ဂိုးသွင်းအောင်ပွဲခံပြီး ချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ပါလာမိုတိုက်စစ်မှူး

ပါလာမိုတိုက်စစ်မှူးဘက်ပေးဖယ်လာဟာသမိုင်းတစ်လျှောက်အမှတ်ရစရာအကောင်းဆုံးဂိုးသွင်းအောင်ပွဲခံမှုထဲမှတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ပါလာမိုတိုက်စစ်မှူးဟာသူ့ချစ်သူကိုလက်ထပ်ခွင့်တောင်းထားတဲ့စာသားပါအင်္ကျီဖြင့်ဂိုးသွင်းအောင်ပွဲခံမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဖယ်လာဟာစနေနေ့တုန်းကပွန်တင်ဇာနှင့်စီးရီးစီပွဲစဉ်မှာအဖွင့်ဂိုးသွင်းယူခဲ့ပြီးယင်းဂိုးကသူ့ရဲ့ယခုရာသီတတိယမြောက်ဂိုးလည်းဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိတိုက်စစ်မှူးဟာဂိုးသွင်းယူပြီးနောက်အထူးဖန်တီးထားတဲ့အင်္ကျီတစ်ထည်ကိုရယူပြီးကင်မရာရှေ့သို့သွားရောက်ကာကိုင်မြှောက်အောင်ပွဲခံခဲ့ပါတယ်။

အထက်ပါအောင်ပွဲခံမှုကမျက်မှောက်ခေတ်မှာကစားသမားအများစု အောင်ပွဲခံလေ့ရှိတဲ့အောင်ပွဲခံမှုပုံစံဖြစ်ပါတယ်။

ဒါပေမယ့်စာသားကတော့ကွဲပြားပါတယ်။ပါလာမိုတိုက်စစ်မှူးရဲ့အင်္ကျီမှာတော့ “ကိုယ့်ကိုလက်ထပ်နိုင်မလား”ဆိုတဲ့စာသားပါတယ်။

ဒါ့အပြင်သူဟာဒူးထောက်ကာလက်ထပ်လက်စွပ်တစ်ကွင်းကိုလည်းကိုင်ထားခဲ့ပါတယ်။

ယင်းနောက်ချက်ချင်းပင်ပါလာမိုအသင်းအင်စတာဂရမ်အကောင့်တွင်လည်းယင်းဗီဒီယိုဖိုင်တက်လာပြီးချစ်သူမာရီဆာကလက်ခံခဲ့ကြောင်း အတည်ပြုလာပါတယ်။

၎င်းတို့နှစ်ဦးဟာအတူတွဲလာခဲ့တာနှစ်အတန်ကြာမြင့်ပြီဖြစ်ပြီးကလေးတစ်ဦးပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။

ZawGyi








