ဂိုးသွင်းအောင်ပွဲခံမှုကို မူပိုင်ခွင့်ရယူလာတဲ့ ယူနိုက်တက်စတားမားကပ်စ်ရက်ဖို့ဒ်

မန်ချက်စတာယူနိုက်တက်စတားမားကပ်စ်ရက်ဖို့ဒ်ဟာဦးနှောက်ကိုအကောင်းဆုံးအသုံးချပြီးသူ့ရဲ့ဂိုးသွင်းအောင်ပွဲခံမှုကိုမူပိုင်ခွင့်ရယူရန်ကြိုးပမ်းလာပါတယ်။

အသက်၂၅နှစ်ရှိအင်္ဂလန်တိုက်စစ်မှူးဟာဂိုးသွင်းယူပြီးတိုင်း နားထင်ကိုလက်ညှိုးဖြင့်ထောက်ကာအောင်ပွဲခံနေပါတယ်။

သူဟာသူ့ကိုကစားသမားဘဝပြန်လည်နလန်ထူလာအောင်စိတ်ဓာတ်ပိုင်းမြှင့်တင်ပေးတဲ့အဲရစ်တန်ဟက်ကိုလေးစားတဲ့အနေဖြင့်အောင်ပွဲခံနေတာလည်းဖြစ်ပါတယ်။

သူဟာယခုရာသီတွင်ပရီးမီးယားလိဂ်တွင်၉ဂိုးအထိသွင်းယူထားနိုင်ပါတယ်။

လက်ရှိအချိန်တွင်ဘရိုက်တန်တိုက်စစ်မှူးဒန်နီဝဲလ်ဘက်၊နယူးကာဆယ်စတားဂျိုးလင်တန်၊အာဆင်နယ်စတားဘူကာယိုဆာကာတို့ဟာလည်းဂိုးသွင်းအောင်ပွဲခံမှုကိုမူပိုင်ခွင့်ရယူထားပါတယ်။

ယခုအခါမားကပ်စ်ရက်ဖို့ဒ်ဟာသူ့ရဲ့ဂိုးသွင်းအောင်ပွဲခံမှုကိုမူပိုင်ခွင့်ရရှိရေးအတွက် ဗြိတိန်ဥာဏပစ္စည်းမူပိုင်ခွင့်ရုံးသို့လျှောက်ထားလာပါတယ်။

တကယ်လို့များမူပိုင်ခွင့်ရရှိလာမည်ဆိုပါကရက်ဖို့ဒ်ဟာဂိုးသွင်းအောင်ပွဲခံမှုစတိုင်ကို၁၀နှစ်ကြာမူပိုင်ခွင့်ရရှိမှာဖြစ်ပြီးယင်းကိုကွန်ပျူတာဂိမ်းများ၊အားကစားနှင့်သက်ဆိုင်တဲ့ဒီဂျစ်တယ်ဓာတ်ပုံ၊အဝတ်အစား၊ဖိနပ်၊ဖုန်းကာဗာ၊ကျောင်းသုံးစာအုပ်၊စိတ်ဓာတ်မြှင့်တင်ရေးဝန်ဆောင်မှုတို့တွင်အသုံးပြုလာမည်ဆိုပါကမူပိုင်ခွင့်ကြေးပေးလာရပါမယ်။

လက်ရှိအချိန်တွင်မားကပ်စ်ရက်ဖို့ဒ်ရဲ့အောင်ပဲခံမှုမျိုးကိုဘူကာယိုဆာကာနှင့်ဘိုင်ယန်မြူးနစ်စတားဂျိုရှာကမ်မစ်ချ်တို့လည်းအောင်ပွဲခံနေပါတယ်။

ZawGyi

ဂိုးသြင္းေအာင္ပြဲခံမႈကို မူပိုင္ခြင့္ရယူလာတဲ့ ယူႏိုက္တက္စတားမားကပ္စ္ရက္ဖို႔ဒ္

မန္ခ်က္စတာယူႏိုက္တက္စတားမားကပ္စ္ရက္ဖို႔ဒ္ဟာဦးေႏွာက္ကိုအေကာင္းဆုံးအသုံးခ်ၿပီးသူ႔ရဲ႕ဂိုးသြင္းေအာင္ပြဲခံမႈကိုမူပိုင္ခြင့္ရယူရန္ႀကိဳးပမ္းလာပါတယ္။

အသက္၂၅ႏွစ္ရွိအဂၤလန္တိုက္စစ္မႉးဟာဂိုးသြင္းယူၿပီးတိုင္း နားထင္ကိုလက္ညႇိဳးျဖင့္ေထာက္ကာေအာင္ပြဲခံေနပါတယ္။

သူဟာသူ႔ကိုကစားသမားဘဝျပန္လည္နလန္ထူလာေအာင္စိတ္ဓာတ္ပိုင္းျမႇင့္တင္ေပးတဲ့အဲရစ္တန္ဟက္ကိုေလးစားတဲ့အေနျဖင့္ေအာင္ပြဲခံေနတာလည္းျဖစ္ပါတယ္။

သူဟာယခုရာသီတြင္ပရီးမီးယားလိဂ္တြင္၉ဂိုးအထိသြင္းယူထားႏိုင္ပါတယ္။

လက္ရွိအခ်ိန္တြင္ဘ႐ိုက္တန္တိုက္စစ္မႉးဒန္နီဝဲလ္ဘက္၊နယူးကာဆယ္စတားဂ်ိဳးလင္တန္၊အာဆင္နယ္စတားဘူကာယိုဆာကာတို႔ဟာလည္းဂိုးသြင္းေအာင္ပြဲခံမႈကိုမူပိုင္ခြင့္ရယူထားပါတယ္။

ယခုအခါမားကပ္စ္ရက္ဖို႔ဒ္ဟာသူ႔ရဲ႕ဂိုးသြင္းေအာင္ပြဲခံမႈကိုမူပိုင္ခြင့္ရရွိေရးအတြက္ ၿဗိတိန္ဥာဏပစၥည္းမူပိုင္ခြင့္႐ုံးသို႔ေလွ်ာက္ထားလာပါတယ္။

တကယ္လို႔မ်ားမူပိုင္ခြင့္ရရွိလာမည္ဆိုပါကရက္ဖို႔ဒ္ဟာဂိုးသြင္းေအာင္ပြဲခံမႈစတိုင္ကို၁၀ႏွစ္ၾကာမူပိုင္ခြင့္ရရွိမွာျဖစ္ၿပီးယင္းကိုကြန္ပ်ဴတာဂိမ္းမ်ား၊အားကစားႏွင့္သက္ဆိုင္တဲ့ဒီဂ်စ္တယ္ဓာတ္ပုံ၊အဝတ္အစား၊ဖိနပ္၊ဖုန္းကာဗာ၊ေက်ာင္းသုံးစာအုပ္၊စိတ္ဓာတ္ျမႇင့္တင္ေရးဝန္ေဆာင္မႈတို႔တြင္အသုံးျပဳလာမည္ဆိုပါကမူပိုင္ခြင့္ေၾကးေပးလာရပါမယ္။

လက္ရွိအခ်ိန္တြင္မားကပ္စ္ရက္ဖို႔ဒ္ရဲ႕ေအာင္ပဲခံမႈမ်ိဳးကိုဘူကာယိုဆာကာႏွင့္ဘိုင္ယန္ျမဴးနစ္စတားဂ်ိဳရွာကမ္မစ္ခ်္တို႔လည္းေအာင္ပြဲခံေနပါတယ္။