ဂါရတ်ဘေးလ်ရဲ့တစ်ဂိုးအတွက် ပေါင် ၃.၄သန်းအထိ သုံးနေရတဲ့ စပါးစ်

စပါးစ်အသင်းဟာဂါရတ်ဘေးလ်အတွက်ပွဲကစားချိန်တစ်မိနစ်အတွက်ပေါင်၁၇၄၀၀အထိသုံးစွဲနေရပြီးသူသွင်းယူထားတဲ့ဂိုး၄ဂိုးမှ၁ဂိုးစီအတွက်ပေါင်၃.၄သန်းအထိသုံးစွဲနေရပါတယ်။

ဒါ့အပြင်စပါးစ်အသင်းမှတာဝန်ရှိသူများဟာဂါရတ်ဘေးလ်ရဲ့အခြေအနေကရီးရဲလ်မက်ဒရစ်တုန်းကထက်ဆိုးရွားလာပါကအကောင်းဆုံးပုံစံကိုဘယ်တော့မှမရနိုင်တော့တဲ့အနေအထားမျိုးသို့အထိရောက်လာမှာကိုလည်းစိုးရိမ်ပူပန်လျက်ရှိကြပါတယ်။

ဘေးလ်ဟာ၂၀၁၃ခုနှစ်တုန်းကစပါးစ်မှထွက်ခွာပြီးရီးရဲလ်မက်ဒရစ်သို့ပေါင်၈၆သန်းဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။သူဟာစက်တင်ဘာလ၁၉ရက်နေ့မှာစပါးစ်သို့ပြန်လည်ရောက်လာခဲ့တာဖြစ်ပြီးယခုအခါ၂၁ပတ်တိုင်တိုင်ရှိပြီဖြစ်ပါတယ်။

စပါးစ်ဟာသူ့ရဲ့တစ်ပတ်လုပ်ခပေါင်၆၅၀၀၀၀မှပေါင်၂၅၀၀၀၀ကိုပေးနေရပါတယ်။ကျန်ငွေများကိုရီးရဲလ်မက်ဒရစ်ကပေးနေရပါတယ်။မြောက်လန်ဒန်မှာကစားတဲ့၂၁ပတ်မှာဂါရတ်ဘေးလ်ဟာပေါင်၁၃.၆၅သန်းအိတ်ထဲကောက် ထည့်ထားပြီးဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နှင့်အတူချန်ပီယံလိဂ်ဖလားလေးကြိမ်ရခဲ့တဲ့ဘေးလ်ဟာစပါးစ်တွင်ကစားတဲ့ကာလအတွင်းမှာပြိုင်ပွဲအရပ်ရပ်မှာ၁၅ပွဲတည်းသာကစားထားနိုင်ပြီးစုစုပေါင်း၇၆၅မိနစ်ဘဲကစားရပါသေးတယ်။

ဒါကြောင့်လည်းစပါးစ်ဟာသူ့ရဲ့ကလပ်အတွက်စက္ကန့်ခြောက်ဆယ်ကစားနှုန်းအတွက်ပေါင်၁၇၄၀၀သုံးထားပါတယ်။သူဟာစပါးစ်အတွက်ပြိုင်ပွဲအရပ်ရပ်မှာလေးဂိုးသာသွင်းထားရရာတစ်ဂိုးနှုန်းအတွက်ပေါင်၃.၄သန်းအထိစပါးစ်တို့သုံးထားရပါတယ်။

ယင်းသို့အခြေအနေများနှင့်အတူစပါးစ်အသင်းဟာဂါရတ်ဘေးလ်အားဒုတိယနှစ်အဖြစ်အငှားဖြင့်ဆက်လက် ခေါ်ယူရန်မဝံ့မရဲဖြစ်နေပြီဖြစ်ပါတယ်။

