ဂိုးပေးရလျှင် ယူနိုက်တက်ကစားသမားများကို ဒိုက်ထိုးခိုင်းနေတဲ့ အဲရစ်တန်ဟက်

မန်ချက်စတာယူနိုက်တက်ကစားသမားများဟာလေ့ကျင့်ရေးပွဲတွင်ဂိုးပေးရလျှင်ဒိုက်ထိုးရကြောင်းသိရပါတယ်။

အဲရစ်တန်ဟက်ရဲ့ယူနိုက်တက်ဟာလီဗာပူးနှင့်ရာသီကြိုခြေစမ်းပွဲကစားရန် ဘန်ကောက်သို့ရနေပြီးတနင်္လာနေ့တုန်းကတံခါးဖွင့်လေ့ကျင့်ခန်းအစီအစဉ်ပြုလုပ်ခဲ့ကြပါတယ်။

မီဒီယာများဟာယူနိုက်တက်ရဲ့လေ့ကျင့်ခန်းအစီအစဉ်သို့တက်ရောက်ကြည့်ရှုနိုင်ခဲ့ပါတယ်။ ဘီဘီစီမှဆိုင်မွန်စတုန်းတင်လာတဲ့ဗီဒီယိုဖိုင်အရအဲရစ်တန်ဟက်ဟာကစားသမားများကိုတင်းကြပ်တဲ့စည်းမျဉ်းများဖြင့်ကိုင်တွယ်နေတာတွေ့ရပါတယ်။

ပရိသတ်တစ်သောင်းလာကြည့်တဲ့ယူနိုက်တက်ရဲ့လေ့ကျင့်ခန်းအစီအစဉ်တွင် အဲရစ်တန်ဟက်ဟာကစားသမားများကို တိုက်စစ် Vs ခံစစ်ကစားခိုင်းခဲ့ပြီးဂိုးကျဉ်းအသုံးပြုခဲ့ပါတယ်။

အသက်၅၂နှစ်ရှိအဲရစ်တန်ဟက်ဟာဂိုးတစ်ဂိုးပေးရတိုင်းကစားသမားများကိုထုတ်ကာဒိုက်ထိုးခိုင်းခဲ့ပါတယ်။ယူနိုက်တက်ပရိသတ်များကလည်းအဲရစ်တန်ဟက်ရဲ့လုပ်ဆောင်မှုကိုလက်ခုပ်တီးအားပေးခဲ့ကြပါတယ်။

ယူနိုက်တက်ဟာယနေ့ညတွင်ဘန်ကောက်ရှိရာဇမင်္ဂလာကွင်းမှာလီဗာပူးနှင့်ခြေစမ်းမှာဖြစ်ပြီးယင်းပွဲမှာအဲရစ်တန်ဟက်ရဲ့ပထမဆုံးယူနိုက်တက်ပွဲစဉ်ဖြစ်လာပါမယ်။

ZawGyi

ဂိုးေပးရလွ်င္ ယူႏိုက္တက္ကစားသမားမ်ားကို ဒိုက္ထိုးခိုင္းေနတဲ့ အဲရစ္တန္ဟက္

မန္ခ်က္စတာယူႏိုက္တက္ကစားသမားမ်ားဟာေလ့က်င့္ေရးပြဲတြင္ဂိုးေပးရလွ်င္ဒိုက္ထိုးရေၾကာင္းသိရပါတယ္။

အဲရစ္တန္ဟက္ရဲ႕ယူႏိုက္တက္ဟာလီဗာပူးႏွင့္ရာသီႀကိဳေျခစမ္းပြဲကစားရန္ ဘန္ေကာက္သို႔ရေနၿပီးတနလၤာေန႔တုန္းကတံခါးဖြင့္ေလ့က်င့္ခန္းအစီအစဥ္ျပဳလုပ္ခဲ့ၾကပါတယ္။

မီဒီယာမ်ားဟာယူႏိုက္တက္ရဲ႕ေလ့က်င့္ခန္းအစီအစဥ္သို႔တက္ေရာက္ၾကည့္ရႈႏိုင္ခဲ့ပါတယ္။ ဘီဘီစီမွဆိုင္မြန္စတုန္းတင္လာတဲ့ဗီဒီယိုဖိုင္အရအဲရစ္တန္ဟက္ဟာကစားသမားမ်ားကိုတင္းၾကပ္တဲ့စည္းမ်ဥ္းမ်ားျဖင့္ကိုင္တြယ္ေနတာေတြ႕ရပါတယ္။

ပရိသတ္တစ္ေသာင္းလာၾကည့္တဲ့ယူႏိုက္တက္ရဲ႕ေလ့က်င့္ခန္းအစီအစဥ္တြင္ အဲရစ္တန္ဟက္ဟာကစားသမားမ်ားကို တိုက္စစ္ Vs ခံစစ္ကစားခိုင္းခဲ့ၿပီးဂိုးက်ဥ္းအသုံးျပဳခဲ့ပါတယ္။

အသက္၅၂ႏွစ္ရွိအဲရစ္တန္ဟက္ဟာဂိုးတစ္ဂိုးေပးရတိုင္းကစားသမားမ်ားကိုထုတ္ကာဒိုက္ထိုးခိုင္းခဲ့ပါတယ္။ယူႏိုက္တက္ပရိသတ္မ်ားကလည္းအဲရစ္တန္ဟက္ရဲ႕လုပ္ေဆာင္မႈကိုလက္ခုပ္တီးအားေပးခဲ့ၾကပါတယ္။

ယူႏိုက္တက္ဟာယေန႔ညတြင္ဘန္ေကာက္ရွိရာဇမဂၤလာကြင္းမွာလီဗာပူးႏွင့္ေျခစမ္းမွာျဖစ္ၿပီးယင္းပြဲမွာအဲရစ္တန္ဟက္ရဲ႕ပထမဆုံးယူႏိုက္တက္ပြဲစဥ္ျဖစ္လာပါမယ္။