ဂျက်ဂရဲလ်လစ်ရှ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် မန်စီးတီး ခေါ်ယူသွားမည်

ဂျက်ဂရဲလ်လစ်ရှ်ဟာအင်္ဂလိပ်ဘောလုံးလောကရဲ့ပထမဆုံးပေါင်သန်း၁၀၀တန်ကစားသမားဖြစ်လာတော့မှာဖြစ်ကြောင်းသိရပါတယ်။ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ဗီလာအသင်းခေါင်းဆောင်ဂျက်ဂရဲလ်လစ်ရှ်ကိုအပြောင်းအရွှေ့နံပါတ်တစ်ပစ်မှတ်အဖြစ်သတ်မှတ်ထားပါတယ်။

အသက်၂၅နှစ်ရှိအင်္ဂလန်လက်ရွေးစင်ကစားသမားကိုယခုနွေရာသီတွင်မန်ယူနှင့်မန်စီးတီးတို့ကအဓိကပစ်မှတ်ထားနေကြပါတယ်။

ဒါပေမယ့်မန်စီးတီးဟာဂျက်ဂရဲလ်လစ်ရှ်ကိုဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန်ကမ်းလှမ်းဖို့စီစဉ်နေမှုနဲ့အတူမန်ယူကိုနောက်ကောက်ချနိုင်ဖို့သေချာနေပါတယ်။

လက်ရှိအချိန်တွင်ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ်၂၀၁၆ခုနှစ်တုန်းကမန်ယူကပေါလ်ပေါ့ဘာအားပေါင်၈၉သန်းဖြင့်ခေါ်ယူမှုကရပ်တည်နေပါတယ်။မန်စီးတီးဟာပြီးခဲ့တဲ့နွေရာသီတုန်းကကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေးတဲ့အနေဖြင့်ရူဘင်ဒိုင်ယက်စ်အားပေါင်၆၄သန်းဖြင့်ခေါ်ယူခဲ့ပါတယ်။

ဂျက်ဂရဲလ်လစ်ရှ်ဟာယခုနွေရာသီမှာဗီလာအတွက်ပရီးမီးယားလိဂ်မှာ၆ဂိုးသွင်းကာ၁၀ကြိမ်ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

ZawGyi

ဂ်က္ဂရဲလ္လစ္ရွ္ကို ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ မန္စီးတီး ေခၚယူသြားမည္

ဂ်က္ဂရဲလ္လစ္ရွ္ဟာအဂၤလိပ္ေဘာလုံးေလာကရဲ႕ပထမဆုံးေပါင္သန္း၁၀၀တန္ကစားသမားျဖစ္လာေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။ပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ဗီလာအသင္းေခါင္းေဆာင္ဂ်က္ဂရဲလ္လစ္ရွ္ကိုအေျပာင္းအေ႐ႊ႕နံပါတ္တစ္ပစ္မွတ္အျဖစ္သတ္မွတ္ထားပါတယ္။

အသက္၂၅ႏွစ္ရွိအဂၤလန္လက္ေ႐ြးစင္ကစားသမားကိုယခုေႏြရာသီတြင္မန္ယူႏွင့္မန္စီးတီးတို႔ကအဓိကပစ္မွတ္ထားေနၾကပါတယ္။

ဒါေပမယ့္မန္စီးတီးဟာဂ်က္ဂရဲလ္လစ္ရွ္ကိုၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူရန္ကမ္းလွမ္းဖို႔စီစဥ္ေနမႈနဲ႔အတူမန္ယူကိုေနာက္ေကာက္ခ်ႏိုင္ဖို႔ေသခ်ာေနပါတယ္။

လက္ရွိအခ်ိန္တြင္ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးအျဖစ္၂၀၁၆ခုႏွစ္တုန္းကမန္ယူကေပါလ္ေပါ့ဘာအားေပါင္၈၉သန္းျဖင့္ေခၚယူမႈကရပ္တည္ေနပါတယ္။မန္စီးတီးဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပးတဲ့အေနျဖင့္႐ူဘင္ဒိုင္ယက္စ္အားေပါင္၆၄သန္းျဖင့္ေခၚယူခဲ့ပါတယ္။

ဂ်က္ဂရဲလ္လစ္ရွ္ဟာယခုေႏြရာသီမွာဗီလာအတြက္ပရီးမီးယားလိဂ္မွာ၆ဂိုးသြင္းကာ၁၀ႀကိမ္ဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။