ဂျက်ဂရဲလ်လစ်ရှ်ကို ခေါ်ယူရန် မန်ယူ စိတ်ဝင်စားနေဆဲဖြစ်ပြီး ဗီလာက ပေါင်သန်း ၁၀၀ လိုချင်နေ

မန်ယူဟာစက်တင်ဘာလတုန်းကဂျက်ဂရဲလ်လစ်ရှ်အားခေါ်ယူရေးပျက်ပြယ်ခဲ့ရသော်လည်းခေါ်ယူရန်စိတ်ဝင် စားနေဆဲဖြစ်ကြောင်းသိရပါတယ်။

ဗီလာအသင်းခေါင်းဆောင်ဟာယနေ့ညမှာအိုးထရက်ဖို့ဒ်သို့လာရောက်ကာမန်ယူအသင်းနှင့်ရင်ဆိုင်ရပါမယ်။မန်ယူဟာဂျက်ဂရဲလ်လစ်ရှ်ကိုခေါ်ယူလိုတဲ့ထိပ်သီးကလပ်များတွင်ပါဝင်နေပြီးကလပ်များစွာကအလိုရှိနေရာပြောင်းရွှေ့ကြေးမှာလည်းမြင့်မားလာဖို့သေချာနေပါတယ်။

မန်ယူဟာနွေရာသီတုန်းကဗန်ဒီဘိခ်ကိုပေါင်သန်း၄၀ဖြင့်ခေါ်ယူထားရာဂျက်ဂရဲလ်လစ်ရှ်ကိုပေါင်၆၅သန်းထက်ပို ပေးနိုင်မှာမဟုတ်လို့ခေါ်ယူနိုင်ခဲ့ခြင်းမရှိတာလည်းဖြစ်ပါတယ်။

ဂျက်ဂရဲလ်လစ်ရှ်ဟာမန်ယူသို့ရောက်ရန်သေချာသလောက်ရှိတဲ့အနေအထားသို့ရောက်ပြီးမှပျက်ပြယ်ခဲ့တာလည်း ဖြစ်ပါတယ်။ဒါပေမယ့်သူဟာမန်ယူအပြောင်းအရွှေ့ပျက်ပြယ်ပြီးနောက်၂၄နာရီအကြာမှာဗီလာနှင့်ငါးနှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားက “အခြားအသင်းကကစားသမားတွေနဲ့ပတ်သက်ပြီးကျွန်တော်သိပ်မပြောချင်ပါဘူး။ဒါပေ မယ့်သူကကျွန်တော်တို့ရှာနေတဲ့ကစားသမားမျိုးဖြစ်ပါတယ်။သူကဗီလာနဲ့အင်္ဂလန်ကစားသမားဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီတုန်းကသူသွင်းခဲ့တဲ့ဂိုး(မန်ယူဘက်သို့)ကတော်တော်ကောင်းပါတယ်။အခုလာမယ့်ပွဲကခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်လာပါမယ်”လို့ပြောကြားသွားပါတယ်။

ဗီလာဟာလာမယ့်နွေရာသီမှာဂျက်ဂရဲလ်လစ်ရှ်ကိုဆုံးရှုံးရရန်သေချာသလောက်ရှိနေပြီးပြောင်းရွှေ့ကြေးပေါင်သန်း၁၀၀အထိရရှိလိုနေပါတယ်။

ZawGyi

ဂ်က္ဂရဲလ္လစ္ရွ္ကို ေခၚယူရန္ မန္ယူ စိတ္ဝင္စားေနဆဲျဖစ္ၿပီး ဗီလာက ေပါင္သန္း ၁၀၀ လိုခ်င္ေန

မန္ယူဟာစက္တင္ဘာလတုန္းကဂ်က္ဂရဲလ္လစ္ရွ္အားေခၚယူေရးပ်က္ျပယ္ခဲ့ရေသာ္လည္းေခၚယူရန္စိတ္ဝင္ စားေနဆဲျဖစ္ေၾကာင္းသိရပါတယ္။

ဗီလာအသင္းေခါင္းေဆာင္ဟာယေန႔ညမွာအိုးထရက္ဖို႔ဒ္သို႔လာေရာက္ကာမန္ယူအသင္းႏွင့္ရင္ဆိုင္ရပါမယ္။မန္ယူဟာဂ်က္ဂရဲလ္လစ္ရွ္ကိုေခၚယူလိုတဲ့ထိပ္သီးကလပ္မ်ားတြင္ပါဝင္ေနၿပီးကလပ္မ်ားစြာကအလိုရွိေနရာေျပာင္းေ႐ႊ႕ေၾကးမွာလည္းျမင့္မားလာဖို႔ေသခ်ာေနပါတယ္။

မန္ယူဟာေႏြရာသီတုန္းကဗန္ဒီဘိခ္ကိုေပါင္သန္း၄၀ျဖင့္ေခၚယူထားရာဂ်က္ဂရဲလ္လစ္ရွ္ကိုေပါင္၆၅သန္းထက္ပို ေပးႏိုင္မွာမဟုတ္လို႔ေခၚယူႏိုင္ခဲ့ျခင္းမရွိတာလည္းျဖစ္ပါတယ္။

ဂ်က္ဂရဲလ္လစ္ရွ္ဟာမန္ယူသို႔ေရာက္ရန္ေသခ်ာသေလာက္ရွိတဲ့အေနအထားသို႔ေရာက္ၿပီးမွပ်က္ျပယ္ခဲ့တာလည္း ျဖစ္ပါတယ္။ဒါေပမယ့္သူဟာမန္ယူအေျပာင္းအေ႐ႊ႕ပ်က္ျပယ္ၿပီးေနာက္၂၄နာရီအၾကာမွာဗီလာႏွင့္ငါးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားက “အျခားအသင္းကကစားသမားေတြနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္သိပ္မေျပာခ်င္ပါဘူး။ဒါေပ မယ့္သူကကြၽန္ေတာ္တို႔ရွာေနတဲ့ကစားသမားမ်ိဳးျဖစ္ပါတယ္။သူကဗီလာနဲ႔အဂၤလန္ကစားသမားျဖစ္ပါတယ္။ၿပီးခဲ့တဲ့ရာသီတုန္းကသူသြင္းခဲ့တဲ့ဂိုး(မန္ယူဘက္သို႔)ကေတာ္ေတာ္ေကာင္းပါတယ္။အခုလာမယ့္ပြဲကခက္ခဲတဲ့ပြဲတစ္ပြဲ ျဖစ္လာပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဗီလာဟာလာမယ့္ေႏြရာသီမွာဂ်က္ဂရဲလ္လစ္ရွ္ကိုဆုံးရႈံးရရန္ေသခ်ာသေလာက္ရွိေနၿပီးေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၀၀အထိရရွိလိုေနပါတယ္။