ZawGyi

ဂါရတ္ေဘးလ္ရဲ႕တစ္ဂိုးအတြက္ ေပါင္ ၃.၄သန္းအထိ သုံးေနရတဲ့ စပါးစ္

စပါးစ္အသင္းဟာဂါရတ္ေဘးလ္အတြက္ပြဲကစားခ်ိန္တစ္မိနစ္အတြက္ေပါင္၁၇၄၀၀အထိသုံးစြဲေနရၿပီးသူသြင္းယူထားတဲ့ဂိုး၄ဂိုးမွ၁ဂိုးစီအတြက္ေပါင္၃.၄သန္းအထိသုံးစြဲေနရပါတယ္။

ဒါ့အျပင္စပါးစ္အသင္းမွတာဝန္ရွိသူမ်ားဟာဂါရတ္ေဘးလ္ရဲ႕အေျခအေနကရီးရဲလ္မက္ဒရစ္တုန္းကထက္ဆိုး႐ြားလာပါကအေကာင္းဆုံးပုံစံကိုဘယ္ေတာ့မွမရႏိုင္ေတာ့တဲ့အေနအထားမ်ိဳးသို႔အထိေရာက္လာမွာကိုလည္းစိုးရိမ္ပူပန္လ်က္ရွိၾကပါတယ္။

ေဘးလ္ဟာ၂၀၁၃ခုႏွစ္တုန္းကစပါးစ္မွထြက္ခြာၿပီးရီးရဲလ္မက္ဒရစ္သို႔ေပါင္၈၆သန္းျဖင့္ေျပာင္းခဲ့သူျဖစ္ပါတယ္။သူဟာစက္တင္ဘာလ၁၉ရက္ေန႔မွာစပါးစ္သို႔ျပန္လည္ေရာက္လာခဲ့တာျဖစ္ၿပီးယခုအခါ၂၁ပတ္တိုင္တိုင္ရွိၿပီျဖစ္ပါတယ္။

စပါးစ္ဟာသူ႔ရဲ႕တစ္ပတ္လုပ္ခေပါင္၆၅၀၀၀၀မွေပါင္၂၅၀၀၀၀ကိုေပးေနရပါတယ္။က်န္ေငြမ်ားကိုရီးရဲလ္မက္ဒရစ္ကေပးေနရပါတယ္။ေျမာက္လန္ဒန္မွာကစားတဲ့၂၁ပတ္မွာဂါရတ္ေဘးလ္ဟာေပါင္၁၃.၆၅သန္းအိတ္ထဲေကာက္ ထည့္ထားၿပီးျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ႏွင့္အတူခ်န္ပီယံလိဂ္ဖလားေလးႀကိမ္ရခဲ့တဲ့ေဘးလ္ဟာစပါးစ္တြင္ကစားတဲ့ကာလအတြင္းမွာၿပိဳင္ပြဲအရပ္ရပ္မွာ၁၅ပြဲတည္းသာကစားထားႏိုင္ၿပီးစုစုေပါင္း၇၆၅မိနစ္ဘဲကစားရပါေသးတယ္။

ဒါေၾကာင့္လည္းစပါးစ္ဟာသူ႔ရဲ႕ကလပ္အတြက္စကၠန႔္ေျခာက္ဆယ္ကစားႏႈန္းအတြက္ေပါင္၁၇၄၀၀သုံးထားပါတယ္။သူဟာစပါးစ္အတြက္ၿပိဳင္ပြဲအရပ္ရပ္မွာေလးဂိုးသာသြင္းထားရရာတစ္ဂိုးႏႈန္းအတြက္ေပါင္၃.၄သန္းအထိစပါးစ္တို႔သုံးထားရပါတယ္။

ယင္းသို႔အေျခအေနမ်ားႏွင့္အတူစပါးစ္အသင္းဟာဂါရတ္ေဘးလ္အားဒုတိယႏွစ္အျဖစ္အငွားျဖင့္ဆက္လက္ ေခၚယူရန္မဝံ့မရဲျဖစ္ေနၿပီျဖစ္ပါတယ္။