
ဘောလုံးဂန္ဌဝင်ရော်နယ်ဒင်ဟိုဟာဂါရတ်ပီကေးတည်ထောင်ထားတဲ့ Kings League တွင်ပါဝင်ကစားလာတော့မှာဖြစ်ကြောင်းသိရပါတယ်။
ပီကေးဟာ၇ ယောက်ပါအသင်းယှဉ်ပြိုင်ရတဲ့ Kings League ကိုတည်ထောင်ပြီးဆာဂျီယိုအဂွဲရိုး၊အိုင်ကာကားဆီးလက်စ်၊ဂျာဗီးဟာနန်ဒက်ဇ်၊ဂျိုအန်ကက်ဒီဗီလာစတဲ့ကစားသမားဟောင်းများပါဝင်ကစားနေပါတယ်။
ကလပ်လက်မဲ့ဖြစ်နေတဲ့ရီးရဲလ်မက်ဒရစ်စတားဟောင်းအစ္စကိုမှာမူ Kings League တွင်ပါဝင်ကစားရန်ငြင်းဆိုထားပါတယ်။
ဒါပေမဲ့၂၀၀၅ခုနှစ် Ballon d’Or ဆုရှင်ရော်နယ်ဒင်ဟိုကတော့လာနို့စ်တည်ထောင်ထားတဲ့Porcinos FC တွင်ပါဝင်ကစားလာတော့မှာဖြစ်ပါတယ်။
ရော်နယ်ဒင်ဟိုဟာဘောလုံးကစားသမားဘဝတုန်းကဖျော်ဖြေမှုအများဆုံးပေးနိုင်တဲ့ကစားသမားအဖြစ်သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။သူ့သားဖြစ်သူဂျာအိုမန်ဒက်စ်မှာမကြာသေးမီတုန်းကဘာစီလိုနာနှင့်အကယ်ဒမီစာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။
ရော်နယ်ဒင်ဟိုဟာသူ့ရဲ့ပထမဆုံး Kings League ပွဲစဉ်အဖြစ်ဖေဖော်ဝါရီလ၂၆ရက်နေ့တွင် Pio FC နှင့်ပွဲစဉ်တွင်ပါဝင်ကစားလာပါမယ်။သူဟာယင်းပွဲတစ်ပွဲတည်းသာကစားလာမှာမလား၊အပြီးသတ်ကစားလာမှာလားအတိအကျမပြောနိုင်သေးပါဘူး။
ဘရာဇီးဂန္ထဝင်ရော်နယ်ဒင်ဟိုဟာ၂၀၁၈ခုနှစ်တွင်ကစားသမားဘဝမှအနားယူပြီးနောက်ရန်ပုံငွေပွဲစဉ်များတွင်ဆက်တိုက်ပါဝင်ကစားလာသူဖြစ်ပါတယ်။
ZawGyi
ဂါရတ္ပီေကးရဲ႕ Kings League တြင္ ေရာ္နယ္ဒင္ဟို ကစားလာမည္
ေဘာလုံးဂႏၭဝင္ေရာ္နယ္ဒင္ဟိုဟာဂါရတ္ပီေကးတည္ေထာင္ထားတဲ့ Kings League တြင္ပါဝင္ကစားလာေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။
ပီေကးဟာ၇ ေယာက္ပါအသင္းယွဥ္ၿပိဳင္ရတဲ့ Kings League ကိုတည္ေထာင္ၿပီးဆာဂ်ီယိုအဂြဲ႐ိုး၊အိုင္ကာကားဆီးလက္စ္၊ဂ်ာဗီးဟာနန္ဒက္ဇ္၊ဂ်ိဳအန္ကက္ဒီဗီလာစတဲ့ကစားသမားေဟာင္းမ်ားပါဝင္ကစားေနပါတယ္။
ကလပ္လက္မဲ့ျဖစ္ေနတဲ့ရီးရဲလ္မက္ဒရစ္စတားေဟာင္းအစၥကိုမွာမူ Kings League တြင္ပါဝင္ကစားရန္ျငင္းဆိုထားပါတယ္။
ဒါေပမဲ့၂၀၀၅ခုႏွစ္ Ballon d’Or ဆုရွင္ေရာ္နယ္ဒင္ဟိုကေတာ့လာႏို႔စ္တည္ေထာင္ထားတဲ့Porcinos FC တြင္ပါဝင္ကစားလာေတာ့မွာျဖစ္ပါတယ္။
ေရာ္နယ္ဒင္ဟိုဟာေဘာလုံးကစားသမားဘဝတုန္းကေဖ်ာ္ေျဖမႈအမ်ားဆုံးေပးႏိုင္တဲ့ကစားသမားအျဖစ္သတ္မွတ္ခံခဲ့ရသူျဖစ္ပါတယ္။သူ႔သားျဖစ္သူဂ်ာအိုမန္ဒက္စ္မွာမၾကာေသးမီတုန္းကဘာစီလိုနာႏွင့္အကယ္ဒမီစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့ပါတယ္။
ေရာ္နယ္ဒင္ဟိုဟာသူ႔ရဲ႕ပထမဆုံး Kings League ပြဲစဥ္အျဖစ္ေဖေဖာ္ဝါရီလ၂၆ရက္ေန႔တြင္ Pio FC ႏွင့္ပြဲစဥ္တြင္ပါဝင္ကစားလာပါမယ္။သူဟာယင္းပြဲတစ္ပြဲတည္းသာကစားလာမွာမလား၊အၿပီးသတ္ကစားလာမွာလားအတိအက်မေျပာႏိုင္ေသးပါဘူး။
ဘရာဇီးဂႏၴဝင္ေရာ္နယ္ဒင္ဟိုဟာ၂၀၁၈ခုႏွစ္တြင္ကစားသမားဘဝမွအနားယူၿပီးေနာက္ရန္ပုံေငြပြဲစဥ္မ်ားတြင္ဆက္တိုက္ပါဝင္ကစားလာသူျဖစ္ပါတယ္။