ဂိမ်းကစားလွန်းမှုကြောင့် ချစ်သူရဲ့စွန့်ပစ်ခြင်းခံခဲ့ရတဲ့ စပါးစ်စတားဒီလီအယ်လီ

စပါးစ်စတားဒီလီအယ်လီဟာအွန်လိုင်းဗီဒီယိုဂိမ်း Fortnite ဂိမ်းအားအလွန်အကျွံကစားကာအချိန်ဖြုန်းပြီး ချစ်သူကိုအချိန်မပေးမှုကြောင့်ချစ်သူရူဘီမဲရဲ့စွန့်ပစ်ခြင်းခံခဲ့ရကြောင်းသိရပါတယ်။

အသက်၂၄နှစ်ရှိသူတို့နှစ်ဦးဟာအကြိမ်ကြိမ်ရန်ဖြစ်စကားများမှုများဖြစ်ပျက်ပြီးနောက်ချစ်သူမော်ဒယ်ရူဘီမဲဟာဒီလီအယ်လီရဲ့ပေါင်၂သန်းတန်အိမ်မှထွက်ခွာသွားပြီလည်းဖြစ်ပါတယ်။

ရူဘီမဲရဲ့သူငယ်ချင်းများရဲ့ပြောကြားမှုအရမော်ဒယ်ဟာချစ်သူဒီလီအယ်လီရဲ့Fortnite ဂိမ်းအားအလွန်အကျွံကစားမှုအပေါ်စိတ်ပျက်ကာချစ်သူချင်းပြတ်စဲရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်းဆိုသွားပါတယ်။

သူတို့ချစ်သူနှစ်ဦးဟာချစ်သူများနေ့မတိုင်ခင်ပြတ်စဲသွားခဲ့ကြတာဖြစ်ပြီးဆိုရှယ်မီဒီယာများတွင်Followed လုပ်ထားမှုကိုလည်းရုတ်သိမ်းခဲ့ကြပါတယ်။

အယ်လီနှင့်ရူဘီမေတို့ဟာ၂၀၁၆ခုနှစ်ကတည်းကချစ်လာခဲ့ကြတာဖြစ်ပြီး၂၀၁၈ခုနှစ်တုန်းကတစ်ကြိမ်လမ်းခွဲခဲ့ကြဖူးပါတယ်။

ဒီလီအယ်လီရဲ့ချစ်သူရူဘီမေဟာထိပ်တန်းမော်ဒယ်တစ်ဦးဖြစ်ပြီးအမှတ်တံဆိပ်အမြောက်အမြားတို့အတွက် အလုပ်လုပ်နေသူလည်းဖြစ်ပါတယ်။

ZawGyi






