ဂိုးသမားတစ်ဦးဖြစ်ပေမဲ့ Golden Boot ဆုကို ဆွတ်ခူးသွားခဲ့တဲ့ လီဗာပူးဂိုးသမားဟောင်းမီဂနိုလက်

ဂိုးသမားဆိုင်မွန်မီဂနိုလက်ဟာ Golden Boot ဆုကိုအံ့ဩသင့်ဖွယ်ဆွတ်ခူးလာနိုင်ခဲ့ပါတယ်။

လီဗာပူးဂိုးသမားဟောင်းဟာမွေးရပ်မြေဘယ်လ်ဂျီယံသို့ပြန်ကာ ကလပ်ဘရုဂျက်တွင်ကစားနေသူလည်းဖြစ်ပါတယ်။

ဒါပေမဲ့သူဟာကလပ်ဘရုဂျက်အတွက်အကောင်းဆုံးကစားနိုင်မှုနဲ့အတူ ဂုဏ်သိက္ခာမြင့်ဆုတစ်ဆုကိုဆွတ်ခူးရယူလိုက်နိုင်ပြီဖြစ်ပါတယ်။

ပုံမှန်အားဖြင့် Golden Boot ဆုကိုဂိုးသွင်းဘုရင်ကိုသာချီးမြှင့်တာဖြစ်ပါတယ်။

ဒါပေမဲ့ဘယ်လ်ဂျီယံပရိုလိဂ်မှာတော့လိဂ်ရဲ့အကောင်းဆုံးကစားသမားကိုချီးမြှင့်ပါတယ်။

မီဂလိုနိုလက်ဟာ၂၀၂၂ခုနှစ်တွင်အကောင်းဆုံးကစားသွားနိုင်မှုနဲ့အတူ ယင်းဆုအားဆွတ်ခူးသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

သူဟာယူနီယံအက်စ်ဂျီအလယ်တန်းကစားသမားကက်စ်ပါနယ်ဆင်၊ဂျန့်တိုက်စစ်မှူးမိုက်အန်ဒါယီရှီမီယီတို့ကိုကျော်ဖြတ်ပြီး Golden Boot ဆုကိုဆွတ်ခူးသွားနိုင်ခဲ့တာပါ။

မီဂနိုလက်ဟာယင်းဆုကို၁၉၈၉ခုနှစ်နောက်ပိုင်းပထမဆုံးဆွတ်ခူးနိုင်တဲ့ဂိုးသမားဖြစ်လည်းဖြစ်ပါတယ်။

ယခုတုန်းကယင်းဆုကိုဘယ်လ်ဂျီယံစတားများဖြစ်ကြတဲ့ဗင်းဆင့်ကွန်ပနီ၊သော်ဂန်ဟာဇက်တို့ဆွတ်ခူးခဲ့ကြဖူးပြီး လူကာကူနှင့်ယူရီတီလီမန်းတို့ကတော့မဆွတ်ခူးခဲ့ကြပါဘူး။

မီဂနိုလက်ဟာ၂၀၂၂ခုနှစ်တွင်ကလပ်ဘရုဂျက်ကိုသုံးကြိမ်ဆက်လိဂ်ချန်ပီယံဖြစ်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

စကော့ပါကားဦးဆောင်နေတဲ့ ကလပ်ဘရုဂျက်ဟာလိဂ်တွင် ယူနီယံအက်စ်ဂျီအောက်ဒုတိယနေရာမှာသာရပ်တည်နိုင်ပေမဲ့ ပလေးအော့ဖ်ခြောက်ပွဲတွင် ၄ပွဲနိုင်၊၂ပွဲသရေကျပြီး၂ဂိုးတည်းသာပေးရကာချန်ပီယံဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။

ကလပ်ဘရုဂျက်ဟာလာမယ့်ရာသီချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်ရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။

ဘယ်လ်ဂျီယံကလပ်ဟာယခုရာသီချန်ပီယံလိဂ်တွင်လေဗာကူဆင်၊အက်သလက်တီကို၊ပေါ်တိုတို့နှင့်တစ်အုပ်စုတည်းကျပေမဲ့၁၆သင်းရှုံးထွက်အဆင့်သို့တက်ထားပြီးဘင်ဖီကာနှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ဂိုးသမားတစ္ဦးျဖစ္ေပမဲ့ Golden Boot ဆုကို ဆြတ္ခူးသြားခဲ့တဲ့ လီဗာပူးဂိုးသမားေဟာင္းမီဂႏိုလက္

