ဂျက်ဂရဲလ်လစ်ရှ်အား ခေါ်ယူရန် မန်စီးတီး ရေပန်းအစားဆုံးဖြစ်နေ
မန်စီးတီးဟာယခုနွေရာသီတွင်ဗီလာအသင်းခေါင်းဆောင်နှင့်အင်္ဂလန်စတားဂျက်းရဲလ်လစ်ရှ်အားခေါ်ယူရန်ရေပန်းအစားဆုံးဖြစ်နေကြောင်းသိရပါတယ်။
ဂျက်ဂရဲလ်လစ်ရှ်ဟာလက်ရှိအချိန်တွင်အင်္ဂလန်အသင်းနှင့်အတူယူရို၂၀၂၀ပြိုင်ပွဲယှဉ်ပြိုင်နေပါတယ်။
သူဟာယူရို၂၀၂၀ပြိုင်ပွဲအပြီးမှာအနာဂတ်နှင့်ပတ်သက်ပြီးဆုံးဖြတ်သွားရမှာလည်းဖြစ်ပါတယ်။
မန်စီးတီးဟာကလပ်တွင်သာမကအင်္ဂလန်အသင်းတွင်လည်းအရေးပါတဲ့ကစားသမားဖြစ်လာတဲ့ဂျက်ဂရဲလ်လစ်ရှ်ရဲ့တိုးတက်မှုအပေါ်မျက်ကွယ်မပြုနိုင်ဘဲအခြားကလပ်များထက်လက်ဦးမှုရယူရန်ဆုံးဖြတ်ထားပါတယ်။
မန်စီးတီးနည်းပြဂွါဒီယိုလာကိုယ်တိုင်ကလည်းဂျက်ဂရဲလ်လစ်ရှ်မှာပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကွင်းလယ်ဖန်တီးရှင်များထဲမှတစ်ဦးဖြစ်ကြောင်းဖွင့်ဟထားပါတယ်။
မန်စီးတီးဟာဗီလာအသင်းခေါင်းဆောင်ဂျက်ဂရဲလ်လစ်ရှ်အပြင်စပါးစ်နှင့်အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းကိုလည်းပေါင်သန်း၁၀၀ဖြင့်ခေါ်ယူရန်ကြိုးပမ်းနေပါတယ်။
အသက်၂၅နှစ်ရှိဂျက်ဂရဲလ်လစ်ရှ်ဟာပြီးခဲ့တဲ့နှစ်တုန်းကမှဗီလာနှင့်စာချုပ်သစ်ချုပ်ဆိုခဲ့သူဖြစ်ပြီးစာချုပ်သက်တမ်းမှာ၂၀၂၅ခုနှစ်မှကုန်ဆုံးပါမယ်။
ဗီလာဟာဂျက်ဂရဲလ်လစ်ရှ်ကိုတစ်ပတ်လုပ်ခပေါင်၂သိန်းနီးပါးအထိတိုးပေးကာတစ်နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုရန်စီစဉ်ထားပါတယ်။
ဗီလာဟာဂျက်ဂရဲလ်လစ်ရှ်ဘက်ကအသင်းပြောင်းခွင့်တောင်းလာကာရောင်းချရပါကလည်းအစားထိုးနိုင်ရန်အတွက်နော့ဝှစ်ချ်မှတောင်ပံတိုက်စစ်သမားအီမီဘူအန်ဒီယာကို ခေါ်ယူအားဖြည့်ထားပြီးဖြစ်ပါတယ်။
လက်ရှိအချိန်တွင်ဂျက်ဂရဲလ်လစ်ရှ်ဟာဗီလာတွင်ဆက်နေရာ၄/၅ ဖြင့်လောင်းကြေးဖွင့်ခြင်းခံထားရပါတယ်။အကယ်၍ဂျက်ဂရဲလ်လစ်ရှ်သာအသင်းပြောင်းမည်ဆိုပါကမန်စီးတီးသို့ပြောင်းရန်၁၀/၁၁ဖြင့်လောင်းကြေးဖွင့်ခံထားရပါတယ်။
ဂျက်ဂရဲလ်လစ်ရှ် ပြောင်းနိုင်တဲ့အသင်းများအဖြစ် မန်ယူ၂၅/၁၊ချဲလ်ဆီး၂၅/၁၊အာဆင်နယ်၃၃/၁၊လီဗာပူး၃၃/၁နှင့်စပါးစ်၄၀/၁ဖြင့်ကြေးဖွင့်ခံထားရပါတယ်။
ZawGyi
ဗီလာဟာဂျက်ဂရဲလ်လစ်ရှ်ဘက်ကအသင်းပြောင်းခွင့်တောင်းလာကာရောင်းချရပါကလည်းအစားထိုးနိုင်ရန်အတွက်နော့ဝှစ်ခ်ျမှတောင်ပံတိုက်စစ်သမားအီမီဘူအန်ဒီယာကို ခေါ်ယူအားဖြည့်ထားပြီးဖြစ်ပါတယ်။