ဂိုးသမားအီဒါဆင်ကို မန်စီးတီးရဲ့ပင်နယ်တီကန်သူ ဖြစ်လာနိုင်ကြောင်း ဂွါဒီယိုလာအတည်ပြု

ပက်ဂွါဒီယိုလာကဂိုးသမားအီဒါဆင်ကိုမန်စီးတီးရဲ့ပင်နယ်တီကန်သွင်းသူအဖြစ်ရွေးချယ်လာနိုင်ကြောင်း ဝန်ခံပြောကြားသွားပါတယ်။

မန်စီးတီးအသင်းဟာပြီးခဲ့တဲ့ဘောလုံးရာသီမှစတင်ကာယခုအချိန်အထိပင်နယ်တီ၈ကြိမ်တိုင်တိုင်လွဲချော် ထားပြီးဖြစ်ပါတယ်။နောက်ဆုံးအကြိမ်ပင်နယ်တီလွဲခဲ့တာကတနင်္ဂနွေနေ့တုန်းကလီဗာပူးနှင့်ပွဲတွင်အိုင်ကေးဂန်ဒိုဂန်လွဲချော်ခဲ့တာပါ။

မန်စီးတီးရဲ့အဓိကပင်နယ်တီကန်သွင်းသူများမှာဆာဂျီယိုအဂူရိုနှင့်ကီဗင်ဒီဘရိုင်းတို့ဖြစ်ပြီး၎င်းတို့မှာ ဒဏ်ရာပြဿနာများကြောင့်အနားယူနေရပါတယ်။

အီဒါဆင်မှာယခင်တုန်းကလည်းပင်နယ်တီနိုင်ကြောင်းပြောကြားခဲ့ဖူးရာပက်ဂွါဒီယိုလာဟာဘရာဇီးဂိုးသမားကိုပင်နယ်တီကန်သူအဖြစ်ရွေးချယ်လာနိုင်ပါတယ်။

ဂွါဒီယိုလာက “သူကဂိုးတွေကိုကာကွယ်နိုင်တယ်။ကစားဟန်တည်ဆောက်ပေးတယ်။ပြီးတော့ဘာလုပ် နိုင်မလဲကြည့်ရပါမယ်။အခြားကစားသမားတွေအပေါ်မှာလည်းမူတည်ပါသေးတယ်။ဆာဂျီယိုကကြံ့ခိုင်မှု မပြည့်ပါဘူး။ကီဗင်ကလည်းပင်နယ်တီကန်ကောင်းသူပါ။ဒါပေမယ့်သူရှိမနေဘူး။ဘာဖြစ်လာမလဲကြည့် ရဦးမယ်။လူစာရင်းအပေါ်လည်းမူတည်ပါတယ်။ဒါပေမယ့်သူ့ကိုလည်းစဉ်းစားလို့ရတယ်။သူကလည်းပင် နယ်တီကန်ကောင်းသူပါ”လို့ပြောကြားခဲ့ဖူးပါတယ်။

ယခင်တုန်းကအီဒါဆင်ကိုယ်တိုင်ကလည်း “ဖရီးကစ်တော့အများကြီးမလေ့ကျင့်ဖူးဘူး။ပင်နယ်တီတော့ အများကြီးလေ့ကျင့်ဖူးတယ်။ရီဘိုင်ယိုမှာကစားတုန်းကဖရီးကစ်အချို့ကန်ဖူးတယ်။ဒါပေမယ့်ဒါကလည်း ကြာခဲ့ပါပြီ။ပင်နယ်တီကန်ရာမှာအကောင်းဆုံးဖြစ်ခဲ့ဖူးတယ်။ဒါပေမယ့်ကန်ဖို့ရွေးချယ်ခြင်းမခံရပါဘူး”လို့ ပြောကြားသွားပါတယ်။

ZawGyi

ဂိုးသမားအီဒါဆင္ကို မန္စီးတီးရဲ႕ပင္နယ္တီကန္သူ ျဖစ္လာႏိုင္ေၾကာင္း ဂြါဒီယိုလာအတည္ျပဳ

