ဂီရောက်ဂိုးထက် ပိုလှပြီးပိုကောင်းတဲ့တဲ့ဘိုင်စကယ်ကစ်ဂိုးကို သွင်းပြခဲ့တဲ့ဒီလီအယ်လီ

ဒီလီအယ်လီဟာမနေ့ညတုန်းကဝုဖ်ဘာဂါနှင့်ပွဲစဉ်တွင်သူ့ရဲ့စပါးစ်ကစားသမားဘဝမှာအလှပဆုံးဂိုးများထဲမှတစ်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

တနင်္ဂနွေနေ့တုန်းကဝက်စ်ဟမ်းကို၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့လန်ဒန်ဒါဘီပွဲစဉ်တွင်ပွဲထွက်ကစားခွင့်မရရှိခဲ့တဲ့အင်္ဂလန် ကွင်းလယ်ကစားသမားဟာမနေ့ညတုန်းကယူရိုပါလိဂ်ပွဲစဉ်မှာတော့ပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။

စပါးစ်ဟာပထမအကျော့တုန်းက၄-၁ဂိုးဖြင့်အနိုင်ရရှိထားခဲ့တာကြောင့်နောက်တစ်ဆင့်သို့တက်ဖို့သေချာသ လောက်အနေအထားမှာရှိနေခဲ့တာပါ။

စပါးစ်ဟာမနေ့ညတုန်းကဒုတိယအကျော့ပွဲစဉ်မှာလည်း၄-၀ဂိုးဖြင့်အနိုင်ရရှိကာနှစ်ကျော့ပေါင်းရလဒ်၈-၁ဖြင့်အနိုင်ရရှိပြီးယူရိုပါလိဂ်၁၆သင်းအဆင့်သို့တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ယခုရာသီမှာမော်ရင်ဟိုရဲ့ပွဲထွက်လူစာရင်းမှာပုံမှန်ပါဝင်နိုင်ဖို့ရုန်းကန်နေရတဲ့ဒီလီအယ်လီဟာပွဲအစ၁၀မိနစ်မှာဘဲ စပါးစ်အတွက်လှပတဲ့ဂိုးကိုသွင်းယူခဲ့ပါတယ်။

ဒီလီအယ်လီဟာပွဲချိန်၁၀မိနစ်မှာညာခြမ်းမှာမက်ဒိုဟာတီပေးပို့လိုက်တဲ့ဘောလုံးကိုတစ်ချက်ထိန်းကာမြောက်တက်လာအောင်လုပ်ပြီးနောက်နောက်ပြန်ကန်ချက်ဖြင့်ကန်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ဝုဖ်ဘာဂါဂိုးသမားဟာပုတ်ထုတ်ဖို့ကြိုးပမ်းပေမယ့်လည်းထောင့်ကျဉ်းထဲသို့ဝင်သွားခဲ့ပါတယ်။

ဘောလုံးပရိသတ်များကဒီလီအလီရဲ့ဘိုင်စကယ်ကစ်ဂိုးကမကြာသေးမီတုန်းကအက်သလက်တီကိုနှင့်ချန်ပီယံလိဂ်ပွဲတွင်ချဲလ်ဆီးတိုက်စစ်မှူးဂီရောက်သွင်းယူခဲ့တဲ့ဂိုးထက်လှပတဲ့အပြင်နည်းစနစ်ပိုင်းပိုမိုကောင်းမွန်တယ်လို့ယုံကြည်နေကြပါတယ်။

ဒီလီအယ်လီဟာစပါးစ်အတွက်ဦးဆောင်ဂိုးနှစ်ဂိုးကိုသွင်းယူခဲ့တဲ့အတွက်ဗီနီစီယပ်စ်နှင့်ဂါရတ်ဘေးလ်တို့ဂိုးသွင်းနိုင်အောင်ဖန်တီးပေးနိုင်ခဲ့ပါတယ်။

စပါးစ်အတွက်ကျန်ဂိုးများကိုဗီနီစီယပ်စ်ကနှစ်ဂိုးနဲ့ဂါရတ်ဘေးလ်ကတစ်ဂိုးအသီးသီးသွင်းယူခဲ့ကြပါတယ်။စပါးစ်ဟာယူရိုပါလိဂ်မှာ၁၆သင်းအဆင့်သို့တက်ရောက်သွားခဲ့ပြီဖြစ်ပေမယ့်ပရီးမီးယားလိဂ်မှာတော့ရုန်းကန်နေရကာ အမှတ်ပေးဇယားအဆင့်၉နေရာသို့အထိရောက်နေပါတယ်။၎င်းတို့ဟာလာမယ့်တနင်္ဂနွေနေ့မှာဘန်လေကိုအိမ် ကွင်းမှာဧည့်ခံကစားရပါမယ်။

ZawGyi

ဂီေရာက္ဂိုးထက္ ပိုလွၿပီးပိုေကာင္းတဲ့တဲ့ဘိုင္စကယ္ကစ္ဂိုးကို သြင္းျပခဲ့တဲ့ဒီလီအယ္လီ

