ဂိုးခွင့်မပြုမှု၊ အပိုင်အခွင့်အရေးဖြုန်းတီးမှုဖြစ်ပြီးမှ အနိုင်ဂိုးသွင်းနိုင်ခဲ့တဲ့ နယူးကာဆယ်ရဲ့ဂျိုးလင်တန်

နယူးကာဆယ်စတားဂျိုးလင်တန်ဟာမနေ့ညတုန်းကဆောက်သမ်တန်ကို၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲတွင်ဂိုးခွင့်မပြု၊သေချာပေါက်ဂိုးရမဲ့အခွင့်အရေးဖြုန်းတီးမှု၊အနိုင်ဂိုးသွင်းနိုင်မှုစတဲ့ စိတ်ပျက်စရာ၊ဝမ်းသာစရာအဖြစ်အပျက်တွေကြုံခဲ့ရပါတယ်။

ဘရာဇီးစတားဟာလေးကိုက်အကွာကနေအပိုင်ကန်ခွင့်ရခဲ့ပေမဲ့လည်းဂိုးမဝင်ခဲ့မှုနဲ့အတူ ဒီရာသီအဆိုးရွားဆုံးအပိုင်အခွင့်အရေးဖြုန်းတီးမှုလို့ပြောရမဲ့ဖြုန်းတီးမှုပြုလုပ်ခဲ့ပါတယ်။

သူဟာမီဂယ်အယ်မီရွန်ရဲ့ပေးပို့မှုကနေ၄ကိုက်အကွာမှအပိုင်ကန်ခွင့်ရခဲ့ပေမဲ့လည်းအပေါ်ထောင်ကန်ခဲ့တာဖြစ်ပါတယ်။

ယင်းမတိုင်မီသူဟာဂိုးသွင်းယူနိုင်ခဲ့ပေမဲ့လည်းဒိုင်လူကြီးကခွင့်မပြုမှုကြောင့်စိတ်ပျက်စရာကြုံခဲ့ရပါတယ်။

ဒါပေမဲ့သူဟာပွဲချိန်၇၃မိနစ်မှာတော့ညာခြမ်းမှချပေးလိုက်တဲ့ဘောလုံးကိုအမှားအယွင်းမရှိပိတ်သွင်းကာနယူးကာဆယ်အတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူခဲ့ပါတယ်။

ဂျိုးလင်တန်ဟာနယူးကာဆယ်သို့တိုက်စစ်မှူးတစ်ဦးအနေဖြင့်ရောက်လာခဲ့ပေမဲ့လည်းဂိုးပေါက်ရှာမတွေ့မှုနဲ့အတူကွင်းလယ်သို့ဆင်းကစားပြီးတဲ့နောက်အောင်မြင်တဲ့ကွင်းလယ်ကစားသမားတစ်ဦးဖြစ်လာခဲ့သူလည်းဖြစ်ပါတယ်။

နယူးကာဆယ်ဟာပထမအကျော့တွင်ဆောက်သမ်တန်ကိုအဝေးကွင်းမှာအနိုင်ရရှိမှုနဲ့အတူ၅၄နှစ်အတွင်းပထမဆုံးဆုဖလားဆွတ်ခူးနိုင်ရေးခြေလှမ်းတစ်လှမ်းနီးလာပြီဖြစ်ပါတယ်။

နယူးကာဆယ်ဟာဆောက်သမ်တန်ကိုကျော်ဖြတ်နိုင်ပါကနော်တင်ဟမ်ဖောရက်စ်(သို့မဟုတ်)ယူနိုက်တက်နှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ဂိုးခြင့္မျပဳမႈ၊ အပိုင္အခြင့္အေရးျဖဳန္းတီးမႈျဖစ္ၿပီးမွ အႏိုင္ဂိုးသြင္းႏိုင္ခဲ့တဲ့ နယူးကာဆယ္ရဲ႕ဂ်ိဳးလင္တန္

နယူးကာဆယ္စတားဂ်ိဳးလင္တန္ဟာမေန႔ညတုန္းကေဆာက္သမ္တန္ကို၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ခါရာေဘာင္ဖလားဆီမီးဖိုင္နယ္ပြဲတြင္ဂိုးခြင့္မျပဳ၊ေသခ်ာေပါက္ဂိုးရမဲ့အခြင့္အေရးျဖဳန္းတီးမႈ၊အႏိုင္ဂိုးသြင္းႏိုင္မႈစတဲ့ စိတ္ပ်က္စရာ၊ဝမ္းသာစရာအျဖစ္အပ်က္ေတြႀကဳံခဲ့ရပါတယ္။

ဘရာဇီးစတားဟာေလးကိုက္အကြာကေနအပိုင္ကန္ခြင့္ရခဲ့ေပမဲ့လည္းဂိုးမဝင္ခဲ့မႈနဲ႔အတူ ဒီရာသီအဆိုး႐ြားဆုံးအပိုင္အခြင့္အေရးျဖဳန္းတီးမႈလို႔ေျပာရမဲ့ျဖဳန္းတီးမႈျပဳလုပ္ခဲ့ပါတယ္။

သူဟာမီဂယ္အယ္မီ႐ြန္ရဲ႕ေပးပို႔မႈကေန၄ကိုက္အကြာမွအပိုင္ကန္ခြင့္ရခဲ့ေပမဲ့လည္းအေပၚေထာင္ကန္ခဲ့တာျဖစ္ပါတယ္။

ယင္းမတိုင္မီသူဟာဂိုးသြင္းယူႏိုင္ခဲ့ေပမဲ့လည္းဒိုင္လူႀကီးကခြင့္မျပဳမႈေၾကာင့္စိတ္ပ်က္စရာႀကဳံခဲ့ရပါတယ္။

ဒါေပမဲ့သူဟာပြဲခ်ိန္၇၃မိနစ္မွာေတာ့ညာျခမ္းမွခ်ေပးလိုက္တဲ့ေဘာလုံးကိုအမွားအယြင္းမရွိပိတ္သြင္းကာနယူးကာဆယ္အတြက္တစ္လုံးတည္းေသာအႏိုင္ဂိုးကိုသြင္းယူခဲ့ပါတယ္။

ဂ်ိဳးလင္တန္ဟာနယူးကာဆယ္သို႔တိုက္စစ္မႉးတစ္ဦးအေနျဖင့္ေရာက္လာခဲ့ေပမဲ့လည္းဂိုးေပါက္ရွာမေတြ႕မႈနဲ႔အတူကြင္းလယ္သို႔ဆင္းကစားၿပီးတဲ့ေနာက္ေအာင္ျမင္တဲ့ကြင္းလယ္ကစားသမားတစ္ဦးျဖစ္လာခဲ့သူလည္းျဖစ္ပါတယ္။

နယူးကာဆယ္ဟာပထမအေက်ာ့တြင္ေဆာက္သမ္တန္ကိုအေဝးကြင္းမွာအႏိုင္ရရွိမႈနဲ႔အတူ၅၄ႏွစ္အတြင္းပထမဆုံးဆုဖလားဆြတ္ခူးႏိုင္ေရးေျခလွမ္းတစ္လွမ္းနီးလာၿပီျဖစ္ပါတယ္။

နယူးကာဆယ္ဟာေဆာက္သမ္တန္ကိုေက်ာ္ျဖတ္ႏိုင္ပါကေနာ္တင္ဟမ္ေဖာရက္စ္(သို႔မဟုတ္)ယူႏိုက္တက္ႏွင့္ရင္ဆိုင္ကစားရပါမယ္။