ဂိုးသမားအားလုံး မကစားနိုင်မှုကြောင့် ကင်မရွန်းနှင့်ပွဲတွင် ဂိုးနေရာတွင် အခြားနေရာမှ ကစားသမားကို အသုံးပြုရမယ့် ကိုမိုရို့စ်

ကိုမိုရို့စ်ဟာယနေ့ညတွင်ကစားမယ့်ကင်မရွန်းနှင့်အာဖရိကဖလားပွဲတွင်ဂိုးသမားအားလုံးမကစားနိုင်မှုနဲ့အတူ ကျန်နေရာတစ်ခုမှကစားသမားတစ်ဦးကိုဂိုးသမားအဖြစ်အသုံးပြုသွားပါမယ်။

အာဖရိကဖလား၁၆သင်းအဆင့်သို့မမျှော်လင့်ဘဲတက်ရောက်လာတဲ့ကိုမိုရို့စ်ဟာအိမ်ရှင်ကိုကျော်ဖြတ်ကာကွာတားဖိုင်နယ်သို့တက်ရန်အကြီးအကျယ်မျှော်လင့်နေပေမဲ့လည်း ယခုအခါဂိုးသမားပြဿနာကြုံရမှုနဲ့အတူသူတို့ရဲ့နည်းပါးတဲ့မျှော်လင့်ချက်မှာ မရှိသလောက်ဖြစ်လာပြီဖြစ်ပါတယ်။

ကိုမိုရို့စ်ရဲ့ဦးစားပေးဂိုးသမားဆာလမ်ဘင်ဘိုနာကဂါနာအားအနိုင်ရရှိတဲ့ပွဲမှာဒဏ်ရာရရှိကာအနားယူနေရပါတယ်။ယင်းအချိန်တွင်ဒုတိယဦးစားပေးနှင့်တတိယဦးစားပေးဂိုးသမားများဖြစ်ကြတဲ့မိုယက်အိုဆိန်နီနှင့်အလီအဟာမာဒါတို့မှာလည်းကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိရပါတယ်။

တဖက်တွင်ကိုမိုရို့စ်အသင်းဟာနိုင်ငံအသင်းသမိုင်းတစ်လျှောက်အကြီးမားဆုံးပြိုင်ပွဲမတိုင်မီကိုဗစ်ကူးစက်ခံထားရသူစုစုပေါင်း၇ဦးအထိရှိနေပါသေးတယ်။

ယင်းသို့အနေအထားကြောင့်ကိုမိုရို့စ်ဟာဂိုးသမားနေရာတွင် အခြားနေရာမှကစားသမားတစ်ဦးကိုအသုံးပြုသွားရမယ့်ပွဲအပြင်အရန်စာရင်းတွင်ကစားသမားအပြည့်အဝထားရှိရေးပင်ခက်ခဲနေပါတယ်။

ZawGyi

ဂိုးသမားအားလုံး မကစားႏိုင္မႈေၾကာင့္ ကင္မ႐ြန္းႏွင့္ပြဲတြင္ ဂိုးေနရာတြင္ အျခားေနရာမွ ကစားသမားကို အသုံးျပဳရမယ့္ ကိုမို႐ို႕စ္

ကိုမို႐ို႕စ္ဟာယေန႔ညတြင္ကစားမယ့္ကင္မ႐ြန္းႏွင့္အာဖရိကဖလားပြဲတြင္ဂိုးသမားအားလုံးမကစားႏိုင္မႈနဲ႔အတူ က်န္ေနရာတစ္ခုမွကစားသမားတစ္ဦးကိုဂိုးသမားအျဖစ္အသုံးျပဳသြားပါမယ္။

အာဖရိကဖလား၁၆သင္းအဆင့္သို႔မေမွ်ာ္လင့္ဘဲတက္ေရာက္လာတဲ့ကိုမို႐ို႕စ္ဟာအိမ္ရွင္ကိုေက်ာ္ျဖတ္ကာကြာတားဖိုင္နယ္သို႔တက္ရန္အႀကီးအက်ယ္ေမွ်ာ္လင့္ေနေပမဲ့လည္း ယခုအခါဂိုးသမားျပႆနာႀကဳံရမႈနဲ႔အတူသူတို႔ရဲ႕နည္းပါးတဲ့ေမွ်ာ္လင့္ခ်က္မွာ မရွိသေလာက္ျဖစ္လာၿပီျဖစ္ပါတယ္။

ကိုမို႐ို႕စ္ရဲ႕ဦးစားေပးဂိုးသမားဆာလမ္ဘင္ဘိုနာကဂါနာအားအႏိုင္ရရွိတဲ့ပြဲမွာဒဏ္ရာရရွိကာအနားယူေနရပါတယ္။ယင္းအခ်ိန္တြင္ဒုတိယဦးစားေပးႏွင့္တတိယဦးစားေပးဂိုးသမားမ်ားျဖစ္ၾကတဲ့မိုယက္အိုဆိန္နီႏွင့္အလီအဟာမာဒါတို႔မွာလည္းကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိရပါတယ္။

တဖက္တြင္ကိုမို႐ို႕စ္အသင္းဟာႏိုင္ငံအသင္းသမိုင္းတစ္ေလွ်ာက္အႀကီးမားဆုံးၿပိဳင္ပြဲမတိုင္မီကိုဗစ္ကူးစက္ခံထားရသူစုစုေပါင္း၇ဦးအထိရွိေနပါေသးတယ္။

ယင္းသို႔အေနအထားေၾကာင့္ကိုမို႐ို႕စ္ဟာဂိုးသမားေနရာတြင္ အျခားေနရာမွကစားသမားတစ္ဦးကိုအသုံးျပဳသြားရမယ့္ပြဲအျပင္အရန္စာရင္းတြင္ကစားသမားအျပည့္အဝထားရွိေရးပင္ခက္ခဲေနပါတယ္။