
ဝက်စ်လေဆနိုက်ဒါရဲ့မိသားစုဝင်များဟာဂိုဏ်းစတားများရဲ့ခြိမ်းခြောက်မှုနဲ့ရင်ဆိုင်နေခဲ့ရကြောင်းသိရပါတယ်။တစ်ဆက်တည်းမှာဘဲဆနိုက်ဒါနှင့်ဒတ်ကောက်ခ်တို့ဟာလည်းဒုစရိုက်မှုတစ်ခုနှင့်ဆက်စပ်နေမှုအတွက်ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးခြင်းခံနေရပါတယ်။
ဒတ်ချ်ရဲတပ်ဖွဲ့ဟာ Piet S လို့လူသိများတဲ့ The Hague Godfather အားစုံစမ်းစစ်ဆေးမှုပြုလုပ်ရာတွင်သက်သေများအဖြစ်စစ်ဆေးခြင်းခံနေရတာလည်းဖြစ်ပါတယ်။
အသက်၄၁နှစ်ရှိလီဗာပူးတိုက်စစ်မှူးဟောင်းဒက်ကောက်ခ်က တရားဝင်လောင်းကစားဝက်ဘ်ဆိုက်တွင်လောင်းကစားမှုပြုလုပ်ခဲ့ကြောင်းဝန်ခံထားပေမယ့်ဆနိုက်ဒါကတော့တစ်စုံတစ်ရာပတ်သက်ခြင်းမရှိကြောင်းငြင်းဆိုထားပါတယ်။
လက်ရှိအချိန်တွင်မရှိတော့တဲ့ Edobet ကို Piet ရဲ့သားကဦးဆောင်နေတာဖြစ်ပြီးဒတ်ကောက်ခ်ဟာတစ်နေ့လျှင်ပေါင်၂၁၀၀၀ဖိုးအထိလောင်းကစားလုပ်ကြောင်းသိရပါတယ်။
တစ်ဖက်တွင်ဂိုဏ်းစတားများကဆနိုက်ဒါအနေဖြင့်သူ့ရဲ့လောင်းကစားအကြွေးများကိုမဆပ်ပါကဆနိုက်ဒါနှင့်မိသားစုဝင်များကိုဆေးရုံသို့အပို့ခံရမယ်လို့ခြိမ်းခြောက်ခံထားရပါတယ်။
ဒါပေမယ့်ရီးရဲလ်မက်ဒရစ်နှင့်အင်တာမီလန်ကစားသမားဟောင်းကတော့၎င်းမှာယင်းဝက်ဘ်ဆိုက်တွင်လောင်းကစားမှုပြုလုပ်ခြင်းမရှိကြောင်းငြင်းဆိုထားပါတယ်။
ဒတ်ကောက်ခ်ကတော့သူဟာယင်းဝက်ဘ်ဆိုက်တွင်လောင်းကစားမှုပြုလုပ်ခြင်းမှာချမ်းသာလာစေရန်ရည်ရွယ်ချက်ဖြင့်ပြုလုပ်ခြင်းမဟုတ်ဘဲအပျော်သဘောကစားခြင်းမျှသာဖြစ်ကြောင်းဆိုထားပါတယ်။
ဒါပေမယ့်တရားမဝင်ဝက်ဘ်ဆိုက်တွင်လောင်းကစားမှုပြုလုပ်ခြင်းမှာငွေကြေးခဝါချသကဲ့သို့ဖြစ်နေမှုကြောင့်ဒတ်ကောက်ခ်အနေဖြင့်အရေးယူခြင်းခံရနိုင်ပါတယ်။
ZawGyi
