ဂါလာတာစာရေးနှင့်ပွဲမှာ ဂိုးသမားတစ်ဦးအတွက် အဆိုးရွားဆုံး အကြီးမားဆုံးအမှားကို ကျူးလွန်ခဲ့တဲ့ လာဇီယိုဂိုးသမား

လာဇီယိုဂိုးသမားသောမတ်စ်စထရာကိုရှာဟာဂါလာတာစာရေးနှင့်ယူရိုပါလိဂ်ပွဲစဉ်တွင်တစ်သက်လုံးဘယ်တော့မှမေ့နိုင်မှာမဟုတ်တော့တဲ့အကြီးမားဆုံးအမှားကြီးတစ်ခုကျူးလွန်မိခဲ့ပါတယ်။

လာဇီယိုဂိုးသမားဟာဂါလာတာစာရေးနဲ့ပွဲစဉ်မှာဖမ်းမိထားတဲ့ဘောလုံးကိုပေါ့ဆမိခဲ့ရာမှာကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာလည်းဖြစ်ပါတယ်။

ယင်းပွဲစဉ်ရဲ့ပွဲချိန်၆၆မိနစ်မှာလာဇီယိုနောက်ခံလူမန်နူရယ်လာဇာရီဖျက်ထုတ်လိုက်တဲ့ဘောလုံးကိုကိုယ့်ဂိုးဘက်သို့မြောက်တက်သွားခဲ့ပြီးကိုယ့်ဂိုးကိုယ်သွင်းမိမယ့်အနေအထားမျိုးမှာရှိခဲ့ကာဂိုးသမားစထရာကိုရှာဟာဖိအားတစ်စုံတစ်ရာမရှိဘဲဂိုးဘားသို့ခုန်ပြီးဖမ်းခဲ့ပါတယ်။

ဒါပေမယ့်သူ့ရဲ့ပေါ့ဆမှုကြောင့်ဘောလုံးဟာဖမ်းမိပြီးမှလက်မှလျှောထွက်ကာဂိုးထဲသို့ဝင်ရောက်သွားခဲ့ကာဂါလာတာစာရေးတို့ယင်းပွဲရဲ့တစ်လုံးတည်းသောအနိုင်ဂိုးကိုရရှိသွားခဲ့ပါတယ်။

ZawGyi




