
လီဗာပူးတိုက်စစ်မှူးဂျီဘရယ်ဆစ်စီဟာဂိုးရည်မှန်းချက်ပြည့်မြောက်လာစေရန်အတွက်ကစားသမားဘဝမှအနားယူပြီးမှဘောလုံးလောကသို့ပြန်လည်ဝင်ရောက်လာဖို့ရှိနေပါတယ်။
ပြင်သစ်တိုက်စစ်မှူးဆစ်စီဟာကစားသမားဘဝနှစ်ပေါင်း၂၀ကျော်အတွင်းတွင်ဘောလုံးလောကမှာလူသိများတဲ့ကလပ်များစွာတို့မှာကစားခဲ့သူလည်းဖြစ်ပါတယ်။
သူဟာပရီးမီးယားလိဂ်ကလပ်များဖြစ်ကြတဲ့လီဗာပူး၊ဆန်းဒါးလန်း၊ကျူပီအာတို့အပြင်ဥရောပထိပ်သီးများဖြစ်ကြတဲ့လာဇီယို၊မာဆေးလ်တို့တွင်လည်းကစားခဲ့ဖူးသူဖြစ်ပါတယ်။
သူဟာအသက်၃၄နှစ်တွင်ကစားသမားဘဝမှအနားယူခဲ့ပေမဲ့လည်းဆွစ်ဇာလန်ဘောလုံးလောကသို့ပြန်လည်ဝင်ရောက်ကာဘောလုံးပြန်ကစားခဲ့ပါတယ်။
ယခုသူဟာလီဂူး၁ဂိုး ၁၀၀ပြည့်အောင်သွင်းနိုင်ရေးအတွက် လီဂူး၁ကလပ်တစ်ခုခုကသာကမ်းလှမ်းလာပါကလုပ်ခတစ်ပြားမျှမယူဘဲကစားကာသူ့ရည်မှန်းချက်ပြည့်လာအောင်လုပ်ရန်အသင့်ရှိနေပါတယ်။
သူဟာလီဂူး၁ဂိုးရာပြည့်ရန်၄ဂိုးတည်းသာလိုတော့သူလည်းဖြစ်ပါတယ်။
ဆစ်စီက”လီဂူး၁ ဂိုးရာပြ့ည့်ဖို့၄ဂိုးတည်းပဲလိုတော့တာကျွန်တော့်ကိုဘဝင်မကျဖြစ်စေပါတယ်။တကယ်လို့များကလပ်တစ်ခုခုကသာပွဲကစားဖို့ကမ်းလှမ်းလာမယ်ဆိုရင်တစ်ပြားမျှမယူဘဲကစားသွားပါမယ်”လို့ပြောကြားသွားပါတယ်။
ဆစ်စီနောက်ဆုံးကစားခဲ့တဲ့ကလပ်က၂၀၂၁ခုနှစ်တုန်းကအမေရိကန်စတုတ္ထတန်းကလပ်Panathinaikos Chicago မှာကစားခဲ့တာဖြစ်ပါတယ်။
ဆစ်စီဟာပြင်သစ်လက်ရွေးစင်အသင်းအတွက်၄၁ပွဲကစားခဲ့ခွင့်ရခဲ့ပြီး၉ဂိုးသွင်းနိုင်ခဲ့သူလည်းဖြစ်ပြီးကစားသမားဘဝအမြင့်မားဆုံးကာလကတော့လီဗာပူးနှင့်အတူချန်ပီယံလိဂ်ဖလားရခဲ့တာဖြစ်ပါတယ်။
ZawGyi
ဂိုးရည္မွန္းခ်က္ျပည့္ေျမာက္လာေစရန္ ကစားသမားဘဝမွ အနားယူၿပီးမွ ျပန္ကစားဖို႔ ရွိေနတဲ့ လီဗာပူးတိုက္စစ္မႉးေဟာင္းဆစ္စီ
လီဗာပူးတိုက္စစ္မႉးဂ်ီဘရယ္ဆစ္စီဟာဂိုးရည္မွန္းခ်က္ျပည့္ေျမာက္လာေစရန္အတြက္ကစားသမားဘဝမွအနားယူၿပီးမွေဘာလုံးေလာကသို႔ျပန္လည္ဝင္ေရာက္လာဖို႔ရွိေနပါတယ္။
ျပင္သစ္တိုက္စစ္မႉးဆစ္စီဟာကစားသမားဘဝႏွစ္ေပါင္း၂၀ေက်ာ္အတြင္းတြင္ေဘာလုံးေလာကမွာလူသိမ်ားတဲ့ကလပ္မ်ားစြာတို႔မွာကစားခဲ့သူလည္းျဖစ္ပါတယ္။
သူဟာပရီးမီးယားလိဂ္ကလပ္မ်ားျဖစ္ၾကတဲ့လီဗာပူး၊ဆန္းဒါးလန္း၊က်ဴပီအာတို႔အျပင္ဥေရာပထိပ္သီးမ်ားျဖစ္ၾကတဲ့လာဇီယို၊မာေဆးလ္တို႔တြင္လည္းကစားခဲ့ဖူးသူျဖစ္ပါတယ္။
သူဟာအသက္၃၄ႏွစ္တြင္ကစားသမားဘဝမွအနားယူခဲ့ေပမဲ့လည္းဆြစ္ဇာလန္ေဘာလုံးေလာကသို႔ျပန္လည္ဝင္ေရာက္ကာေဘာလုံးျပန္ကစားခဲ့ပါတယ္။
ယခုသူဟာလီဂူး၁ဂိုး ၁၀၀ျပည့္ေအာင္သြင္းႏိုင္ေရးအတြက္ လီဂူး၁ကလပ္တစ္ခုခုကသာကမ္းလွမ္းလာပါကလုပ္ခတစ္ျပားမွ်မယူဘဲကစားကာသူ႔ရည္မွန္းခ်က္ျပည့္လာေအာင္လုပ္ရန္အသင့္ရွိေနပါတယ္။
သူဟာလီဂူး၁ဂိုးရာျပည့္ရန္၄ဂိုးတည္းသာလိုေတာ့သူလည္းျဖစ္ပါတယ္။
ဆစ္စီက”လီဂူး၁ ဂိုးရာျပ့ည့္ဖို႔၄ဂိုးတည္းပဲလိုေတာ့တာကြၽန္ေတာ့္ကိုဘဝင္မက်ျဖစ္ေစပါတယ္။တကယ္လို႔မ်ားကလပ္တစ္ခုခုကသာပြဲကစားဖို႔ကမ္းလွမ္းလာမယ္ဆိုရင္တစ္ျပားမွ်မယူဘဲကစားသြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။
ဆစ္စီေနာက္ဆုံးကစားခဲ့တဲ့ကလပ္က၂၀၂၁ခုႏွစ္တုန္းကအေမရိကန္စတုတၳတန္းကလပ္Panathinaikos Chicago မွာကစားခဲ့တာျဖစ္ပါတယ္။
ဆစ္စီဟာျပင္သစ္လက္ေ႐ြးစင္အသင္းအတြက္၄၁ပြဲကစားခဲ့ခြင့္ရခဲ့ၿပီး၉ဂိုးသြင္းႏိုင္ခဲ့သူလည္းျဖစ္ၿပီးကစားသမားဘဝအျမင့္မားဆုံးကာလကေတာ့လီဗာပူးႏွင့္အတူခ်န္ပီယံလိဂ္ဖလားရခဲ့တာျဖစ္ပါတယ္။