ပက္ဂြါဒီယိုလာကဂိုးသမားအီဒါဆင္ကိုမန္စီးတီးရဲ႕ပင္နယ္တီကန္သြင္းသူအျဖစ္ေ႐ြးခ်ယ္လာႏိုင္ေၾကာင္း ဝန္ခံေျပာၾကားသြားပါတယ္။

မန္စီးတီးအသင္းဟာၿပီးခဲ့တဲ့ေဘာလုံးရာသီမွစတင္ကာယခုအခ်ိန္အထိပင္နယ္တီ၈ႀကိမ္တိုင္တိုင္လြဲေခ်ာ္ ထားၿပီးျဖစ္ပါတယ္။ေနာက္ဆုံးအႀကိမ္ပင္နယ္တီလြဲခဲ့တာကတနဂၤေႏြေန႔တုန္းကလီဗာပူးႏွင့္ပြဲတြင္အိုင္ေကးဂန္ဒိုဂန္လြဲေခ်ာ္ခဲ့တာပါ။

မန္စီးတီးရဲ႕အဓိကပင္နယ္တီကန္သြင္းသူမ်ားမွာဆာဂ်ီယိုအဂူ႐ိုႏွင့္ကီဗင္ဒီဘ႐ိုင္းတို႔ျဖစ္ၿပီး၎တို႔မွာ ဒဏ္ရာျပႆနာမ်ားေၾကာင့္အနားယူေနရပါတယ္။

အီဒါဆင္မွာယခင္တုန္းကလည္းပင္နယ္တီႏိုင္ေၾကာင္းေျပာၾကားခဲ့ဖူးရာပက္ဂြါဒီယိုလာဟာဘရာဇီးဂိုးသမားကိုပင္နယ္တီကန္သူအျဖစ္ေ႐ြးခ်ယ္လာႏိုင္ပါတယ္။

ဂြါဒီယိုလာက “သူကဂိုးေတြကိုကာကြယ္ႏိုင္တယ္။ကစားဟန္တည္ေဆာက္ေပးတယ္။ၿပီးေတာ့ဘာလုပ္ ႏိုင္မလဲၾကည့္ရပါမယ္။အျခားကစားသမားေတြအေပၚမွာလည္းမူတည္ပါေသးတယ္။ဆာဂ်ီယိုကႀကံ့ခိုင္မႈ မျပည့္ပါဘူး။ကီဗင္ကလည္းပင္နယ္တီကန္ေကာင္းသူပါ။ဒါေပမယ့္သူရွိမေနဘူး။ဘာျဖစ္လာမလဲၾကည့္ ရဦးမယ္။လူစာရင္းအေပၚလည္းမူတည္ပါတယ္။ဒါေပမယ့္သူ႔ကိုလည္းစဥ္းစားလို႔ရတယ္။သူကလည္းပင္ နယ္တီကန္ေကာင္းသူပါ”လို႔ေျပာၾကားခဲ့ဖူးပါတယ္။

ယခင္တုန္းကအီဒါဆင္ကိုယ္တိုင္ကလည္း “ဖရီးကစ္ေတာ့အမ်ားႀကီးမေလ့က်င့္ဖူးဘူး။ပင္နယ္တီေတာ့ အမ်ားႀကီးေလ့က်င့္ဖူးတယ္။ရီဘိုင္ယိုမွာကစားတုန္းကဖရီးကစ္အခ်ိဳ႕ကန္ဖူးတယ္။ဒါေပမယ့္ဒါကလည္း ၾကာခဲ့ပါၿပီ။ပင္နယ္တီကန္ရာမွာအေကာင္းဆုံးျဖစ္ခဲ့ဖူးတယ္။ဒါေပမယ့္ကန္ဖို႔ေ႐ြးခ်ယ္ျခင္းမခံရပါဘူး”လို႔ ေျပာၾကားသြားပါတယ္။