂိုလာႏွင့္ႏွစ္ဂိုးစီသေရက်တဲ့ပြဲတြင္လည္းပြဲကစားခ်ိန္အတြင္းအန္ဂိုလာပရိသတ္မ်ားကြင္းအတြင္းဝင္ေရာက္ကာ Selfie ဓာတ္ပုံ႐ိုက္ကူးျခင္းခံခဲ့ရၿပီးပြဲကိုမၾကာခဏရပ္နားခဲ့ရပါတယ္။