ဒီလီအယ္လီဟာမေန႔ညတုန္းကဝုဖ္ဘာဂါႏွင့္ပြဲစဥ္တြင္သူ႔ရဲ႕စပါးစ္ကစားသမားဘဝမွာအလွပဆုံးဂိုးမ်ားထဲမွတစ္ဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။

တနဂၤေႏြေန႔တုန္းကဝက္စ္ဟမ္းကို၂-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့လန္ဒန္ဒါဘီပြဲစဥ္တြင္ပြဲထြက္ကစားခြင့္မရရွိခဲ့တဲ့အဂၤလန္ ကြင္းလယ္ကစားသမားဟာမေန႔ညတုန္းကယူ႐ိုပါလိဂ္ပြဲစဥ္မွာေတာ့ပြဲထြက္ကစားခြင့္ရရွိခဲ့ပါတယ္။

စပါးစ္ဟာပထမအေက်ာ့တုန္းက၄-၁ဂိုးျဖင့္အႏိုင္ရရွိထားခဲ့တာေၾကာင့္ေနာက္တစ္ဆင့္သို႔တက္ဖို႔ေသခ်ာသ ေလာက္အေနအထားမွာရွိေနခဲ့တာပါ။

စပါးစ္ဟာမေန႔ညတုန္းကဒုတိယအေက်ာ့ပြဲစဥ္မွာလည္း၄-၀ဂိုးျဖင့္အႏိုင္ရရွိကာႏွစ္ေက်ာ့ေပါင္းရလဒ္၈-၁ျဖင့္အႏိုင္ရရွိၿပီးယူ႐ိုပါလိဂ္၁၆သင္းအဆင့္သို႔တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။

ယခုရာသီမွာေမာ္ရင္ဟိုရဲ႕ပြဲထြက္လူစာရင္းမွာပုံမွန္ပါဝင္ႏိုင္ဖို႔႐ုန္းကန္ေနရတဲ့ဒီလီအယ္လီဟာပြဲအစ၁၀မိနစ္မွာဘဲ စပါးစ္အတြက္လွပတဲ့ဂိုးကိုသြင္းယူခဲ့ပါတယ္။

ဒီလီအယ္လီဟာပြဲခ်ိန္၁၀မိနစ္မွာညာျခမ္းမွာမက္ဒိုဟာတီေပးပို႔လိုက္တဲ့ေဘာလုံးကိုတစ္ခ်က္ထိန္းကာေျမာက္တက္လာေအာင္လုပ္ၿပီးေနာက္ေနာက္ျပန္ကန္ခ်က္ျဖင့္ကန္သြင္းယူခဲ့တာလည္းျဖစ္ပါတယ္။ဝုဖ္ဘာဂါဂိုးသမားဟာပုတ္ထုတ္ဖို႔ႀကိဳးပမ္းေပမယ့္လည္းေထာင့္က်ဥ္းထဲသို႔ဝင္သြားခဲ့ပါတယ္။

ေဘာလုံးပရိသတ္မ်ားကဒီလီအလီရဲ႕ဘိုင္စကယ္ကစ္ဂိုးကမၾကာေသးမီတုန္းကအက္သလက္တီကိုႏွင့္ခ်န္ပီယံလိဂ္ပြဲတြင္ခ်ဲလ္ဆီးတိုက္စစ္မႉးဂီေရာက္သြင္းယူခဲ့တဲ့ဂိုးထက္လွပတဲ့အျပင္နည္းစနစ္ပိုင္းပိုမိုေကာင္းမြန္တယ္လို႔ယုံၾကည္ေနၾကပါတယ္။

ဒီလီအယ္လီဟာစပါးစ္အတြက္ဦးေဆာင္ဂိုးႏွစ္ဂိုးကိုသြင္းယူခဲ့တဲ့အတြက္ဗီနီစီယပ္စ္ႏွင့္ဂါရတ္ေဘးလ္တို႔ဂိုးသြင္းႏိုင္ေအာင္ဖန္တီးေပးႏိုင္ခဲ့ပါတယ္။

စပါးစ္အတြက္က်န္ဂိုးမ်ားကိုဗီနီစီယပ္စ္ကႏွစ္ဂိုးနဲ႔ဂါရတ္ေဘးလ္ကတစ္ဂိုးအသီးသီးသြင္းယူခဲ့ၾကပါတယ္။စပါးစ္ဟာယူ႐ိုပါလိဂ္မွာ၁၆သင္းအဆင့္သို႔တက္ေရာက္သြားခဲ့ၿပီျဖစ္ေပမယ့္ပရီးမီးယားလိဂ္မွာေတာ့႐ုန္းကန္ေနရကာ အမွတ္ေပးဇယားအဆင့္၉ေနရာသို႔အထိေရာက္ေနပါတယ္။၎တို႔ဟာလာမယ့္တနဂၤေႏြေန႔မွာဘန္ေလကိုအိမ္ ကြင္းမွာဧည့္ခံကစားရပါမယ္။