ဂိုးသမားဆိုင္မြန္မီဂႏိုလက္ဟာ Golden Boot ဆုကိုအံ့ဩသင့္ဖြယ္ဆြတ္ခူးလာႏိုင္ခဲ့ပါတယ္။

လီဗာပူးဂိုးသမားေဟာင္းဟာေမြးရပ္ေျမဘယ္လ္ဂ်ီယံသို႔ျပန္ကာ ကလပ္ဘ႐ုဂ်က္တြင္ကစားေနသူလည္းျဖစ္ပါတယ္။

ဒါေပမဲ့သူဟာကလပ္ဘ႐ုဂ်က္အတြက္အေကာင္းဆုံးကစားႏိုင္မႈနဲ႔အတူ ဂုဏ္သိကၡာျမင့္ဆုတစ္ဆုကိုဆြတ္ခူးရယူလိုက္ႏိုင္ၿပီျဖစ္ပါတယ္။

ပုံမွန္အားျဖင့္ Golden Boot ဆုကိုဂိုးသြင္းဘုရင္ကိုသာခ်ီးျမႇင့္တာျဖစ္ပါတယ္။

ဒါေပမဲ့ဘယ္လ္ဂ်ီယံပ႐ိုလိဂ္မွာေတာ့လိဂ္ရဲ႕အေကာင္းဆုံးကစားသမားကိုခ်ီးျမႇင့္ပါတယ္။

မီဂလိုႏိုလက္ဟာ၂၀၂၂ခုႏွစ္တြင္အေကာင္းဆုံးကစားသြားႏိုင္မႈနဲ႔အတူ ယင္းဆုအားဆြတ္ခူးသြားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

သူဟာယူနီယံအက္စ္ဂ်ီအလယ္တန္းကစားသမားကက္စ္ပါနယ္ဆင္၊ဂ်န႔္တိုက္စစ္မႉးမိုက္အန္ဒါယီရွီမီယီတို႔ကိုေက်ာ္ျဖတ္ၿပီး Golden Boot ဆုကိုဆြတ္ခူးသြားႏိုင္ခဲ့တာပါ။

မီဂႏိုလက္ဟာယင္းဆုကို၁၉၈၉ခုႏွစ္ေနာက္ပိုင္းပထမဆုံးဆြတ္ခူးႏိုင္တဲ့ဂိုးသမားျဖစ္လည္းျဖစ္ပါတယ္။

ယခုတုန္းကယင္းဆုကိုဘယ္လ္ဂ်ီယံစတားမ်ားျဖစ္ၾကတဲ့ဗင္းဆင့္ကြန္ပနီ၊ေသာ္ဂန္ဟာဇက္တို႔ဆြတ္ခူးခဲ့ၾကဖူးၿပီး လူကာကူႏွင့္ယူရီတီလီမန္းတို႔ကေတာ့မဆြတ္ခူးခဲ့ၾကပါဘူး။

မီဂႏိုလက္ဟာ၂၀၂၂ခုႏွစ္တြင္ကလပ္ဘ႐ုဂ်က္ကိုသုံးႀကိမ္ဆက္လိဂ္ခ်န္ပီယံျဖစ္ေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။

စေကာ့ပါကားဦးေဆာင္ေနတဲ့ ကလပ္ဘ႐ုဂ်က္ဟာလိဂ္တြင္ ယူနီယံအက္စ္ဂ်ီေအာက္ဒုတိယေနရာမွာသာရပ္တည္ႏိုင္ေပမဲ့ ပေလးေအာ့ဖ္ေျခာက္ပြဲတြင္ ၄ပြဲႏိုင္၊၂ပြဲသေရက်ၿပီး၂ဂိုးတည္းသာေပးရကာခ်န္ပီယံျဖစ္လာခဲ့တာလည္းျဖစ္ပါတယ္။

ကလပ္ဘ႐ုဂ်က္ဟာလာမယ့္ရာသီခ်န္ပီယံလိဂ္တိုက္႐ိုက္ဝင္ခြင့္ရရွိသြားခဲ့ၿပီလည္းျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယံကလပ္ဟာယခုရာသီခ်န္ပီယံလိဂ္တြင္ေလဗာကူဆင္၊အက္သလက္တီကို၊ေပၚတိုတို႔ႏွင့္တစ္အုပ္စုတည္းက်ေပမဲ့၁၆သင္းရႈံးထြက္အဆင့္သို႔တက္ထားၿပီးဘင္ဖီကာႏွင့္ရင္ဆိုင္ကစားရပါမယ္။