ဂိုဏ္းစတားေတြရဲ႕ၿခိမ္းေျခာက္မႈနဲ႔ရင္ဆိုင္ေနရတဲ့ ဆႏိုက္ဒါရဲ႕မိသားစု
ဝက္စ္ေလဆႏိုက္ဒါရဲ႕မိသားစုဝင္မ်ားဟာဂိုဏ္းစတားမ်ားရဲ႕ၿခိမ္းေျခာက္မႈနဲ႔ရင္ဆိုင္ေနခဲ့ရေၾကာင္းသိရပါတယ္။တစ္ဆက္တည္းမွာဘဲဆႏိုက္ဒါႏွင့္ဒတ္ေကာက္ခ္တို႔ဟာလည္းဒုစ႐ိုက္မႈတစ္ခုႏွင့္ဆက္စပ္ေနမႈအတြက္ရဲတပ္ဖြဲ႕ရဲ႕စုံစမ္းစစ္ေဆးျခင္းခံေနရပါတယ္။
ဒတ္ခ်္ရဲတပ္ဖြဲ႕ဟာ Piet S လို႔လူသိမ်ားတဲ့ The Hague Godfather အားစုံစမ္းစစ္ေဆးမႈျပဳလုပ္ရာတြင္သက္ေသမ်ားအျဖစ္စစ္ေဆးျခင္းခံေနရတာလည္းျဖစ္ပါတယ္။
အသက္၄၁ႏွစ္ရွိလီဗာပူးတိုက္စစ္မႉးေဟာင္းဒက္ေကာက္ခ္က တရားဝင္ေလာင္းကစားဝက္ဘ္ဆိုက္တြင္ေလာင္းကစားမႈျပဳလုပ္ခဲ့ေၾကာင္းဝန္ခံထားေပမယ့္ဆႏိုက္ဒါကေတာ့တစ္စုံတစ္ရာပတ္သက္ျခင္းမရွိေၾကာင္းျငင္းဆိုထားပါတယ္။
လက္ရွိအခ်ိန္တြင္မရွိေတာ့တဲ့ Edobet ကို Piet ရဲ႕သားကဦးေဆာင္ေနတာျဖစ္ၿပီးဒတ္ေကာက္ခ္ဟာတစ္ေန႔လွ်င္ေပါင္၂၁၀၀၀ဖိုးအထိေလာင္းကစားလုပ္ေၾကာင္းသိရပါတယ္။
တစ္ဖက္တြင္ဂိုဏ္းစတားမ်ားကဆႏိုက္ဒါအေနျဖင့္သူ႔ရဲ႕ေလာင္းကစားအေႂကြးမ်ားကိုမဆပ္ပါကဆႏိုက္ဒါႏွင့္မိသားစုဝင္မ်ားကိုေဆး႐ုံသို႔အပို႔ခံရမယ္လို႔ၿခိမ္းေျခာက္ခံထားရပါတယ္။
ဒါေပမယ့္ရီးရဲလ္မက္ဒရစ္ႏွင့္အင္တာမီလန္ကစားသမားေဟာင္းကေတာ့၎မွာယင္းဝက္ဘ္ဆိုက္တြင္ေလာင္းကစားမႈျပဳလုပ္ျခင္းမရွိေၾကာင္းျငင္းဆိုထားပါတယ္။
ဒတ္ေကာက္ခ္ကေတာ့သူဟာယင္းဝက္ဘ္ဆိုက္တြင္ေလာင္းကစားမႈျပဳလုပ္ျခင္းမွာခ်မ္းသာလာေစရန္ရည္႐ြယ္ခ်က္ျဖင့္ျပဳလုပ္ျခင္းမဟုတ္ဘဲအေပ်ာ္သေဘာကစားျခင္းမွ်သာျဖစ္ေၾကာင္းဆိုထားပါတယ္။
ဒါေပမယ့္တရားမဝင္ဝက္ဘ္ဆိုက္တြင္ေလာင္းကစားမႈျပဳလုပ္ျခင္းမွာေငြေၾကးခဝါခ်သကဲ့သို႔ျဖစ္ေနမႈေၾကာင့္ဒတ္ေကာက္ခ္အေနျဖင့္အေရးယူျခင္းခံရႏိုင္ပါတယ္။