ဂါရတ်ပီကေးပိုင်ဆိုင်ရဲ့မြေတွင် အလောင်း ၂၅၀ မြှပ်နှံထားတဲ့သင်္ချိုင်း တွေ့ရှိရ

ဂါရတ်ပီကေးပိုင်ဆိုင်တဲ့မြေများထဲမှတစ်ခုတွင်အလောင်း၂၅၀မြှပ်နှံထားတဲ့သင်္ချိုင်းတစ်ခုကိုတွေ့ခဲ့ရကြောင်းတွေ့ရပါတယ်။

ဘာစီလိုနာနောက်ခံလူဟာဘောလုံးပြင်ပတွင်လည်းစီးပွားရေးလုပ်ငန်းများစွာလုပ်ဆောင်နေသူဖြစ်ပြီးမာလာဂါတွင်ဇိမ်ခံဟိုတယ်တစ်ခုတည်ဆောက်ရန်လည်းရင်းနှီးမြှပ်နှံမှုပြုလုပ်ထားပါတယ်။

ပီကေးဟာCosta del Solရှိမြေနေရာကိုဒေါ်လာသန်း၂၀(ပေါင်၁၇.၇သန်း)အသုံးပြုကာဝယ်ယူခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမဲ့စပိန်သတင်းစာ Marca ရဲ့ဖော်ပြလာမှုအရဟိုတယ်တည်ဆောက်လာမယ့်ယင်းနေရာတွင်အလောင်း၂၅၀မြှပ်နှံထားတဲ့သင်္ချိုင်းတစ်ခုတွေ့ရကြောင်းသိရပါတယ်။

လက်ရှိအချိန်တွင်ယင်းအလောင်းများကိုဘယ်ရာစုတုန်းကမြှပ်နှံထားသလဲဆိုတာစစ်ဆေးမှုပြုလုပ်ရန်စီစဉ်နေပါတယ်။

ယခုကဲ့သို့အလောင်း၂၅၀မြှပ်နှံထားတဲ့သင်္ချိုင်းဂူတွေ့ရှိရပေမဲ့လည်းပီကေးရဲ့ဟိုတယ်တည်ဆောက်ရေးလုပ်ငန်းမှာရွှေ့ဆိုင်းလာရဖို့မရှိပါဘူး။

ပီကေးဟာကစားသမားဘဝမှအနားယူပြီးပါက ဘယ်လိုရပ်တည်ရမယ်ဆိုတာအကောင်းဆုံးလုပ်ဆောင်နေပါတယ်။

အသက်၃၅နှစ်ရှိပီကေးဟာ၂၀၂၄ခုနှစ်တွင်မှဘာစီလိုနာနှင့်စာချုပ်သက်တမ်းကုန်ဆုံးမယ်ဆိုပေမဲ့ယခုရာသီအကုန်တွင်ပင်စာချုပ်ဖျက်သိမ်းကာကစားသမားဘဝမှအနားယူလာနိုင်ကြောင်းသတင်းထွက်နေပါတယ်။

ZawGyi

ဂါရတ္ပီေကးပိုင္ဆိုင္ရဲ႕ေျမတြင္ အေလာင္း ၂၅၀ ျမႇပ္ႏွံထားတဲ့သခ်ႋဳင္း ေတြ႕ရွိရ

ဂါရတ္ပီေကးပိုင္ဆိုင္တဲ့ေျမမ်ားထဲမွတစ္ခုတြင္အေလာင္း၂၅၀ျမႇပ္ႏွံထားတဲ့သခ်ႋဳင္းတစ္ခုကိုေတြ႕ခဲ့ရေၾကာင္းေတြ႕ရပါတယ္။

ဘာစီလိုနာေနာက္ခံလူဟာေဘာလုံးျပင္ပတြင္လည္းစီးပြားေရးလုပ္ငန္းမ်ားစြာလုပ္ေဆာင္ေနသူျဖစ္ၿပီးမာလာဂါတြင္ဇိမ္ခံဟိုတယ္တစ္ခုတည္ေဆာက္ရန္လည္းရင္းႏွီးျမႇပ္ႏွံမႈျပဳလုပ္ထားပါတယ္။

ပီေကးဟာCosta del Solရွိေျမေနရာကိုေဒၚလာသန္း၂၀(ေပါင္၁၇.၇သန္း)အသုံးျပဳကာဝယ္ယူခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမဲ့စပိန္သတင္းစာ Marca ရဲ႕ေဖာ္ျပလာမႈအရဟိုတယ္တည္ေဆာက္လာမယ့္ယင္းေနရာတြင္အေလာင္း၂၅၀ျမႇပ္ႏွံထားတဲ့သခ်ႋဳင္းတစ္ခုေတြ႕ရေၾကာင္းသိရပါတယ္။

လက္ရွိအခ်ိန္တြင္ယင္းအေလာင္းမ်ားကိုဘယ္ရာစုတုန္းကျမႇပ္ႏွံထားသလဲဆိုတာစစ္ေဆးမႈျပဳလုပ္ရန္စီစဥ္ေနပါတယ္။

ယခုကဲ့သို႔အေလာင္း၂၅၀ျမႇပ္ႏွံထားတဲ့သခ်ႋဳင္းဂူေတြ႕ရွိရေပမဲ့လည္းပီေကးရဲ႕ဟိုတယ္တည္ေဆာက္ေရးလုပ္ငန္းမွာေ႐ႊ႕ဆိုင္းလာရဖို႔မရွိပါဘူး။

ပီေကးဟာကစားသမားဘဝမွအနားယူၿပီးပါက ဘယ္လိုရပ္တည္ရမယ္ဆိုတာအေကာင္းဆုံးလုပ္ေဆာင္ေနပါတယ္။

အသက္၃၅ႏွစ္ရွိပီေကးဟာ၂၀၂၄ခုႏွစ္တြင္မွဘာစီလိုနာႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ္ဆိုေပမဲ့ယခုရာသီအကုန္တြင္ပင္စာခ်ဳပ္ဖ်က္သိမ္းကာကစားသမားဘဝမွအနားယူလာႏိုင္ေၾကာင္းသတင္းထြက္ေနပါတယ္။